Monday, May 30, 2016

အာဏာရှင် စနစ်အောက်မှသည် ဖက်ဒရယ်စနစ်ဆီသို့


ဝင်းဇော်နိုင်

မြန်မာနိုင်ငံအတွင်းမှာ  တိုင်းရင်းသားအားလုံး ပူးပေါင်းနေထိုင်မှသာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်မယ်ဆိုတာကိုလွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံခေါင်းဆောင်များနဲ့ မြန်မာပြည်
တွင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံး နားလည်ခဲ့ကြပါတယ်၊ ဒါကြောင့်လည်း လွတ်လပ်ရေးရယူစဉ်မှာ တောင်ပေါ်မြေပြန့် အားလုံးစည်းလုံးညီညွတ်တဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပြတဲ့အနေနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။

ပင်လုံစာချုပ်မှသည် ဖက်ဒရယ်စနစ်ကို သွားချင်ကြပေမယ့် မြန်မာ့နိုင်ငံရေး ကမောက်ကမတွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ကြရပါတယ်၊ တိုင်းရင်းသားတွေ လက်နက်ဆွဲကိုင် တိုက်ပွဲဝင်ရတဲ့ အခြေအနေအထိ ပြည်တွင်းစစ်မီးကြီး တဖွားဖွားတောာက်လောင်ခဲ့တာဟာ ဒီကနေ့တိုင် မပြီးဆုံးသေးပါဘူး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိနေရမယ့်အခြေအနေမှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် တောင်ပေါ်မြေပြန့်နေ တိုင်းရင်းသားပြည်သူများမှာလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

Thursday, May 26, 2016

စည်းလုံးမှ ညီညာမယ် ညီညာမှ ပြည်သာမယ်

ဝင်းဇော်နိုင်





၂၀၁၅ ရွေးကောက်ပွဲအပြီးတိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပေါင်းစည်းရေးအသံတွေ ပြန်ကြားလာရပါတယ်၊ ရွေးကောက်ပွဲမတိုင်ခင် ပေါင်းစည်းရေး လုပ်ဖို့ကြိုးစားခဲ့မှုတွေကလည်း တိုင်းရင်းသားပါတီအချို့ ပြုလုပ်ခဲ့ကြပါတယ်၊ အခုတစ်လောကြားနေရာတာက ကရင်တိုင်းရင်းသားပါတီတွေနဲ့ ချင်းတိုင်းရင်းသားပါတီတွေ ကချင်တိုင်းရင်းသားပါတီတို့ ပေါင်းစည်းရေးအတွက် စကားတွေ ပြောနေကြပါတယ်။
ရွေးကောက်ပွဲအတွင်းမှာ တိုင်းရင်းသားပါတီတွေများနေတာကြောင့် ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ဘယ်ပါတီကိုမဲထည့်ရမလဲဆိုတာမျိုး ဝေခွဲမရတာတွေရှိခဲ့တာကြောင့် ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားပါတီ တွေ မထည့်ဘဲ တစ်နိုင်ငံလုံးကို အင်အားခြုံပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရွေးချယ်မှုတွေကို မဲဆန္ဒရှင် တိုင်းရင်းသားတွေက ပြုလုပ်ခဲ့ကြပါတယ်။

ဒီနယ်မြေတွေ မငြိမ်းချမ်းရင်လည်း မြန်မာနိုင်ငံက ငြိမ်းချမ်း တယ်လို့ မခေါ်နိုင်ဘူး။

ငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သတ်သည့် အကြောင်းအရာများနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်ရေးနှင့် ပတ်သတ်၍ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် အစိုးရဘက်မှFacilitator အဖြစ် ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ နိုင်ငံရေးဆွေးနွေးပွဲ ဌာန ဒါရိုက်တာ ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ကောက်နှုတ်ဖော်ပြ အပ်ပါသည်။






ဝင်းဇော်နိုင်
မေး ။ ပထမအကြိမ်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ အားသာချက် အားနည်းတွေက ဘာတွေဖြစ်မလည်း သိချင်ပါတယ်ခင်ဗျ ပြောပြပေးပါ ။
ဖြေ ။ အားသာချက်တွေကတော့ အများကြီးပဲဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်မို့လား အဲဒါဘာလည်းဆိုတော့ နိုင်ငံရေး ယဉ်ကျေးမှုသစ်ပေါ့ဗျာ တွေ့ဆုံဆွေးနွေးမယ် ညှိနှိုင်းမယ် တစ်ယောက်နဲ့ တစ်ယောက် သဘောထားမတူရင်လည်း သဘောထားတွေကို လေးစားမယ် အကြမ်းမဖက်ဖို့ဆိုတဲ့ဟာပေါ့၊ အဲဒီကိစ္စက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တွေ့ရတာပေါ့။ ဆိုလိုတာကတော့ အရင်တုန်းက ရန်သူဟောင်းတွေပေါ့ဗျာ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမြင်သဘောထား မတူတဲ့ လူ (၇၀၀) ဟာ တစ်နေရာထဲမှာ လာပြီးတော့ ပထမဦးဆုံးအကြိမ် ဖက်ဒရယ်စနစ်ကိုပဲ ဖြစ်စေ၊ လုံခြုံရေး ကိစ္စပဲ ဖြစ်စေ၊ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်များကို လွတ်လပ်ပွင့်လင်းစွာ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးခွင့်ရတယ်ပေါ့။ ဒါဟာ ကျွန်တော်တို့ သမိုင်းမှာ ပထမဦးဆုံးဖြစ်တယ်လို့လည်း ပြောလို့ရတယ်။

တစ်ယောက်နဲ့တစ်ယောက်က ရန်မမူကြဘူး၊ စားပွဲဝိုင်းထဲမှာလည်း တရားဝင် ဆွေးနွေးသလို ငြိမ်းချမ်းရေးညီလာခံကို ထွက်ကြည့်လိုက်လို့ ရှိရင် အပြင်မှာလည်းဘဲ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြော ဆေးလိပ်တွေသောက် ကော်ဖီအတူသောက် ထမင်းအတူစား စသဖြင့် ဒီဟာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖက်ဒရယ်စနစ်အတွက် အင်မတန်လိုအပ်တဲ့ ရင်နှီးမှုတွေပဲ ဆိုတော့ ဒီငြိမ်းချမ်းရေးညီလာခံကြီးက အရမ်းကောင်းတယ်ပေါ့ဗျာ။

 မေး ။ ငြိမ်းချမ်းရေးညီလာခံကြီးမှာ အားနည်းချက်တွေကကော ဘာတွေ တွေ့ရလည်းခင်ဗျ။

 ဖြေ ။ အားနည်းချက်ကတော့ အချိန်ကသိပ်မရှိဘူးဗျ၊ ဘာလို့ဆို ကျွန်တော်တို့ အချိန်မရှိဘူးဆိုတာ ရက် (၉၀) အတွင်းမှာ လုပ်ရမယ်ဆိုတာက တိုင်းရင်းသားတွေက ယုံကြည်မှု မရှိတဲ့အပေါ်မှာ စိုးရကဆီက တောင်းဆိုတာကို အစိုးရက တုန့်ပြန်တာ အဲဒီတော့ ရက် (၉၀) အတွင်းမှာ မရ ရအောင်လုပ်ရတာ ဖြစ်တဲ့အတွက် အချို့မှာ လိုအပ်ချက်တွေရှိသွားတာ၊ ဆွေးနွေးတဲ့ ကိစ္စတွေမှာ တစ်ချို့ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်ဘူးပေါ့လေ၊ ဘာဖြစ်လို့ဆို အချိန်က (၅) ရက်ဘဲ ရတာကိုး၊ ပြင်ဆင်မှုတွေလည်း နည်းနည်းလေး လိုသွားတာပေါ့နော်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကို

ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် ရတယ် ၂၀၀၈ နဲ့လည်းရတယ်၊ တစ်ကယ်လုပ်ကြဖို့ပဲလိုတာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားအရေးကိစ္စများနှင့် ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွင်းရေးမှူး ဦးဥာဏ်ဝင်းနှင့် ဖက်ဒရယ်ဂျာနယ်တို့ တွေ့ဆုံမေးမြန်းထားသည်များကိုကောက်နှုတ်ဖော်ပြအပ်ပါသည်။ 
ဝင်းဇော်နိုင်
မေး၊ ရွေးကောက်ပွဲအနိုင်ရရှိပြီး NLD ပါတီအနေနဲ့ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးကိစ္စများနဲ့ ပတ်သတ်ပြီးဘာတွေလုပ်ဆောင်ဖို့ရှိလဲဆိုတာသိချင်ပါတယ်။
ဖြေ ၊ ကျွန်တော်တို့ ငြိမ်းချမ်းရေးကိစ္စကိုအရင်စပြောရရင် MPC ကလုပ်နေတဲ့ ငြိမ်းချမ်းရေးတွေကိုလည်းတစ်စိတ်တစ်ပိုင်း ကျွန်တော်တို့ သွားပါတယ်။ အဲနောက်ပိုင်းမှာ ကျွန်တော်တို့ ပါတီအဖွဲ့ချုပ် ဥက္ကဌကလည်းပြောပါတယ် ငြိမ်းချမ်းရေးကမရှိမဖြစ် လိုအပ်ချက်။ ဒါမှ မရှိလို့ရှိရင် ဒီမိုကရေစီရောတိုးတက်ဖွံ့ဖြိုးရေးရောနှောင့်နှေးနိုင်တယ် အဲဒါကြောင့် ငြိမ်းချမ်းရေးကဆက်လုပ်ရမယ်။ ဆက်လုပ်မယ်ဆိုပေမယ့် အခုချိန်ထိဘာလုပ်မလဲလို့ ထုတ်ပြောလို့ မရသေးဘူး၊ ကျွန်တော်တို့လည်း အစိုးရမဖြစ်သေးဘူး၊ အစိုးရဖြစ်တဲ့အခါမှာဖွဲ့မယ်။ သေချာတာက ငြိမ်ချမ်းရေးမှာ သူများလုပ်ထားတဲ့ ဟာကိုလည်း အသိအမှတ်ပြုမယ်၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုလည်းရှိကောင်းရှိမယ် ဒီလောက် ပဲပြောလို့ရပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စတွေကိုဆက်ပြီးတော့လည်း လုပ်မယ်ဆို တာတော့သေချာပါတယ်။
မေး၊ NLD က ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့အတွက် အခုဆိုရင် လွှတ်တော် အသီးသီးက ကိုယ်စား လှယ်တွေလည်းလွှတ်တော်တက်နေကြပါပြီ၊ လွှတ်တော်ထဲမှာဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၆ ခုနှစ် အတွင်းမှာ တစ်နှစ်အတွင်း ဘယ်လောက် အတိုင်းအတာ ထိလုပ်နိုင်မယ်လို့ ခန့်မှန်းထားလဲခင်ဗျ။
ဖြေ ၊ ကျွန်တော်တို့ကလေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးက အခုလုပ်လို့ရရင် အခု လုပ်ချင် တယ်။ ဘာလို့လဲဆိုတော့ ဒီမှာဒီမိုကရေစီနည်းလမ်းမကျတာတွေ အများကြီးဖြစ်နေတယ်၊ အဲတော့

ဝမ်းနည်းခြင်းတွေကို မာန်တင်းထားရတဲ့ မိခင်တွေ

ဝင်းဇော်နိုင် 
တစ်ပေါက်တည်းသော အဝင်အထွက်ပြုလုပ်ရာ တံခါးမကြီးဘက်ကို အင်္ကျီအနီရောင်ဝတ်ထားတဲ့ အသားညိုညို အရပ်မနိမ့်မမြင့်နဲ့ ဒေါ်မြင့်မြင့်သန်းက ခပ်တည်တည်မျက်နှာထားနဲ့ မကြာခဏ စိုက်ကြည့်နေတာ တွေ့ရပါတယ်။ အသက် ၅၉ နှစ်အရွယ် သူမကတော့ သားကြီး နန္ဒာကို တွေ့ချင်နေတာ ဖြစ်ပါတယ်၊ သာယာဝတီအကျဉ်းထောင်ကနေ ရန်ကုန်မြို့ကို အမှုရင်ဆိုင်ဖို့ လာတဲ့ သားနဲ့တွေ့ဖို့ တရားရုံးအပေါက်ဝနဲ့တန်းတန်းက ထိုင်ခုံကနေ မရောက်လာသေးတဲ့ သားကို မျှော်လင့်နေခြင်းပဲ ဖြစ်ပါတယ်။




"ရောက်တော့မယ် ပြောတယ်၊ သားကြီးလာရင်စားဖို့ ထမင်းပေါင်းဝယ်ထားတယ်၊ သားကြီးက ငယ်ငယ်ကဆိုရင် ထမင်းပေါင်းအရမ်းကြိုတ်တာလေ " ဟု ကိုနန္ဒာစစ်အောင်၏ မိခင် ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။

စတုတ္ထမဏ္ဍိုင်ကို လက်ခံနိုင်တယ်လို့ သူတို့ပြောတဲ့ စကားလုံးကို ကျွန်တော်ကတော့ လက်ခံစရာ အကြောင်းကို မရှိဘူး

တိုင်းရင်းသားသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သတ်ပြီး ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း (Yangon Journalism School) တည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးနှင့်တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။
ဝင်းဇော်နိုင် 
မေး ။ တိုင်းရင်းသားသတင်းမီဒီယာတွေ ဆက်လက်ခိုင်မာအောင် လုပ်ဆောင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလည်းဆရာ။




ဖြေ။ အခုကတော့ တိုင်းရင်းသားမီဒီယာတွေက ရှိတော့ ရှိနေတာပေါ့ဗျာ၊ ဒါပေမယ့် ဈေးကွတ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေကတော့ တွေ့နေရတယ်၊ တိုင်းရင်းသား မီဒီယာမှ မဟုတ်ပါဘူး တိုင်းရင်းသားဒေသမဟုတ်တဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းလိုနေရာမျိုးတွေနဲ့ အခြားတိုင်းနဲ့ပြည်နယ်အချို့မှာ ရှိတဲ့ သတင်းဂျာနယ်တွေဟာ ဈေးကွတ်မှာ ရပ်တည်ဖို့ ခတ်ခဲတဲ့ အခြေအနေမှာရှိတယ်။ တိုင်းရင်းသားမီဒီယာအနေနဲ့ ပြောမယ်ဆိုရင်တော့ အခတ်အခဲတွေထဲမှာ ဘာသာစကားအခတ်အခဲကလည်း ကြီးကြီးမားမားရှိတယ်။ တိုင်းရင်းသား ပြည်နယ်တစ်ခုတည်းမှာကိုက မတူညီတဲ့ ဘာသာစကားတွေ သုံးနေကြတာရှိတယ်။ အခုအချိန်မှာတော့ မြန်မာဘာသာစကားကို အခြေခံပြီး အသုံးချနေတယ်ဆိုတော့ တစ်ကယ်တမ်းမှာ မြန်မာဘာသာစကားအခတ်အခဲရှိတဲ့ စာဖတ်ပရိတ်သတ်တွေ ရေဒီယိုသောတရှင်တွေအတွက်က အများကြီးအခတ်အခဲရှိတယ်။

 တစ်ကယ်တော့ လူတိုင်းက သတင်းအချက်အလက် လိုတာပဲ။ သတင်းအချက်အလက်ရမှဘဲ ကိုယ့်မိသားစုအတွက် လုပ်ငန်းကိုင်ငန်းအတွက် ဆုံးဖြတ်ချက်ချနိုင်မယ်။ ဥပမာ

၂၀၁၄ အပိုင်းအစများနဲ့ မိဘပြည်သူများခင်ဗျာ

  "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီမှာတော့ ဖြစ်ခဲ့တဲ့အပိုင်းအစလေးများကိုကြည့်ရင် ပွင့်လင်းမြင်သားမှုမရှိ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိ၊ တရားဥပဒေစိုးမိုးရေးမရှိ၊ ဘာဆိုဘာမှမရှိဘဲ လူတစ်စုကဖြစ်ချင်တာကို လုပ်ချင်သလိုလုပ်နေတာပဲတွေ့ရမှာ ဖြစ်ပါတယ်"

ဝင်းဇော်နိုင်
        
၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ ခုနှစ်အကူး ရက်ပိုင်းမျှအလို ဒီဇင်ဘာ၂၂ရက်နေ့က လက်ပံတောင်းတောင်ဒေ သ လိပ်ခွံတောင်အနီးမှာ ခြံစည်းရိုးကာရာမှစတင်ပြီးဖြစ်ပွားသော ပြဿနာကို သေနတ်ဖြင့်  ပစ်ခတ်ဖြေရှင်းလိုက်သောကြောင့် တောင်သူဒေါ်ခင်ဝင်းဟာသေနတ်မှန်ပြီး သွေးအိုင်ထဲမှာပဲ အသက်ဆုံးရှုံး သွားသောပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပါတယ်။ မြင်ရသူ လူတကာမှာ စိတ်နှလုံးမချမ်းမြေ့စွာဖြင့် ဒီမိုကရေစီအစိုးရလို့ပြောပြောနေသောပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကို ပြည်သူကိုသတ်သောအစိုးရဟူ၍ အပြစ်တင်သံများ၊ စစ်အာဏာရှင်လုပ်ရပ်များဟူ၍ ပွက်လောရိုက်ခတ်သွားပါတော့တယ်။

''စစ်ရေးနည်းနဲ့တိုက်ခိုက်ဖြေရှင်းနေတာ အခု ၆၅ နှစ်ကျော်လာပြီ၊ ဘယ်အဖွဲ့မှ ပြုတ်သွားတယ်ဆိုတာ မရှိဘူး''


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင် ဦးနိုင်ဟံသာနှင့် တွေ့ဆုံခြင်း

ဝင်းဇော်နိုင်

အပစ်အခတ်ရပ်စဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်ဖြစ်သူ ဦးနိုင်ဟံသာကို venus news weekly  မှမေးမြန်းထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

Venusး  နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးအတွက် ဘာတွေကိုအဓိကထား ပြင်ဆင်ထားလဲဆိုတာ သိချင်ပါတယ်။

UNHT :  ပြင်ဆင်ထားတာက လိုင်ဇာမှာ သဘောတူညီထားတဲ့အချက်အလက်တွေကို မြစ်ကြီးနားမှာတွေ့ကြတော့ အန်ကယ်  တို့တင်ပြထားတဲ့ စာတမ်းက အချက် အလက်တွေက  ခေါင်းစဉ်လောက်ပဲ  ရှိ တယ်။ အချက်အလက်အပြည့်အစုံမဟုတ် သေးဘူး။ အဲဒါတွေကိုပြန်လည်ဖြည့်စွက် ရေးတယ်။ အချို့အချက်လေးတွေကို နည်း နည်းလေးပြင်ဆင်ရေးသားတာပေါ့။ အဲဒါတွေ လုပ်ထားပါတယ်။

Venusး   အစိုးရကအပစ်အခတ်ရပ်စဲ  ရေးလုပ်ချင်တယ် ပြောတယ်ခင်ဗျ။ယခု အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက လုပ်ဆောင်နေတာတွေအပေါ် အားရကျေနပ်မှုရှိရဲ့လား။

UNHT :   အန်ကယ်တို့လည်းအခက်အခဲ ရှိတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ လေ။ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့လိုင်ဇာမှာ အစည်းအဝေးမလုပ်သေးခင် သုံးလေးရက်လောက်မှာ ဏြဃ ကနေပြီး တော့မှ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုလွှာတစ်စောင်ရောက်လာ တယ်ဗျ။ အဲဒီအပေါ်မှာ အခြေခံပြီးတော့  လိုင်ဇာအစည်းအဝေးမှာသုံးသပ်ကြတယ်။ အဲဒီအပေါ်မှာ
မြေနီကုန်းလှုပ်ရှားမှုမှစတင်ပေါ်ပေါက်လာသည့် အမည်မသိမျက်နှာဖုံးစွပ်လူငယ်များ (Anonymous - Burma) ၏နိုင်ငံရေးရည်မှန်းချက်များ၊ လက်ရှိအစိုးရအပေါ် သဘောထားများကို အဖွဲ့ဝင် တစ်ဦးနှင့်မေးမြန်းထားသည်များကို ကောက်နှုတ်တင်ပြအပ်ပါသည်။

ဝင်းဇော်နိုင်

Venus ။အစ်ကိုတို့အဖွဲ့ရဲ့အမည်နဲ့ လှုပ်ရှားပြီးတာတွေကိုသိချင်ပါတယ်ခင်ဗျ။

AB ။ ကျွန်တော်တို့ကအဖွဲ့ရယ်လို့မဟုတ်ပါဘူးဗျ။ အင်အားစုပေါ့။ Anonymous - Burma လို့အမည်
တပ်ထားပါတယ်။ မြန်မာလိုကတော့ အမည်မသိမျက်နှာဖုံးစွပ်လူငယ်များပါ။ကျွန်တော်တို့လှုပ်ရှားပြီး
တာက ၁၉ရက်၁၀လပိုင်းတုန်းက ၁၉/၁၀ လှုပ်ရှားမှုဆိုပြီးတော့လုပ်တယ်။ အဓိကတော့စစ်အုပ်ချုပ်ရေးနဲ့ စစ်အုပ်ချုပ်ပညာရေးဆိုပြီးတော့ စစ်အုပ်ချုပ်ရေးဖျက်သိမ်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ မြေနီကုန်းကစတင်လှုပ်ရှား
ခဲ့ပါတယ်။ နောက်ပြီးတော့ ရွှေဂုံတိုင်မှာ လူထုတော်လှန်ရေးစတင်တော့ဆိုပြီးထပ်လှုပ်ရှားခဲ့တယ်။ နယ်
တွေမှာတော့ ကျောင်းနံရံတွေလူသွားလမ်းတွေမှာ ဆေးမှုတ်ပြီး စစ်အုပ်ချုပ်ရေးနဲ့စစ်အုပ်ချုပ်ပညာရေးအလို
မရှိဆိုတာတွေ လှုပ်ရှားတာရှိပါတယ်။ ဒါမျိုးတွေကရန်ကုန်၊ တောင်ငူ၊ ပျဉ်းမနားမှာလှုပ်ရှားထားတယ်။


Venus ။အခုလိုလှုပ်ရှားဖို့ စိတ်ကူးတွေ ဘယ်လိုရခဲ့ကြတာလဲခင်ဗျ။

AB ။လက်ရှိနိုင်ငံရေးအခြေအနေကတော့ ဒီအတိုင်းသွားနေလို့မဖြစ်ဘူး။ အခုအပြောင်းအလဲလို့ပြောနေ
တာကလည်း စစ်တပ်က လူတွေချပေးခဲ့တဲ့လမ်းကြောင်းဖြစ်နေတယ်။ ဒီအပြောင်းအလဲကလည်း

KNU ဟာ ငြိမ်းချမ်းရေးရဲ့အသက်လား...?

ဝင်းဇော်နိုင်
    မြန်မာနိုင်ငံ၏ ၂၀၁၄ နိုင်ငံရေးအခန်း ကဏ္ဍတွင်ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင် သလို တိုင်းရင်းသားစည်းလုံးညီညွတ် ရေး ငြိမ်းချမ်းရေးကိစ်္စများသည်လည်း အရေး ကြီးသောကဏ္ဍတွင် ပါဝင်တယ်လို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က အဖွဲ့ချုပ်ရုံးတွင် ကျင်းပ သော  ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အခန်းအနားပွဲတွင်ပြောကြားပါတယ်။

    အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများဟာလည်း နှစ် ၆၀ ကျော်ကြာပြည်တွင်းစစ်မီး အဆုံး သတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး များကို အဆင်သင့်လုပ်ဆောင်ခဲ့ကြပြီး ယခုဆိုလျှင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကြီးကို ကရင် ပြည်နယ်ဘားအံမြို့တွင် ကျင်းပနိုင်ရန်  အတွက် နှစ်ဖက်အဖွဲ့အစည်းများဟာ ကြိုးစာနေကြပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအများစုဟာ ငြိမ်းချမ်းရေးအတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း  ကော်မတီမှ ၀န်ကြီးဦးစိုးသိန်း ၀န်ကြီးဦးအောင်မင်းအဖွဲ့ဝင်များနှင့်တွေ့ ဆုံဆွေးနွေးကြရသော်လည်းKNU ကရင် အမျိုးသားအဖွဲ့အစည်း ခေါင်းဆောင်များကတော့ သမ္မတကြီးဦးသိန်းစိန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူ :ကြီးမင်းအောင်လိုင်တို့နှင့်တွေ့ဆုံ၍ ငြိမ်း ချမ်းရေးဖြစ်စဉ်များ တပ်ပိုင်းဆိုရာကိစ်္စရပ် များကိုတွေ့ဆုံဆွေးနွေးကြပါတယ်။

    နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဇန်န၀ါရီလ ၅ ရက်နေ့တွေ့ဆုံကြရာတွင် အစိုးရနှင့်KNU တို့အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးထိုးထားသည့် ၂နှစ်ပြည့်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်များပြန် လည် သုံးသပ်ကြပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြတယ်လို့ KNU အထွေထွေအတွင်းရေးမှူးဖဒိုစော ကွယ်ထူးဝင်းက ပြည်တွင်းသတင်းစာများ ၏ အမေးကိုဖြေကြားထားပါတယ်။

    KNU နှင့်သမ္မတကြီး ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုမျိုးသည်  အစိုးရသစ် တက်လာပြီးနောက် ပိုင်း အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ချိန်မှစ၍ ယနေ့အထိဆိုရင် ၄ကြိမ်ရှိသွားပြီလို့လည်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က လဲပြောပါတယ်။

အမတ်မင်းတွေပြည်သူ့အတွက် ဖြစ်ရဲ့လား . . .

ဝင်းဇော်နိုင်
    ပြည်သူ့အသံလွှတ်တော်အသံ၊  ပြည်သူ့ဆန်္ဒ လွှတ်တော်ဆန်္ဒ၊ ပြည်သူတို့၏    မျှော်လင့်ချက် လွှတ်တော်က ဖော်ဆာင်ရွက်ဟူသည့် လွှတ်တော်ဆောင်ပုဒ် အတိုင်းပြည်သူတို့၏ အကျိုး စီးပွားဖြစ်ထွန်းရန် အမြဲဆွေးနွေးလျက်ရှိနေပါတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက မန္တလေးတိုင်းဒေသကြီးပြည်သူများနှင့် နိုဝင်ဘာလတွေ့ဆုံရာမှာ ပြောကြားခဲ့ပါ တယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ် တော်များဖြင့် ၂၀၁၀ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသော အခန်း ကဏ္ဍတွင်ပါဝင်လာကြပါတယ်။ မြန်မာ နိုင်ငံအတွင်းရှိ ပြည်သူများလိုလားသော ဥပဒေများကို

မြန်မာ့နိုင်ငံရေးသမိုင်းထဲက ၁၃ဝဝ ပြည့်အရေးတော်ပုံ

ဝင်းဇော်နိုင်

         ''သခင်မျိုးဟေ့ . . . ဒို့ဗမာ သပိတ် သပိတ်မှောက်မှောက်၊သပိတ် သပိတ်  မှောက်မျောက်၊ အရေးတော်ပုံ အောင်ရမည့်အရေးတော်ပုံအောင်ရမည်'' လို့လွန် ခဲ့သော ၇၅ နှစ်ခန့်က ချောက်မြို့တွင် သခင်ဘိုးလှကြီးနှင့်သခင်အုန်းဖေတို့ဦး ဆောင်ခဲ့သောချောက်ရေနံမြေအလုပ်သမား များ ချောက်မြို့တွင် လှည့်လည်၍ဆန္ဒပြ ကြွေးကြော်သံများဖြစ်တယ်လို့ ၇ တန်း ကျောင်းသားအရွယ်တွင် ကိုယ်တိုင် ပါဝင် ၍ဆန္ဒပြခဲ့သော အရေးတော်ပုံသပိတ်မှောက် ကျောင်းသာ အသက် ၉၄ နှစ်ရှိဦးသော်မှ ပြောပါတယ်၏ ။

          ''ဘယ်လိုမှ မခံနိုင်လွန်းလို့ ဆန္ဒပြ ကြတာ၊တစ်မြို့လုံးလှည့်လည်ကြွေး ကြော်ကြတာပေါ့၊ ဘီအိုစီ  ရေနံကုမ္ပဏီက ရက်စက်လွန်းလို့ရေနံအလုပ်သမားတွေမှာမသေရုံပဲကျန်တော့တယ်၊ မိသားစုပေး နေတဲ့အခန်းကလဲကျဉ်း၊ ဆေးဝါးကလဲမရှိ ဒါတွေကို မြင်နေရတော့ကျောင်းသားတွေ ကလဲမခံနိုင်ဘူး၊ ကျောင်းသားတွေကို ဦးဆောင်တာက ဦးကေသရကြီးပါ၊ အလုပ်သမားတွေကိုတော့ သခင်က ဦးဆောင်တာပါ'' လို့ဦးသော်မှဖြစ်စဉ်တွေ ပါဝင်ခဲ့ပုံ တွေကိုပြောပါတယ်။

“တစ်ချို့ပြည်သူလူထုဆိုရင် ကိုယ့်မဲဆန္ဒနယ်က လွှတ်တော်အမတ်က ဘယ်သူဆိုတာတောင်မှ မသိဘူးဖြစ်နေတယ် ”

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင်မဲဆန္ဒနယ်၊ မြို့နယ် ဖွံ့ဖြိုးရေးအတွက် သိန်းတစ်ထောင် လွှတ်တော်မှ ချထားပေးမှုနှင့်ပတ်သက်၍သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းကို Venus News Weekly  မှ  မေးမြန်းထားသည်များအားကောက်နှုတ်ဖော်ပြအပ်ပါသည်။

 ဝင်းဇော်နိုင်


Vensး သိန်းတစ်ထောင်ကိုလွှတ်တော် ကိုယ်စားလှယ်တွေ ဒေသဖွံ့ဖြိုးရေး အတွက် ဘယ်လိုသုံးကြမလဲခင်ဗျ။

UYTး  ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ အကောင်အထည်ဖော်ရေးအဖွဲ့ဆိုပြီးတော့ ဒီလုပ်ငန်းတွေအကောင်အထည်ဖော်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ရမယ်။ အဲ့ဒီအဖွဲ့ကနေပြီးတော့ မြို့နယ် အထောက်အကူပြုအဖွဲ့တွေကတင်ပြလာ တဲ့လုပ်ငန်းလေးတွေပေါ့။ သိန်း ၅ဝ တန် လုပ်ငန်းလေးတွေစီစစ်ပြီးတော့လွှတ် တော်ကော်မတီကဘဏ်စာရင်းဖွင့်ထား ရင် သိန်းတစ်ထောင်လုံးလှမ်းပို့ပေးမှာ ပို့ ပေးပေမယ်လို့ အဲ့ဒီငွေကိုတော့လုပ်ငန်း

“ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် လုပ်တုန်းလည်း ဖက်ဒရယ် လို့ မပြောသော်လည်း သဘောထားကတော့ ဖက်ဒရယ် သဘောထားပဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

ဝင်းဇော်နိုင်
28-11-2013 (THUSDAY) VOL.5/18 ထုတ်ဂျာနယ်ပါ အင်တာဗျူး...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စများနှင့် ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံ၍ Venus News Weekly  မှ မေးမြန်းထားသည်များကိုကောက်နှုတ်ဖော်ပြအပ်ပါသည်။

Venusး တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အစိုးရလုပ်ဆောင်နေကြတဲ့အပစ် အခတ်ရပ်စဲရေးငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲခင်ဗျ။

UWTး  ဒီကိစ္စကိုနှစ်ပိုင်းပြောမှဖြစ်မှာဗျ။ ငြိမ်းချမ်းရေးကိစ္စပြောရရင် အဝေးကြီးလို သေးတယ်၊

နိုင်ငံရေး အကျဉ်းသား ကုန်မှာလား….?

ဝင်းဇော်နိုင်

          မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင်နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ပထမဆုံးပြုလုပ်ခဲ့ပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ပေါက်ခဲ့ပြီးသတင်းမီဒီယာနှင့်အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေရပ်တန့် နိုင်ခဲ့ပါ တယ်။ထောင်ပေါင်းများစွာသော အကျဉ်း သားများကိုလည်းလွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ယခုနှစ်ကုန်ချိန်မှာ လဲယုံကြည်ချက်ကြောင့်အကျဉ်းကျခံနိုင်ငံ ရေးအကျဉ်းသားတစ်ဦးမျှမကျန်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အသိပေး ပြောကြားလိုပါတယ်လို့ နိုင်ငံ တော်သမ္မတဦးသိန်းစိန်ကဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဃ့အေ့ောံသကျန စကားဝိုင်း ဆွေးနွေးပွဲတွင် ဇူလိုင်လ ၁၅ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။


          မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအ ကျဉ်းသား၊ပြဿနာများဟာကမ္ဘာကစိတ် ဝင်စားလောက်အောင်ထင်ရှားကျော်ကြား နေပါတယ်။ စစ်အာဏာရှင်စနစ်မှဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းရေးကာ လမှာ အကျဉ်းထောင်အတွင်းက နိုင်ငံ ရေးအကျဉ်းသားများလွတ်ပေးဖို့အတွက်၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာသော လွှတ်တော်မှလည်း ကျယ် ကျယ်လောင်လောင်ပြောဆိုလာကြပါတယ်။

          စစ်အာဏာရှင်လက်ထပ်တွင် နိုင်ငံ ရေးအကျဉ်းသားဟုသုံးနှုန်းခေါ်ဝေါ်မှုမရှိခဲ့သော်လည်း ယခုအစိုရလက်ထက် တွင်တော့ နိုင်ငံရေးအကျဉ်းသားဟု တရားဝင် သုံးနှုန်းခဲ့ပြီး၊နိုင်ငံတော်သမ္မတ ရုံး၏ညွှန်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတ ရုံး ဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံရေး အကျဉ်းသားဟောင်း၊ အဖွဲ့အစည်းများ မှကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားနိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များပြည်ထဲရေး၊ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်စသောကိုယ်စားလှယ်များပါဝင် သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကိုလဲ ဖွဲ့စည်းခဲ့ကြ ပါတယ်။

          နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)  မှ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းဖြင့် လည်းကောင်း၊ လက်နက်ကိုင်လမ်းစဉ် ဖြင့်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ သို့မဟုတ်အားပေးထောက်ပံ့ကူညီခြင်း၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီးရဲ့ဘက်စခန်း မျာနှင့်စစ်ကြောရေးစခန်းများတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆိုနိုင်ငံရေးအကျဉ်းသားဟုသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

          နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ကို ဖွင့်ဆိုထားကြပြီးနိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေး အတွက် လှုပ်ရှားကြသူ များလက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီမှ နိုင်ငံရေး၊ အကျဉ်း သားစာရင်းများသမ္မတထံ တင်ပြနေသော် ငြားလည်း အစိုးရမှနိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတရားဝင်ထုတ် ပြန်ကြေညာခွင့်မရှိသေးပါ။
          အစိုးရမှ နိုင်ငံရေးအကျဉ်းသားအဓိ ပ္ပာယ်ကိုတရားဝင်တိတိကျကျပြဌာန်း ထားလျှင် အငြင်းပွားစရာမလိုသော ကြောင့်ပို၍ကောင်းတယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်ကဆို ပါတယ်။

          ''နိုင်ငံတော်တစ်စုဆိုတာ စည်းကမ်းရှိ ရမယ်၊စနစ်တကျရှိရမယ်၊ ဒါမှသာအောင် မြင်မှာပေါ့၊ စီမံခန့်ခွဲမှုကောင်းရမယ်၊ နိုင်ငံ ရေးအကျဉ်းသားဆိုတဲ့အဓိပ္ပာယ်ကိုလဲ တိတိကျကျပြဌာန်းထားရင်ပိုကောင်းတာ ပေါ့၊ နိုင်ငံရေးအကျဉ်းသားဟုတ်တယ်၊မဟုတ်ဘူးကိုအငြင်းပွားစရာမလိုတော့ဘူး ပေါ့'' လို့ဒေါ်ခင်ဝိုင်းကြည်က ပြောပါ တယ်။

          အစိုးရမှ နိုင်ငံရေးအကျဉ်းသားအ ဓိပ္ပာယ်ကိုတရားဝင်ထုတ်ပြန်မထားသော် လည်း သမ္မတဦးသိန်းစိန်အစိုးရလက် ထက်တွင်အကျဉ်းထောင်အသီးသီးမှအကျဉ်းသားများကိုနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂ဝ၄) (က) နှင့် အညီပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁(၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ ရာတွင် နိုင်ငံရေးအကျဉ်းသားများလဲလွတ်မြောက်ခဲ့ကြပါတယ်။

          သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တွင် အကျဉ်းသားများအား  ၁၃ကြိမ် လွတ်ငြိမ်းချမ်းသာပြုခဲ့ပါတယ်။ ထို ၁၃ ကြိမ်အကျဉ်းသားများလွတ်မြောက်မှု တွင်နိုင်ငံရေးအကျဉ်းသား တစ်ထောင့် တစ်ရာ ၁ဝဝဝ ခန့်ပါရှိခဲ့ပြီးသာမန်အကျဉ်းသား ၂ သောင်းကျော် ပါဝင်တယ်လို့ နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီဝင်ဦးရဲအောင်ကပြောပါတယ်။

          ''အခုနောက်ဆုံးအခေါက်လွှတ် ပေးလိုက်တာကတော့ကော်မတီကတင်ပြတဲ့နိုင်ငံရေးအကျဉ်းသားတွေပါဘဲ။ အရင် တုန်းကလွှတ်ပေးတာတွေကတော့ သာမန် အကျဉ်းသားတွေလဲပါတယ်။ကော်မတီ အနေနဲ့ကပြစ်မှုတွေလုပ်ရပ်တွေ၊ ပုဒ်မတွေ ကိုကြည့်ပြီးနိုင်င့ရေးအကျဉ်းသားဟုတ်မဟုတ် စီစစ်ပြီး သမ္မတဆီတင်ပြရတာ လေ။ လွှတ်တာကတော့သမ္မတက လွှတ်ပေးရတာပါ''လို့ဦးရဲအောင်ကရှင်းပြပါတယ်။

          သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လွတ်မြောက်လာကြသောအကျဉ်းသား များထဲတွင် စစ်ထောက်လှမ်းရေး ဟောင်း ဦးခင်ညွန့်နှင့်စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များ နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်း ကျနေသောဦးနေဝင်း၏ မျိုးဆက်များ စသောသာမန်အကျဉ်းသားများနှင့်နိုင်ငံ ရေးအကျဉ်းသားများဖြစ်ပါတယ်။

          ဦးနေဝင်း၏သား၊ သားမက်များ ထောင်ချခံရသောပုဒ်မများသည် နိုင်ငံ တော်ပုန်ကန်မှုဖြစ်သောကြောင့် နိုင်ငံရေး အကျဉ်းသားများသတ်မှတ်ထားသောပုဒ်မများတွင်အကြုံးဝင်နေပါတယ်လို့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ဦးမင်းဇေယျာကပြောပါ တယ်။

          ''သိသလောက်တော့ဦးနေဝင်းရဲ့ သားနဲ့ သားမက်ဟာနိုင်ငံတော်ပုန်ကန်မှု နဲ့တရားစွဲပြီးထောင်ချခံထားရတယ်ဒီနိုင်ငံ တော်ပုန်ကန်မှုဆိုတဲ့ပုဒ်မကနိုင်ငံရေး အကျဉ်းသားတွေလို့သတ်မှတ်ထားတဲ့ ပုဒ်မပဲ။ မူအရကြည့်မယ်ဆိုရင်တော့နိုင်ငံရေးအကျဉ်းသားပေါ့။ လူကိုကြည့်တာ ဆိုရင်တော့တစ်မျိုးဖြစ်မှာပေါ့။ လူပုဂ္ဂိုလ် ကိုကြည့်လို့မရဘူးလေ။မူကိုကြည့်ရတာ ပါလို့ ဦးမင်းဇေယျာကဆိုပါတယ်။

          မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်း သားပြဿနာဟာနိုင်ငံရေးတစ်ခုလုံးနဲ့ သက်ဆိုင်နေပါတယ်။ နိုင်ငံရေးအကျဉ်း သားဟု သတ်မှတ်ထားသော ပုဒ်မများထဲတွင် ပုဒ်မ ၁၈ နှင့် ၅ဝ၅ (ခ)တို့ဟာ လူသိ များထင်ရှားသောပုဒ်မများဖြစ်ပါတယ်။
           ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာနည်းဥပဒေနှင့် မညီညွတ်လျှင် ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်တရားစွဲပြီး နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုယူဆလျှင် ၅ဝ၅(ခ) ဖြင့်တရား စွဆြိုပါတယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လ ၁၅ ရက်နေ့ လွတ်ငြိမ်းချမ်းသာပေးပြီးနောက်အကျဉ်းထောင်အသီးသီးတွင် နိုင်ငံ ရေးအကျဉ်းသား ၆ဝ ဝန်းကျင်နှင့် ပုဒ်မ ၁၈၊ ၅ဝ၅(ခ)တို့ဖြင့် တရားစွဲဆိုထား သော အမှုပေါင်း ၂ဝဝ ဝန်းကျင်ခန့်ရှိတယ်လို့ လက်ကျန်နိုင်ငံရေးသားများစီစစ်ရေးကော်မတီအဖွဲ့ဝင်ဦးရဲအောင်က ပြောပါ တယ်။

          သမ္မတဦးသိန်းစိန်နှင့် လက်ကျန် နိုင်ငံရေးအကျဉ်းသားများစီစစ်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန် ကြီး ဦးစိုးသိန်းတို့မှနှစ်အကုန်တွင်နိုင်ငံ ရေးအကျဉ်းသားအားလုံးလွှတ်ပေးမည်ဟု ပြောဆိုကြသော်လည်းပြည်သူလူထုအတွင်းမှ လယ်သမား၊ အလုပ်သမားစသော နိုင်ငံရေးပြဿ     နာများ မဖြေ ရှင်းနိုင်လျှင် နိုင်ငံရေးအကျဉ်းသားတွေဆက်လက်ရှိနေအုံးမယ်လိ့နောက်ဆုံးအကြိမ်လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူ ဒေါ်နော်အုန်းလှကဆိုပါတယ်။

          ''အစိုးရကသာစေတနာမှန်မှန်နဲ့ဆို ရင်တစ်ခါထဲလွှတ်လိုက်လို့ရတာပဲ၊အခုတော့ပြောမှ လွှတ်နေတယ်၊ ပြည်သူ တွေကို နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ်နဲ့ ပါဝင်ခွင့်ပြုလိုက်စမ်းပါ။အလုပ်သမားတွေ က လယ်ယာမြေကိစ္စတွေမဖြေရှင်းနိုင်သေး ရင် နိုင်ငံရေးသမားတွေက ပါဝင် လုပ်ဆောင်နေရအုန်းမယ်၊ တရားဥပဒေစိုးမိုးမှု မရှိရင်နိုင်ငံရေးအကျဉ်းသားတွေကလဲရှိ နေအုန်းမှာပဲ၊အန်တီအခုလွတ်လာပါပြီ။ ဒါပေမယ့် ရန်ကုန်မှာ ၅ဝ၅(ခ) ပုဒ်မ ၁၈ ဒီ နှစ်မျိုးနဲ့  ၁ဝ မှု တရားရင်ဆိုင်ရအုံး မယ်။ အမှုတောင်မပြီးသေးဘူး''လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။

          မြန်မာနိုင်ငံတွင်နိုင်ငံသားအခွင့် အရေးဆုံးရှုံးမှုများအမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးများ မလုပ်ဆောင်နိုင်လျှင်နိုင်ငံရေးအကျဉ်းသားများ ရှိနေမည်ဟုယုံကြည်ကြောင်းနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှဦးထွန်းကြည်ကဆိုပါတယ်။

           ၂ဝ၁၃ အကုန်နိုင်ငံရေးအကျဉ်း သားလွတ်ပေးမည်ဆိုသော်ငြားလည်း၂ဝ၁၃ အလွန်နိုင်ငံရေး အကျဉ်း သားများကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ မပြုလုပ်ခင်အချိန်ထိအကျဉ်းထောင်များ တွင် နိုင်ငံရေးအကျဉ်းသားများရှိနေ လိမ့်မယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများကဆိုပါတယ်။

          စစ်မှန်သောဒီမိုကရေစီနိုင်ငံများတွင် အကျဉ်းထောင်များ၌နိုင်ငံရေးအကျဉ်း သားမရှိဘဲ၊ ရာဇဝတ်မှုကျူးလွန်သော နိုင်ငံရေးသမားများသာလျှင်ရှိပါတယ်။  ၂ဝ၁၃ အကုန် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်နိုင်သော်လည်း ၂ဝ၁၃ အလွန် အကျဉ်း ထောင်များတွင်နိုင်ငံရေး အကျဉ်းသား များရှိနေမှာဖြစ်ပါတယ်။မတရားဖိနှိပ်ချုပ်ချယ်မှုတွေရှိနေသမျှ ကာလပတ်လုံး နိုင်ငံရေးအကျဉ်းသားများပျောက်ကွယ်သွား လိမ့်မည်မဟုတ်ကြောင်းနိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင် ကော်မတီဝင် ဦးမြင့်ဝင်းမောင်ကပြောပါ တယ်။

          မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားမရှိဖို့ဆိုလျှင်ဒီမို ကရေစီနိုင်ငံအတွင်း လူ့အခွင့် အရေးပြည့် ပြည့်ဝဝ ရရှိမှု၊ တရားဥပဒေစိုးမိုးရေး၊အခြေခံဥပဒေပြင်ဆင်ရေး၊ လယ်ယာမြေ ပြဿနာများ၊ အမျိုးသားပြန်လည်သင့် မြတ်ရေးအလုံးစုံငြိမ်းချမ်းရေးရရှိမှသာလျှင်အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်း သားပပျောက်မှာဖြစ်ပါတယ်။

          မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ကမ္ဘာ့ နိုင်ငံများနှင့်မြန်မာ့ဆက်ဆံရေးတွင် အကျဉ်းထောင်အတွင်းမှယုံကြည်ချက်ဖြင့် စွန့်လွှတ်အနစ်နာခံကျရသောနိုင်ငံရေး အကျဉ်းသားများသည် အရေးကြီးသော နိုင်ငံရေးအခန်းကဏ္ဍတွင်ပါဝင်သော ကြောင့်မြန်မာနိုင်ငံအတွင်းမှအကျဉ်း ထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားမရှိဖို့ အထူးလိုအပ်တယ်လို့ ယူဆ ပါတယ်။

တရားခံဘယ်သူလဲ..?

ဝင်းဇော်နိုင်
        
                မိုးဖွဲဖွဲလေးကျနေတော့ လူအယောက် ၂ဝ ကျော်ဟာ ထီးတွေဆောင်းထား ကြပါတယ်။ ကျောပိုးအိတ်တွေလဲပါတယ်။ သူတို့တွေရဲ့ လက်ထဲမှာကင်မရာတွေလဲ ကိုင်ထားကြပါတယ်။ ကျောပိုးအိတ်တွေထဲဘာတွေပါသလဲဆိုတာကို လုံခြုံ ရေးဝန်ထမ်းတွေကစစ်နေပါတယ်။ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေပေးရပါတယ်။ ရှာဖွေရေးပြီးသွားပြီဆိုရင် ဓာတ်ပုံ အရိုက်ခံရပါသေးတယ်။ ဒါကတော့ အောက်တိုဘာ ၂ဝရက်နေ့က Myanmar Peace Center မှာ KNU ကပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲသွားတဲ့သတင်းထောက်တွေလုံခြုံရေးအရအစစ်ခံရခြင်းပဲ ဖြစ်ပါတယ်။

          လုံခြုံရေးဟာ ဘယ်လောက်အရေး ကြီးနေပြီလဲဆိုတာအစိုးရရဲ့ဝန်ကြီးတွေ ပါဝင်တဲ့ တွေ့ဆုံပွဲတွေသတင်းစာရှင်းလင်း ပွဲတွေ Myanmae PeaceCenter မှာ အကြိမ်များစွာပြုလုပ်ခဲ့သော်လဲ ဒါဟာ ပထမဦးဆုံးအကြိမ် ဓာတ်ပုံရိုက်ခံခြင်းအိတ်များကိုရှာဖွေခြင်းများပြုလုပ်တာဖြစ် ပါတယ်။

          Myanmae Peace Center  မှ စိုးရိမ် ပူပန်မှုတွေရှိနေတာမဟုတ်ပါဘူး။ ပြည်သူလူထုအတွင်းမှာလဲ စိုးရိမ်ပူပန်မှုတွေရှိနေ ပါတယ်။ လုံခြုံရေးတွေတင်းကြပ်ထား ပါတယ်လို့အစိုးရတာဝန်ရှိသူတွေပြော နေတုန်းမှာဘဲ ကုန်သည်ကြီးများဟိုတယ် မှာဗုံးပေါက်ကွဲမှုဖြစ်ပွားပါတယ်။မြန်မာ နိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှု၊  ဗုံးတွေ့ရှိမှုတွေဟာဆက်တိုက်ဖြစ်နေတာတစ်ကြောင်း၊ ကုန်သည်ကြီးများဟိုတယ်ဗုံးပေါက်ကွဲမှု တွင် အမေရိကန်နိုင်ငံသူMrs.Pialersi  ထိခိုက်ဒဏ်ရာရသွားသောကြောင့်ကမ္ဘာ့နိုင်ငံများ၏ မီဒီယာတွင်လဲစိတ်ဝင်တစား ဖော်ပြကြပါတယ်။ အမေရိကန်သံရုံးက လဲ ကြေညာချက်ထုတ်ပြီးအသွားအလာဂရုစိုက်ဖို့ နိုင်ငံခြားသားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်းဟု မယူသော်လဲ အနေအ ထိုင်ဂရုစိုက်ဖို့သတိပေးလာပါတယ်။

          ဗုံးများတွေ့ရှိခြင်းဖောက်ခွဲခြင်းများ သည်ပြည်သူများအကြားလှုပ်လှုပ်ရှား ရှားဖြစ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်ဆောင်ခြင်းဖြစ်တယ်လို့တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

          ဗုံးတွေ့ရှိမှုနှင့်ပေါက်ကွဲမှုများသည် တစ်ဦးတစ်ယောက်ထဲကလုပ်ဆောင်နေခြင်းမဟုတ်ဘဲ အစုအဖွဲ့တစ်ခုခုမှ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းမျိုး ဖြစ်နိုင်သည်လို့လဲညီညွတ်သောတိုင်းရင်း သားလူမျိုးများဖတ်ဒရယ်ကောင်စီအတွင်း ရေးမှူး(၂) ဗိုလ်မှူးကြီးဦးခွန်ဥက္ကာကလဲဆို ပါတယ်။

          ''ဗုံးပေါက်ကွဲမှုတွေက နိုင်ငံရေး အကြောင်းရင်းခံတွေကြောင့်ဖြစ်လာတာပါ။နိုင်ငံတကာမှာ ကြည့်ပါလား။ ဗုံးကွဲတယ် ဆိုရင် လူတစ်ရာနှစ်ရာသေကြတာအခု ဟာက ပြည်သူတွေအတွက်ပစ်မှတ်မ ဟုတ်ဘူး၊နိုင်ငံရေးပါဘဲ''လို့ သုံးသပ်ထား ပါတယ်။

          အောက်တိုဘာလ ၉ ရက်နေ့တွင်ပဲခူး တိုင်းဒေသကြီးညောင်လေးပင်မြို့မှဖြူး မြို့သို့ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်ပေါ်မကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထား သည့်မိုင်းတွေ့ရှိခဲ့သည့်နောက်ပိုင်း တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ နန်းခန်းမြို့တို့တွင်ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသောဗုံးတွေ့ရှိမှုများဖြစ်ခဲ့ ပါတယ်။

          မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အရ မြန်မာပြည်တွင်ဗုံးပေါက်ကွဲမှုများဗုံးတွေ့ရှိမှုများဟာနအဖ စစ်အစိုးရလက် ထက်တွင် ဖြစ်ပေါ်ခဲ့မှုများရှိခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်တွင်ဲကညခအငသည ၈   ဈေးဝယ် စင်တာ မင်္ဂလာတောင်ညွန့်၊ရန်ကုန် ကုန် သွယ်မှုဗဟိုဌာန ဒဂုံစင်တာတို့ တွင် ဆက်တိုက်ဗုံးများပေါက်ကွဲခဲ့သောကြောင့်လူ ၁၁ ဦးသေဆုံးခဲ့ပြီး ၁၆၂ ဦးဒဏ်ရာရ၇ှိ ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်တွင်လဲ ဌ၂ဥ  ရေကစားမဏ္ဍာပ်ရှေ့ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲခဲ့သောကြောင့်လူ၈ ဦးသေဆုံး ပြီး ၁၇ဝ ဒဏ်ရာရခဲ့ပါတယ်။ ဗုံးပေါက် ကွဲမှုဖြစ်စဉ်တွေမှာ အစိုးရသတင်းစာများမှ တိုင်းရင်းသားလက်နက်ကိုင်များ၏ လုပ်ဆောင်ချက်များဖြစ်သည်ဟု စွပ်စွဲခဲ့သလို  ပြည်ပမီဒီယာများမှလဲ အစိုးရမှ လုပ်ဆောင်နေသည်ဟုတိုင်းရင်း သားလက်နက်ကိုင်များကပြောဆိုခဲ့ကြ ပါတယ်။

          ပြီးခဲ့သော နအဖစစ်အစိုးရခေတ်မှ တစ်ဦးနဲ့တစ်ဦးစွပ်စွဲမှုများရှိခဲ့သော်လဲ ယနေ့ဒီမိုကရေစီအစိုးရခေတ်တွင်တော့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ လမ်းစဉ်ကို လျှောက်လှမ်းနေ သောကာလဖြစ်သောကြောင့် ယခု အောက်တိုဘာလ၉ ရက်နေ့ဖြူးမြို့နယ်၊ စာတိုက်ရှေ့ရှိ ဇေယျာဟိန်းယာဉ်ပေါ်မှ လက်လုပ်ဗုံးတစ်လုံးတွေ့ရှိမှု၊အောက်တိုဘာလ ၁၁ ရက်နေ့တောင်ငူမြို့ ချမ်းမြေ့ဧည့်ရိပ်သာတွင်ဗုံးပေါက်ကွဲမှု၊ အောက်တိုဘာ၁၃ ရက်နေ့၊ ရန်ကုန်မြို့ စော်ဘွားကြီးကုန်းအဝေးပြေးကွင်းဝင်းရှေ့ တွင်ဗုံးပေါက်ကွဲမှု၊ပေါက်ကွဲမှုအနီးတွင် မပေါက်ကွဲသောဗုံး ၁ လုံးရှာတွေ့မှု၊ ထိုနေ့ ညနေ ပိုင်းတွင် ရန်ကုန်မြို့ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြားရှိ ယမုံနာလမ်း ဘေးတွင် ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲမှု၊ ထိုနေရာ၌မပေါက်ကွဲဘဲကျန်ရှိနေသော ယမ်းတုံးနှင့်ချိတ်ကိုက်နာရီတစ်လုံးတွေ့ရှိမှု၊ အောက်တိုဘာ၁၄ ရက်နေ့တွင် မန္တလေး မြို့ ရွှေဘဲစားသောက်ဆိုင်ရှေ့တွင် ဗုံးတစ် လုံးတွေ့ရှိခဲ့ပြီးဖောက်ခွဲဖျက်ဆီးခဲ့ရမှု၊ထိုနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်း ရှိ ႊၽန်အနည ဏေမု ြၽကဘပ  စားသောက်ဆိုင် အတွင်း ဗုံးသို့မဟုတ် ချိန်ကိုက်ဗုံးဟုခေါ်ဆိုနိုင်သော အရာတစ်ခုတွေ့ရှိမှု၊ ထိုနေ့ ညပိုင်းတွင်ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ကိုးထပ်ရှိ အခန်းနံပါတ် ၉၂၁ တွင် ဗုံးတစ်လုံးပေါက်ကွဲမှု၊ အောက်တိုဘာလ ၅ ရက်နေ့တွင်စစ်ကိုင်းမြို့ရွှေပြည့်စုံ ဟို တယ်စားသောက်ဆိုငခန်းတွင်ဗုံးတစ်လုံး ပေါက်ကွဲမှု နာရီပိုင်းအကြာတွင်စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်အဝင်
လမ်းတွင်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ နန်းခမ်းမြို့တွင်လဲ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ ပါတယ်။  ၄င်းပေါက်ကွဲမှုတွေ့ရှိမှုများနဲ့ ပတ်သက်၍ တရားခံအချို့ကိုလိုက်ဖမ်း မိထားပြီး ကျန်သေးသည့် တရားခံများ ကိုလဲဖော်ထုတ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး တွင်အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းကပြောပါတယ်။

          အောက်တိုဘာလတွင်ဖြစ်ပွားခဲ့ သောဗုံးပေါက်ကွဲမှုများကြောင့်သေဆုံး လူများဒဏ်ရာရသူများလဲရှိခဲ့ပါတယ်။ ဗုံး ဖောက်ခွဲသူဟု ယူဆရသူများကိုလဲစစ်ဆေးနေပါတယ်။ လက်တလောစစ်ဆေးချက်အ ရ ဖောက်ခွဲမှုပြုလုပ်သူများကိုငွေပေး၍ခိုင်း နေခြင်းဖြစ်ကြောင်းငွေပေးခိုင်းသူကို ဖမ်း ဆီးရန်ကြိုးစားနေကြောင်းရဲချုပ်ဇော်ဝင်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

          ''ရှိထားတဲ့စစ်ဆေးချက်တွေအရ နိုင်ငံ တကာရင်းနှီးမြုပ်နှံမှုတွေကိုအဟန့်အတား ဖြစ်အောင် လုပ်တယ်လို့ ပြောတာပဲ''ဟု ရဲချုပ်ဇော်ဝင်းရှင်းပြပါတယ်။
          လက်ရှိဗုံးပေါက်ကွဲမှုများနှင့် ပတ် သက်၍နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုဦးတည် ပြီးလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုခြင်းများ အပေါ်မဖြစ်နိုင်ကြောင်းနိုင်ငံခြားရင်းနှိး မြှုပ်နှံမှုမက မာတာတော့မလာတာပဲလို့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

          ဗုံးတွေ့ရှိမှုနှင့်ပေါက်ကွဲမှုများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အပစ်အခက်ရပ်စဲရေး လုပ်ဆောင်ကြရန် ဖော်ဆောင်နေသော ကာလအတွင်ဖြစ်ပွားခြင်းများကြောင့်တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို ထိ ခိုက်မှာလဲစိုးရိမ်သူတွေရှိနေပါတယ်။

          ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကိုကြည့် လျှင်တစ်ဦးတစ်ယောက်စိတ်ကူးပေါက် ၍ လုပ်ဆောင်ခြင်းမဖြစ်နိုင်ပါ။ လက်တွေ့ လုပ်ဆောင်သူများနောက်ကွယ်တွင်အင်အားရှိသော အဖွဲ့အစည်းမျိုးဖြစ်နိုင် တယ်လို့ညီညွတ်သောတိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီအတွင်းရေးမှူး၂ ဦးခွန်ဥက္ကာကဆိုပါတယ်။

          ''ဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်ဗျာ၊ အနှံ့အပြားဖြစ်နေတာထောက်ရင်လူတစ်စု ဆိုရင်တောင် အဲဒီလူတစ်စုဟာ သြဇာ အာဏာရှိတဲ့အသိုင်းအဝိုင်းကပဲဖြစ်ရမယ်၊ ခြေတံရှည်လက်တံရှည်ဖြစ်နိုင်တယ်ခင်ဗျ၊အစုအဖွဲ့သေးသေးလေးစီးပွားရေးသမား တွေကတော့ မဖြစ်နိုင်ပါဘူး'' လို့ဦးခွန် ဥက္ကာက သုံးသပ်ပါတယ်။

          ယခုဗုံးပေါက်ကွဲသော နေရာများ တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမရှိကြောင်းနိုင်ငံခြားသားများသွားလာတတ်သော နေရာများတွင် ပေါက်ကွဲခြင်းလဲမဟုတ် ကြောင်း ရင်းနှီးမြုပ်နှံမှုကိုအကြောင်းပြခြင်းဟာ ဖုံးကွယ်စရာအစိတ် အပိုင်းများ ရှိသောကြောင့် ရထားသော အချက်၊ အလက်များထဲမှ တစ်ခုကိုပြောတာဖြစ်နိုင်ကြောင်းတိုင်းရင်းသားလက်နက် ကိုင်များအနေဖြင့် ဗုံးဖောက်ခွဲမှုများ လုပ် ဆောင်လိမ့်မည်ဟု¤င်းအနေဖြင့် မထင် ကြောင်းဦးခွန်ဥက္ကာကဆိုပါတယ်။

          ဗုံးပေါက်ကွဲမှုများ တွေ့ရှိမှုများကြောင့်ပြည်သူများဟာ စိုးရိမ်ကြောင့်ကြမှုဖြစ်ရ တာတော့အမှန်ပါပဲ။ နိုင်ငံရေး၊ ရည်ရွယ် ချက်ရှိလို့ပဲလုပ်လုပ်၊ စီးပွားရေး ရည် ရွယ်ချက်ကြောင့် သူနဲ့ဒဏ်ရာရသူတွေ ပစ္စည်းဆုံးရှုံးတာတွေဟာပြည်သူပဲဖြစ်ပါ တယ်။ အငှားယာဉ်မောင်းသမားကလဲ ကားပေါ်တက်လာသူကိုသေချာကြည့်ရပါ တယ်။ သီတင်းကျွတ်လပြည့်နေ့ဘုရားသွားပန်းခြံသွားသူတွေဟာလဲ လမ်းဘေး က ကြွပ်ကြွပ်အိတ်အနက်နဲ့အထုပ်တွေ့ လေမလားဆိုပြီးစိုးရိမ်စိတ်တွေရှိနေပါတယ်။ည ၁ဝ နာရီကျော်သွားလာနေတဲ့ သားအတွက်လဲ မသင်္ကာသူတွေဖမ်းတယ် ဆိုတဲ့အသံကြောင့်စိတ်ပူနေတဲ့မိဘတွေရှိနေပါတယ်။ ဗုံးတွေပေါက်လို့ဘယ်သူ့ အတွက်ကျိုးရှိသလဲဆိုတာအဖြေမပေါ် သေးပေမယ့်ပြည်သူလူထုကတော့ဒုက္ခရောက်ရတာအမှန်ပါပဲလို့ မြောက်ဥက္ကလာပ ၆ကွေ့တွင် ဂျာနယ်ရောင်းသူတစ်ဦးကလဲ ပြောပါတယ်။

          ဗုံးဖောက်ခွဲတဲ့တရားခံဘယ်သူလဲ ဆိုတာပြည်သူအများကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ နိုင်ငံရေးက စီးပွားရေးလား၊ ဘယ်လိုလူစုတွေလဲ ဒါတွေကိုဘယ်တော့သိရမှာလဲတရားခံ အစစ်အမှန်ကဘယ်တော့ပေါ်ပေါက်မလဲ။ တရားခံဟာဒါအကုန်ပဲလား၊ မမိသေးတဲ့ တရားခံပြေးတွေဘယ်တော့မှဖမ်းမိမလဲဆို တဲ့ဝေဖန်သံတွေငြီးတွားသံတွေဟာ ပြည် သူလူထုအတွင်းမှာပေါ်ပေါက်နေပါတယ်။

          ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး တော့တစ်စုံတစ်ရာပတ်သက် တယ်လို့ ယူဆသောကြောင့် ကရင်အမျိုးသားအ စည်းအရုံး KNU ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်ပဒိုမန်းငြိမ်းမောင်နှင့် ဒူးပလာယာခရိုင်ဥက္ကစောရွှေမောင်းတို့က ပြညောမေ ဏနခေန ဃနညအနမတွင် အောက်တိုဘာလ ၂ဝရက်နေ့က သတင်း စာရှင်းလင်းပွဲပြုလုပ်၍ လက်တလော မြန်မာနိုင်ငံအတွင်း၌ဖြစ်ပွားလျက်ရှိသောဗုံးပေါက်ကွဲမှုများ KNU မှ ခိုင်းစေခြင်း မဟုတ်ကြောင်းဖဒိုမန်းငြိမ်းမောင်ကပြော သွားပါတယ်။

          လက်ရှိဖမ်းဆီးရမိထားသော တရားခံ ဟုယူဆရသူများ၏ထွက်ဆိုချက်များ အရ ¤င်းတို့အား ငွေပေးခိုင်းသူ၊ လွတ် မြောက်နေသူ နေတိုး(ခ) စောရွှေထူးဟာလွန်ခဲ့တဲ့ သောနှစ်အနည်းငယ်ခန့်ကြု့  မြို့နယ်တစ်ခု၏စီးပွားရေးတာဝန်ခံ လုပ်ခဲ့ဖူးကြောင်း သမ္မတပြောရေးဆိုခွင့်ရှိ သူဦးရဲထွဋ်ကပြောထားသလိုဖဒိုမန်း ငြိမ်းမောင်ကလည်း ဟုတ်မှန်ကြောင်း သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

          ''အခုဖြစ်ပွားတာတွေဟာ KNU  ဗဟိုကော်မတီရဲ့သဘောထားမဟုတ်ပါ ဘူး၊ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေ တာပါ၊ နိုင်ငံရေးရည်ရွယ်ချက်ထဲမှာ ဘာသာရေး၊ လူမျိုးရေး KNU နဲ့အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဖျက်ဆီး ချင်လို့လုပ်တာပါ''လို့ ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

          ယခုဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများ ဟာ KNUဗဟိုကော်မတီ၏ သဘော ထားမဟုတ်သော်လဲ လွတ်မြောက်နေသူ နေတိုး(ခ) စောရွှေထူးဟာ KUN တွင် ယခင်ကအဖွဲ့ဝင်တစ်ယောက်ဖြစ်သော ကြောင့် KNU နဲ့ပတ်သက်ပြီးတာဝန်ယူမှု တာဝန်ခံမှုများလုပ်ဆောင်ရမှာပါလို့ဖဒိုမန်းငြိမ်းမောင်ကသတင်းစာရှင်းလင်းပွဲ တွင်ဖြေကြားပါတယ်။

          ''ကျွန်တော်တို့တာဝန်ယူရမယ်၊ တာဝန်လည်းခံရမယ်၊ကျွန်တော်ဒါကို တရားမျှတစွာဖော်ထုတ်ပြမယ်၊ အရေး ယူဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့KNU ရဲ့သဘောထားကိုပြောထားပြီး သားပါ၊ KNU နဲ့ပတ်သက်တဲ့အတွက် ကာယကံရှင်တွေကို အနူးအညွှတ်တောင်းပန်ပါတယ်။ ဒီလိုဝမ်းနည်းကြေကွဲ စရာအဖြစ်အပျက်တွေမဖြစ်အောင် ကျွန် တော်တို့ ကြိုးစားမှာပါ။သတင်းမီဒီယာ တွေကနေပြီးတော့လည်း တောင်းပန်ပါ တယ်''လို့ သတင်းမီဒီယာမှ တစ်ဆင့် ပြည်သူများကိုဖဒိုမန်းငြိမ်းမောင်က ပြော လိုက်ပါတယ်။

          ဗုံးပေါက်ကွဲမှုများကြောင့်တိုင်းရင်း သားလက်နက်ကိုင်များနှင့်အစိုးရငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့လို့သွားနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုမထိခိုက်နိုင်ပါဘူးလို့ တိုင်းရင်းသားခေါင်းဆောင်များ ကောအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်နေသူများကတော့ပြောနေကြပါတယ်။သမ္မတပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကလဲသံသယရှိ သူ ၈ ဦးကို ဖမ်းဆီးထားကြောင်းပြောပါတယ်။

          အောက်တိုဘာလအတွင်းဗုံးပေါက် ကွဲမှုများကြောင့်သေဆုံးခဲ့ကြသူများဒဏ်ရာရ၍ ဆေးရုံတက်ကုသခံနေရသူများ၊ ပစ္စည်းဆုံးရှုံးမှုများ၊ သွားလာနေထိုင် ရေးတွေမှာစိတ်ပူပန်ခြင်းများစွာနဲ့ပြည်သူ လူထုက တရားခံဘယ်သူလဲဆိုတာ ပြည် သူလူထုကသိချင်နေတာအမှန်ပါ။ နေတိုး ခေါ် စောရွှေထူးကိုဆက်လက် ဖမ်းဆီးနိုင်ရေး ကြိုးစားနေတဲ့အပေါ် ပြည်သူတွေ စိတ်ဝင်တစားစောင့်ကြည့်နေတာပါ။သူ့ကို လက်ရဖမ်းဆီးမိခဲ့ပါက နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတဲ့သူတွေကို ဆက်လက်ဖော်ထုတ်နိုင်မလားရယ်လို့။ တရားခံဘယ်သူလဲ . . . ။

''တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အပြည့်အဝဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်တယ်''

 ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ်KIO ကချင်လွတ်မြောက်ရေးအဖွဲ့သဘောထား၊ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးစသည့်တို့နှင့်စပ်လျဉ်းပြီးကချင်လွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်အား ဗီးနပ်စ်းအပတ်စဉ်ထုတ်သတင်းစာမှအီးမေးလ်ဖြင့်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဝင်းဇော်နိုင်

Venusး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အခန်း ကဏ္ဍ ဘယ်လောက်အရေးကြီးလဲ သိချင် ပါတယ်။

ULNး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံဖြစ် မဖြစ်ဆိုတာဟာ တိုင်းရင်းသားများ အခွင့် အရေး တန်းတူညီတူ ရရှိတယ်၊ မရရှိဘူး ဆိုတဲ့အချက်မှာအဓိက မူတည်တယ်။ အာဏာရှင်အစိုးရအဆက်ဆက်ဟာ တိုင်း ရင်းသားတွေ တန်းတူညီတူ အခွင့်အရေး ခံစားနိုင်ခွင့်မရှိအောင်လက်နက်အားကိုးနဲ့ ဖိနှိပ်ချုပ်ချယ်

''ငြိမ်းချမ်းရေးဆိုတာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း နှစ်ဖက်စလုံးက ဖြတ်ရမယ့် တံတားကြီးပါ”

အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်အား
Venus News Weekly  မှမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Venusးကရင်နီအမျိုးသားတိုးတက်ရေး ပါတီကို ဘယ်တုန်းက စတင်ဖွဲ့စည်းပြီးဘာတွေလုပ်ဆောင်ခဲ့သလဲ သိချင်ပါတယ် ခင်ဗျ။

SMTး  ၁၉၅၂ လောက်ကစပြီးဖွဲ့စည်း ခဲ့တာဖြစ်တယ်။ ဘာတွေလုပ်ဆောင်ခဲ့လဲ ပြောလို့ရှိရင်တော့ကရင်နီအမျိုးသားတွေ အတွက် ကျွန်တော်တို့ တန်းတူရေး၊ တရား မျှတရေးပေါ့။ပွင့်ပွင့်လင်းလင်း ပြောရ ရင်တော့ ကျွန်တော်တို့ရဲ့ မူလနိုင်ငံရေး ကတော့တစ်မျိုးဖြစ်တာပေါ့လေ။ ကျွန် တော်တို့ရဲ့ သမိုင်းကြောင်းပေါ် အခြေခံပြီး တော့တစ်ချိန်တုန်းကတော့ ကျွန်တော်တို့ သီးခြားလွတ်လပ်ရေးဆိုတဲ့ ကြွေးကြော်သံ နဲ့တိုက်ပွဲဝင်ခဲ့တာပေါ့။ ကျွန်တော်တို့ သက္ကရာဇ် ၂ဝဝဝ ရောက်တဲ့အချိန်မှာတော့ ပြောင်းသွားပါပြီ။စစ်မှန်တဲ့ပြည်ထောင်စု ဆိုပြီး သတ်မှတ်လုပ်ဆောင်ခဲ့တယ်။ ၂ဝဝဝ ခုနှစ် မတိုင်ခင်ကတစ်မျိုးပေါ့။ အဲဒါက ပထမပိုင်းပေါ့။ ဒုတိယအပိုင်းမှာကျတော့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုမှာ ပူးပေါင်း ပါဝင်မယ်ဆိုတဲ့ ပြောင်းလဲချမှတ်တဲ့ ရည်မှန်းချက်အပေါ်မှာ တခြားသောတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ ဖြစ်လာ တာပေါ့နော်။ ကျွန်တော်တို့ ဌာနချုပ်ကအရှေ့ဘက်ပေါ့၊ ထိုင်းမှာရှိပါတယ်။ အမြဲ တမ်း ရှိတယ်။ ပြောက်ကျားတပ်လည်း ရှိတယ်။အကုန်လုံး အရေအတွက်က အဖွဲ့ဝင် စုစုပေါင်း ၁၅ဝဝ လောက်တော့ ရှိပါတယ်။

Venusး ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ ပြောနေကြတယ်ခင်ဗျ။ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေ နဲ့ကော ဖွဲ့စည်းပုံပြင်မယ့်ကိစ္စမှာ ဘယ်လိုလုပ်ဆောင်မှုမျိုးတွေမှာ ပါဝင်နေလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

SMTး   ကျွန်တော်တို့ကလည်းပြင်ဆင် သင့်တယ်ဆိုတဲ့ဟာမျိုး အယူအဆ ရှိပါ တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ကညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ အဲ့ဒီတော့UNFC မှာ လည်း တိုင်းရင်းသားတွေဆွေးနွေးကြတဲ့ အခါမှာပြည်တွင်း တိုင်းရင်းသားတွေ လည်း ဖိတ်ခေါ်ပါတယ်။ ပြီးခဲ့တဲ့ညီလာခံ ပေါ့လေ။စုပြီးဆွေးနွေးတဲ့အခါမှာ ၂ဝဝ၈ ဖွဲ့စည်းပုံက  ပြင်မယ်ဆိုလို့ရှိရင်လည်းတော်တော်ခက်မှာပဲပေါ့။ ဖွဲ့စည်းပုံဆိုတာ မျိုးက ပုဒ်မတစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတာလေ။ တချို့ဟာတွေကလည်း ဒီမို ကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေလည်း ပါတယ်လေ။ကျွန်တော်တို့လုပ်ကြည့်တာ တော့အဲ့ဒီတုန်းကတော့ အသစ်ပြန်ရေးတာ ကပိုပြီးတော့လွယ်မယ်ဆိုတဲ့ အယူအဆ ဆုံးဖြတ်ချက်ကိုချခဲ့ကြတာပေါ့။ ကျွန်တော် တို့တွေကလည်း UNFCအဖွဲ့ဝင်ဖြစ်တဲ့ အားလျော်စွာ အားလုံးနဲ့ဝိုင်းပြီးတော့ ရပ်တည်ခဲ့တဲ့သဘောတော့ရှိတယ်။

Venusးကရင်နီအမျိုးသားတိုးတက်ရေး ပါတီအနေနဲ့ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးကိစ္စများနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ထားတာရှိပါသလဲခင်ဗျ။

SMTး  ကျွန်တော်တို့နဲ့ကတော့ ပြည် နယ်အဆင့်မှာ ပထမအပစ်အခတ်ရပ်စဲရေး အနေနဲ့ ၃ကြိမ်ပေါ့လေ၊ ဆွေးနွေးပြီးပြီ။ ဆွေးနွေးပြီး နောက်ပိုင်းမှာ ထိတွေ့မှုတစ်ကြိမ်ရှိတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်ကတော့ စောင့်ထိန်းလုပ်ဆောင်နေ ကြတယ်။နောက်တစ်ခုကတော့ စပြန်လာ တဲ့အချိန်ကတည်းက ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီးတော့မှလူထုဖွံ့ဖြိုးရေးလုပ်ငန်း လေးတွေပေါ့လေ။ လုပ်တာရှိပါတယ်။တချို့ကဏ္ဍတွေမှာဆိုလို့ရှိရင် ပြည်နယ် အစိုးရဌာနဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ တချို့ကဏ္ဍတွေမှာ တော့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့အကောင်အထည်ဖော်နေတာတွေ ရှိပါ တယ်။

Venusးနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပွဲမှာရော ပါဝင်ဖို့ရှိပါသလားခင်ဗျ။

SMTး   ကျွန်တော်တို့လိုင်ဇာညီလာခံရဲ့ ရပ်တည်ချက်ကိုက အပစ်အခက်ရပ်စဲရေး မှာ တိုင်းရင်းသားတွေကပါဝင်လက်မှတ် ရေးထိုးကြမယ်ဆိုတဲ့ ကိစ္စကိုပဲ အဓိက ဦးတည်တာပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာမူတွေ ချမှတ်ကြပါတယ်။ အဲ့ဒီအပေါ်မှာ တိုင်း ရင်းသားအားလုံးနဲ့ ထပ်တူဖြစ်ပါတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအားလုံးနဲ့ထပ်တူပါပဲ။ အတူတကွ လုပ်ဆောင်ကြ မှာပါ။

Venusး  အစိုးရနဲ့ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တဲ့အခါမျိုးတွေအပစ်အခတ်ရပ်စဲရေးကိစ္စ များနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားပါ သလဲခင်ဗျ။

SMTး   အဲဒါကတော့စစ်မှန်တဲ့ ငြိမ်းချမ်း ရေးပေါ့။ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ချမှတ်ထားတဲ့  သဘော တူညီချက်တွေ ချမှတ်ထားတယ်လေ။ စစ် မှန်တဲ့ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့အခါမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ် ဆောင်ကြရမှာဆိုတော့တခြားတိုင်းရင်း သားတွေနဲ့ အတူတကွ ညှိနှိုင်းဖြေရှင်းပြီး တော့ နိုင်ငံတော်အစိုးရနဲ့လုပ်ဆောင်ကြရ မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တစ်တိုင်းပြည်လုံးစစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီဆိုလို့ရှိရင် ကိုယ့်ပြည်နယ်အတွင်းမှာလည်း ပြည်နယ်အစိုးရနဲ့ ပါတွဲပြီးတော့ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်နိုင် လိမ့်မယ့်အနေအထားတွေ ရှိမှာပါ။ ဆိုလို တာကတစ်ချိန်တုန်းကတော့ ကျွန်တော် တို့ဟာ မတရားအသင်းပေါ့လေ။ အဲ့ဒီ တော့ တချို့သောအစိုးရဌာနဆိုင်ရာများ ကလည်း ကျွန်တော်တို့ လက်တွဲဆောင် ရွက်ဖို့ဆိုတဲ့နေရာမှာစဉ်းစားနေရတဲ့အပိုင်း တွေရှိတာပေါ့လေ။ အဲ့ဒီကိစ္စတွေ ဖြေရှင်းပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပိုပြီးလုပ်ဆောင်လာနိုင်မယ် လေ။

Venusး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင် အခြေခံဘာတွေလုပ်ဆောင် နိုင်ဖို့လိုအပ်တယ်ထင်ပါသလဲခင်ဗျ။

SMTး   အဓိက,ကတော့အာဏာခွဲဝေမှု တပ်နေရာချထားမှုပေါ့။ ဥပမာ ပြည်နယ် ဝန်ကြီးချုပ်ဆိုတာ ပြည်နယ်ကနေ တိုက်ရိုက် ခန့်ရမှာလေ။ အခုတော့ အဲသလို မဟုတ်ဘူး။ လူထုကို တိုက်ရိုက်ကိုယ်စား မပြုဘူး။အမှန်ကတော့ လူထုကိုကိုယ်စား ပြုရမှာလေ။ နောက်ပြီးတော့ လက်နက် ကိုင်တပ်တွေနေရာချထားမှုတွေပေါ့။ နောက်ပြီးတော့ စစ်မှန်တဲ့ပြည်ထောင်စု ဆိုင်ရာတန်းတူညီမျှမှုပေါ့။ အဲဒါတွေကို လုပ်နိုင်ဖို့ လိုလာပါတယ်။

Venusးဖက်ဒရယ်ပြည်ထောင်စု ဖြစ် မြောက်သွားရင် လတ်တလောကောင်းကျိုး ဘာတွေခံစားရမလဲခင်ဗျ။

SMTး   လတ်တလော ခံစားရမယ့်ကောင်းကျိုးပြောလို့ရှိရင်၊ အဓိကကတော့ တစ်တိုင်းပြည်လုံး၊  သေနတ်သံ အမှန်စဲသွားလိမ့်မယ်။ လက်နက်ကိုင်လမ်းစဉ်က နေပြီးတော့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ် သွားရင်တန်းတူရေးအခွင့်အရေးတွေရှိပြီး ဆိုရင် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲစရာမလိုတော့ဘူးပေါ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအရ သာကို ခံစားကြရမှာပေါ့။ ကုန်ထုတ်စွမ်းအားတွေမှာလည်း အပြည့်အဝ ရကြမယ် ဆိုရင် တိုင်းပြည်ရဲ့ဝင်ငွေလည်း တိုးလာ မယ်။တိုင်းပြည်မှာရှိတဲ့လူထု ပျော်ရွှင် ချမ်းမြေ့လာမယ်လေ။ ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင် တိုင်းရင်းသားတိုင်း ကကိုယ့်ရဲ့ပြည်နယ်မှာ ကိုယ့်ရဲ့အခွင့် အရေးအပြည့်အဝရတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ အဲဒါဆိုရင် လူတိုင်း လူတိုင်းက ဒီအပေါ်မှာ စိတ်မှန်စေတနာ အမှန်နဲ့လုပ်ကြရမှာပဲ။ ငြိမ်းချမ်းရေး ရသွားပြီဆိုရင် ကုန်စည်စီးဆင်းမှုတွေ၊ ယဉ်ကျေးမှု၊ကူးလူးဆက်ဆံမှုတွေဟာ ဖွံ့ဖြိုးတိုးတက်မှာပဲ။ ငြိမ်းချမ်းရေးရပြီး လူထုတွင်းကြားမှာဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာရင် အာဆီယံထောင်စုနှစ် ရည်မှန်းချက်ဖြစ်တဲ့အဆင့်တွေကို တက်လှမ်းနိုင် ကြမယ် ထင်ပါတယ်။

Venusးအပစ်အခတ်ရပ်စဲရေးငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်လိုလုပ်ဆောင် သင့်ကြတယ်လို့ မြင်ပါသလဲခင်ဗျ။

SMTး   အခုကကျွန်တော်တို့က ပြောမယ် ဆိုလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတဲ့ဧရိယာကိုသွားမယ့် ဟိုဘက်ကမ်းနဲ့ဒီဘက် ကမ်းရောက်အောင်သွားဖို့ လုပ်နေကြတာ လေ။ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ စုပေါင်းပြီးတော့ လိုချင်ပါတယ်လို့ပြောတဲ့မူဝါဒတွေ ချထားတယ်။ ဒီမူကလည်းပဲ လုံးဝတစ်လုံးတစ်ပါဒ ဘာမှမလျှော့ဘူးဆို တဲ့ရပ်တည်မှုတော့မရှိပါဘူး။ဘာလို့ ဆိုတော့ နှစ်ပေါင်း ၆ဝ ကျော် ပဋိပက္ခဖြစ် လာတဲ့ သက်တမ်းမှာလည်းငြိမ်းချမ်းရေး အတွက် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင် တာဒါပဲလို့။တစ်ဖက်မှာလည်းပဲဒီမိုကရေစီ စနစ်ကို အခုမှကူးပြောင်းတည်ဆောက်နေမှု အပေါ်မှာသူတို့မှာလည်း ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့အညီ လုပ်ရမှာလည်းပဲရှိတယ်။ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ဆိုတာကို ထည့်သွင်းစဉ်းစားလာပြီလေ။ အစိုးရအနေ နဲ့လည်း ဒီလိုအကူးအပြောင်းကာလမှာ တည်ဆောက်ရမှာတွေ လုပ်စရာတွေ အများကြီးရှိပါတယ်။မြန်မာနိုင်ငံဒီမိုကရေစီ စနစ်နဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် မယ့်အနေအထားမှာ အစိုးရဘက်ကလည်းလုပ်ဆောင်ရမှာတွေ အများကြီးရှိပါသေး တယ်။ အဲ့ဒီတော့ ချမှတ်ထားတဲ့ မူတွေ အပေါ်မှာညှိနှိုင်းလို့ရတာတွေ အများကြီး ရှိပါတယ်။ နှစ်ဖက်လုံးက အလုပ်လုပ်ကြ ရမှာပါ။အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆိုတာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း နှစ်ဖက်လုံးကဖြတ်ရမယ့်တံတားကြီးဖြစ် လာမှာပါ။

Venusးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြော စရာများရှိရင် ပြောနိုင်ပါတယ်ခင်ဗျ။

SMTး   စင်စစ်မှာတော့တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ခေတ်ကာလကြီး တစ်ခုကို ဖြတ်သန်းခဲ့ကြရတာပါ။ ဖြတ်သန်းခဲ့ရတဲ့ ကာလကြီးထဲမှာပဲ မလိုလား တဲ့ ဘဝအခြေအနေမျိုးတွေ၊ အဖြစ်အပျက် တွေကြုံတွေ့ခဲ့ကြရတာပါ။ ကျွန်တော်တို့ တွေဟာ အရင်တုန်းက ဝါဒဖြန့်ခဲ့ကြသလိုအဖျက်အမှောင့်သမားတွေ မဟုတ်ပါဘူး။
         ပြည်သူတွေအတွက် တန်းတူညီမျှမှု အတွက် အခက်အခဲပေါင်းများစွာနဲ့ ရင် ဆိုင်ခဲ့ကြရတာပါ။ကျွန်တော်တို့ တိုင်းရင်း သား လက်နက်ကိုင်တွေဟာ စစ်ကို လို လားသူတွေ မဟုတ်ပါဘူး။ငြိမ်းချမ်းရေး လိုလားသူတွေပါ။ အရင်တုန်းက ဝါဒဖြန့် ထားသလို သူပုန်တွေမဟုတ်ဘူး။တန်းတူ ညီမျှမှုအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ ကြသူတွေပါ။

ဝင်းဇော်နိုင် ။ အချိန်ပေး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားများ၏ အခန်းကဏ္ဍ

ဝင်းဇော်နိုင်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး...ဒို့အရေးအမျိုးသားပြန်လည် သင့်မြတ်ရေး ဒို့အရေး၊ ဒို့အရေး တိုင်း ရင်းသားများတောင်းဆိုသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဒို့အရေး ဒို့အရေးဟု အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်း ချမ်းရေးနေ့တွင်ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှ ပြည်သူ့ဥယျာဉ်သို့လမ်း လျောက်သောလူမှုအဖွဲ့အစည်းများမှလူ ၅ဝဝ ကျော်ကကြွေးကျော်ခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေ ကြသော အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီအဖွဲ့တို့ပင်ဖြစ်ကြပါတယ်။မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအပါ အဝင် ကမ္ဘာ့နိုင်ငံများကလဲစိတ်ဝင်စားနေ ကြပါတယ်။

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆ဝ ကျော်ကြာပြည်တွင်းစစ်မီးကိုငြိမ်းသက်ဖို့ ကြိုးစားရာတွင် တိုင်းရင်းသားလက်နက် ကိုင်မျာနှင့် ငြိမ်းချမ်းရေးရရှိဖို့ကအဓိကဖြစ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် သာငြိမ်းချမ်းရေး ရရှိသွားပြီဆိုလျှင်ပြည်တွင်းစစ်မီးလဲ ငြိမ်း ချမ်းသွားမှာဖြစ်ပါတယ်။ ပြည်တွင်းစစ် မီးငြိမ်းရန်အတွက် တိုင်းရင်းသားများတောင်းဆိုလျှက်ရှိသော ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးသည်အရေးကြီး သော အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

တိုင်းရင်းသားများတောင်းဆိုလျက် ရှိသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် ဘယ်လောက်အရေးကြီးပါ သလဲဆိုတာ မေးခွန်းထုတ်စရာပါ။ တိုင်း ရင်းသားများ၏ တောင်းဆိုမှုကဏ္ဍမှာပါဝင်နေ ပါတယ်။ တိုင်းရင်းသားလူမျိုး များမရှိလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော်လဲရှိမည်မဟုတ်၊ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည်တိုင်းရင်း သားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့တွင် ကချင်၊ကရင်၊ ကယား၊ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းစော လူမျိုးများမှာသာတိုင်းရင်းသား များ မဟုတ်၊ ဗမာသည် လည်းတိုင်းရင်းသားလူမှိုးစုတစ်စုဖြစ်ပါတယ်။ ဗမာဖြစ် လို့ ကချင်ဖြစ်လို့ ရှမ်းဖြစ်လို့ ခွဲခြားနေ စရာမဟုတ်။အားလုံးသည်တိုင်းရင်းသား များဖြစ်ပါတယ်။အုပ်ချုပ်သူအစိုးရတို့၏ တိုင်းရင်းသားများအပေါ်ခွဲခြားဆက်ခံ ယူမှုများ အနိုင်ကျင့်ဆက်ခံမှုများရှိခဲ့သော ကြောင့် ပြည်တွင်းစစ်ကြီးပေါ်ပေါက်ခဲ့ရကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာကပြောပါတယ်။

''နယ်ချဲ့လက်အောက်ကနေလွတ် မြောက်ဖို့အတွက် အားလုံးပါဝင်ခဲ့ကြတာပဲ စုပေါင်းပြီးတိုက်ခဲ့ကြတာလေ။ လွတ် လပ်ရေးပြီးတော့တိုင်းရင်းသားတွေကို အသိအမှတ်မပြုဘဲ၊နေရာမပေးဘဲ အစိုးရ က လုပ်ချင်တာတွေ့လုပ်တာကြောင့် ကမောက်ကမဖြစ်သွားတာပါ၊ အစက တည်းကစည်းစည်းလုံးလုံးသာရှိခဲ့ရင် ဒီလိုဘယ်ဖြစ်မလဲ အချင်းချင်းအနိုင်ကျင့် မှုတွေဟာ တောက်လျောက်ဖြစ်လာခဲ့တာပါ။ လို့ဦးခွန်ဥက္ကာကဆိုပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကို တိုင်း ရင်းသားများနှင့် သဘောတူညီချက်များရယူပြီးမှသာ အင်္ဂလိပ်နယ်ချဲ့လက်အောက် က လွတ်လပ်ရေးရယူခဲ့ကြခြင်းဖြစ်ပါ တယ်။ ကြားဖြတ်မြန်မာအစိုးရနှင့်တိုင်းရင်းသားများပူးပေါင်း၍ လုပ်ဆောင်မှသာလျှင် ရှမ်း၊ ကချင်နှင့် ချင်းတို့၏ ဒေသများ လွတ်လပ်ရေးမြန်ဆန်စွာရမည်ဟုပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးတက် ရောက်လာသူအားလုံးပဲသဘောတူကြောင်း ပင်လုံစာချုပ်တွင်ဖော်ပြထားပါတယ်။

ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင် ဆန်းအပါအဝင် ဆမားဒူးဝါးဆင်ဝါးနောင်မြစ်ကြီးနား၊ ဇော်လ(ဗန်းမော်၊ လဗန်းဂရောင်း(ဗန်းမော်ချင်းကော်မတီ)၊ စစ်ရွှေသိုက်(ညောင်ရွှေဖလုံ)၊ဦးထွန်းမြင့်၊ ဦးကြာပုစသော ကိုယ်စားလှယ်များက လက်မှတ်ထိုး သဘောတူညီခဲ့သော ပင်လုံစာချုပ်တွင် နယ်စပ်ဒေသများ၏ နယ်သူ နယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများ တွင်အခြေခံများအဖြစ်အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကိုခံစား နိုင်ခွင့်ရှိစေရမည်စသော အချက်အပါအ ဝင်သဘောတူညီချက်၉ ချက်ပါ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြေပြန့်နှင့်တောင်တန်းခွဲခြားရေး အတွက် အင်္ဂလိပ်နယ်ချဲ့ကပြုလုပ်ချင်သော်လည်း ပြုလုပ်၍ မရခဲ့ပါ။ နယ်ချဲ့ ပြုလုပ်၍ မရသော်လည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်းပြည်ထောင်စုသားအားလုံးနားလည်မှုများသဘောထားများကွဲလွဲ သောကြောင့် မြန်မာနိုင်ငံတွင် ကွန်မြူနစ် များကပထမဆုံးသူပုန်ထခဲ့တယ်လို့ ဒီမို ကရက်တစ်ပါတီမြန်မာမှ ဥက္ကဋ္ဌ ဦးသုဝေ ကပြောပါတယ်။
''လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မှာဘဲခြေခံသဘောထားမတူကြတာတွေနားလည်မှုလွဲတာတွေဖြစ်လာတာပေါ့၊ ပထမဆုံးသူပုန်ထတာကကွန်မြူနစ်ပေါ့၊ နောက်ပိုင်းတော့တပ်မတော်သားတချို့လဲတောခိုကြတယ်။ တိုင်းရင်းသားလူနည်း စု တစ်ချို့ကလဲ လက်နက်ကိုင်တိုက်တယ် လေ။ ငြိမ်းချမ်းရေးဟာဘယ်လိုမှမအောင် မြင်ခဲ့ဘူးလို့ ဦးသုဝေကဆိုပါတယ်။

ခေါင်းဆောင်များကပြည်ထောင်စု တည်ဆောက်ရန်အတွက် ပင်လုံမှာလက်မှတ်ထိုးခဲ့ကြပါတ်။ လက်မှတ် ထိုးပြီးမဖော်ဆောင်နိုင်ခဲ့ကြဘူး၊ ဥပဒေ အရ နိုင်ငံသားအားလုံးပြည်ထောင်စုသားအားလုံးဟာ တန်းတူရရှိရေး၊ ငါဗမာ၊ ငါရှမ်းဆိုတဲ့စိတ်ဓာတ်မျိုးမရှိသင့်တော့ ကြောင်း ဦးသုဝေရဲ့အမြင်ကိုပြောပါတယ်။

မြန်မာနိုင်ငံ၏ အစိုးရပိုင်းတွင် လွတ် လပ်ရေးရပြီးစအချိန်၌တိုင်းရင်းသားများ အုပ်ချုပ်ရေးကဏ္ဍ၌ ပါဝင်ခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်းစစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသား လူမျိုး စုများဟာနိုင်ငံတော်ဦးဆောင်မှုပိုင်းအတွက်နေရာမရှိတော့ကြောင်း ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူးဦးစိုင်းညွန့်လွင်ကပြောပါတယ်။
''နိုင်ငံရဲ့လွတ်လပ်ရေးရပြီးပထမ ပိုင်းမှာ သမ္မတကလဲ ရှမ်းစစ်ရွှေသိုက်တို့မန်းဝင်းမောင်တို့ နိုင်ငံခြားရေးဝန်ကြီး တို့ တပ်ပိုင်းမှာလဲပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဟာလဲ ကရင်ပဲ ၆၂ ခုနှစ်နောက် ပိုင်းကြတော့ဘာမှ မရှိတော့ဘူး၊ နောက် ပိုင်းတော့လူမျိုးရေးတိုင်းရင်းသားရေးနဲ့ ပတ်သက်ပြီးထုတ်ပြန်ထားတဲ့အချက်တွေ မရှိတော့ဘူး ကြားတာပဲ''လို့ ဦးစိုင်းညွှန့် လွင်ကဆိုပါတယ်။

မြန်မာ့နိုင်ငံရေးမှာတိုင်းရင်းသား များ၏ အခန်းကဏ္ဍဟာအရေးကြီးပါတယ်။ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်ထောင်စုတစ်ခုအတွက် ဘာသာရေး လူမျိုးစုအရေးတွေအတွက်ကန့်သတ်ချက်တွေ အမိန့်ကြောညာစာတွေရှိနေမည်ဆို ရင် အားလုံးပါဝင်ပူးပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာဘယ်သော အခါမှ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပါ တန်းတူ အခွင့်အရေးများသည် ဒီမိုကရေ စီနစ်ကျင့်သုံးသောနိုင်ငံအတွင်း၌နေထိုင် ကြသော လူသားတိုင်းရရှိခံစာကြရမှာဖြစ် ပါတယ်။

တိုင်းရင်းသားများရဲ့ တောင်းဆိုသံ တွေဟာလဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးတန်းတူညီမျှအခွင့်အရေး ရရှိ ရေးတို့ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းတွင်လူမျိုးပေါင်းစုံဘာသာ ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိပါတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဋ္ဌေးကြွယ်ကပြောပါ တယ်။

မြန်မာနိုင်ငံဟာ ဗမာတစ်မျိုးထဲ နေတာ မဟုတ်ပါဘူး လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ကြတာပါ။ ပြည် ထောင်စုနိုင်ငံအတွက်ဆိုရင် အားလုံးက စိတ်ရှည်ကြရမှာနိုင်ငံရဲ့ပထဝီအနေအ ထားအရ တိုင်းရင်းသားတွေရဲ့ ဧရိယာက ကျယ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အားလုံးလုပ်ဆောင်ဖို့လိုပါတယ်။နိုင်ငံရဲ့ ပထဝီအနေအထားက အင်အားကြီး နိုင်ငံ ၂ ခုက ဘေးမှာရှိနေပါတယ်။ ဗမာရယ်ရှမ်း ရယ်ခွဲပြီးပြောနေကြမယ်ဆိုရင် နောင် အနှစ် ၁ဝဝ မှာ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ် တည်ရှိနိုင်ပါ့မလားစောင့်ကြည့်စရာပါ'' လို့ ဦးဋ္ဌေြး
မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်များပြဿနာသည်ဗမာလူ မျိုးကြောင့်မဟုတ်ဘဲ အုပ်ချုပ်သူအစိုးရ မှာသာတာဝန်ရှိပါတယ်။ ဗမာလူမျိုးများ လည်းအုပ်ချုပ်သူများ၏ လုပ်ရပ်များကို တိုင်းရင်းသားများနှင့် အတူတကွခံစား ကြရတာဖြစ်ပါတယ်လို့အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ အေး မောင်ကပြောပါတယ်။
''အဓိကပြဿနာက တိုင်းရင်းသား တွေကို မသုံးလို့ပဲ နိုင်ငံရေးသမားတွေကြောင့်ဖြစ်ရတာလူထုက နောက်လိုက် ဗျာ မညီမျှမှုတွေကြောင့်ပြဿနာတွေပေါ် ပေါက် ရတာပဲ။ ဗမာလူမျိုးတွေအတွက် တော့ အုပ်ချုပ်တဲ့ လူတန်းစားတွေ က ဘာတွေများလုပ်ပေးခဲ့လို့လဲ ဒီလိုပဲတိုင်း ရင်းသားလူမျိုးစုတွေအတွက်လဲ ဘာ လုပ်ပေးလို့လဲ'' ဒေါက်တာ အေးမောင် ကသုံးသပ်ပြပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းရင်းသားအရေးကိစ္စကိစ္စများထက် အရေးကြီးသောကိစ္စဟူ၍ မရှိပါ။ ကမ္ဘာ့ နိုင်ငံတိုငးအတွက် ငြိမ်းချမ်းရေးသည်အဓိက ဖြစ်သောကြောင့် မြန်မာ့ငြိမ်းချမ်း ရေးအတွက် ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ဗမာ၊ ချင်း၊ပအို့ စသောတိုင်းရင်းသားအားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံ၏ လူဦးရေ ၄ဝ ရာခိုင် နှုန်းဟာတိုင်းရင်းသားလူမျိုးစုများဖြစ်သလို ကမ္ဘာကသိရှိနေသော မြန်မာနိုင်ငံ ၏ မြေပုံပါဧရိယာအကျယ်အဝ်း ၆ဝ ရာ ခိုင်နှုန်းကျော်ဟာတိုင်းရင်းသားလူနည်းစုများနေထိုင်ရာနေရာများဖြစ်သောကြောင့် နိုင်ငံနှင့်ချီ၍ ဘယ်သို့သော ကိစ္စမျိုးမဆို ဆုံးဖြတ်ချက်ချမည်ဆိုလျှင်တိုင်းရင်း သားများကို အစိုးရအနေနှင့်ပြစ် ပယ်ရန် မသင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံြးု့ မှ ဗဟိုအလုပ်မှုဆောင်ကော် မတီဝင်စောတာဒိုမူးက ပြောပါတယ်။

လွတ်လပ်ရေး ရယူစဉ် အချိန်ကာလ တွင်တိုင်းရင်းသားများ၏ နိုင်ငံရေးပါဝင်မှုဟာအရေးကြီးခဲ့ကြောင်းပင်လုံစာချုပ် က သက်သေခံလျက်ပါ ဒီမိုကရေစီရေး လူ့ အခွင့်အရေးအမျိုးသားပြန်လည်သင့်မြတ် ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးငြိမ်းချမ်းရေးစသောစကားလုံးများသည်စကားလုံး အဖြစ်တည်ရှိနေယုံနှင့်မပြီးပါ။ စာရွက်ပေါ် ချရေးနယုံမျှနှင့်လဲပြီးလိမ့်မည်မထင်ပါ။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ဖို့လိုအပ်တယ်ထင်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လဲ တစ်ဦး နှင့်တစ်ဦး ယုံယုံကြည်ကြည်နှင့်လုပ် ဆောင်ကြဖို့လိုအပ်ပါတယ်။ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အချုပ် အခြာ အာဏာပိုင်နိုင်ငံဖြစ်ဖို့အတွက် ငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင် ပြည်ထောင်စုသားအားလုံးတိုင်းရင်းသား အားလုံးဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်ဆောင်ရွက်ကြမှသာလျှင်ငြိမ်းချမ်း ရေးရရှိလိမ့်မည်ဟုယုံကြည်ပါတယ်။

ပါတီနှင့်ငွေ

ဝင်းဇော်နိုင်

နိုင်ငံရေးပါတီတွေဟာငွေကြေးမရှိဘဲ ရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ နိုင်ငံရေးပါတီတွေ၊ ပရဟိတလုပ်နေတဲ့လူမှုအဖွဲ့အစည်းတချို့ဟာ ရန်ပုံငွေရှာဖွေပွဲတွေလုပ်ပြီး ရန်ပုံငွေရှာဖွေနေကြတာ တွေ့ရပါတယ်။ကမ္ဘာပေါ်မှာ အကြီးမားဆုံးစစ်ကြီးဖြစ်သော ပထမကမ္ဘာ့စစ်နှင့် ဒုတိယကမ္ဘာစစ်ဟာ ငွေကြောင့်ဖြစ်ခဲ့ကြရပါတယ်။လူတစ်ဦးတစ်ယောက်ဒုက္ခရောက်နေလျှင် ပါးစပ်ဖြင့်ကူညီနိုင်ခြင်းထက် အတိုင်းအတာတစ်ခုအထိငွေကြေးဖြင့်ကူညီလျှင်ပို၍ထိရောက်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဝင် အဆိုတော်ရသက ပြောပါတယ်။

''ကျွန်တော်တို့ကပါတီလေးတွေပါ။ ကိုယ့်ပါတီမှာ ငွေရှိနေရင်တော့ ရှိရင်ရှိ သလောက် ဒုက္ခရောက်နေတဲ့သူတွေကိုကူညီနိုင်တာပေါ့ဗျာ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကဆိုရင် ကျွန်တော်တို့ သိပ်မသုံးနိုင်ဘူး''လို့၎င်းက ဆိုပါတယ်။

          ငွေဆိုတာ အရာရာကို မပြီးမြောက် သော်လည်း  လူမှုအဖွဲ့အစည်းတွေ၊ အများ အကျိုးသယ်ပိုးဆောင်ရွက်နေသူတွေ၊နိုင်ငံ ရေးပါတီတွေမှာ

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...