Thursday, May 26, 2016

KNU ဟာ ငြိမ်းချမ်းရေးရဲ့အသက်လား...?

ဝင်းဇော်နိုင်
    မြန်မာနိုင်ငံ၏ ၂၀၁၄ နိုင်ငံရေးအခန်း ကဏ္ဍတွင်ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင် သလို တိုင်းရင်းသားစည်းလုံးညီညွတ် ရေး ငြိမ်းချမ်းရေးကိစ်္စများသည်လည်း အရေး ကြီးသောကဏ္ဍတွင် ပါဝင်တယ်လို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က အဖွဲ့ချုပ်ရုံးတွင် ကျင်းပ သော  ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အခန်းအနားပွဲတွင်ပြောကြားပါတယ်။

    အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများဟာလည်း နှစ် ၆၀ ကျော်ကြာပြည်တွင်းစစ်မီး အဆုံး သတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး များကို အဆင်သင့်လုပ်ဆောင်ခဲ့ကြပြီး ယခုဆိုလျှင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကြီးကို ကရင် ပြည်နယ်ဘားအံမြို့တွင် ကျင်းပနိုင်ရန်  အတွက် နှစ်ဖက်အဖွဲ့အစည်းများဟာ ကြိုးစာနေကြပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအများစုဟာ ငြိမ်းချမ်းရေးအတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း  ကော်မတီမှ ၀န်ကြီးဦးစိုးသိန်း ၀န်ကြီးဦးအောင်မင်းအဖွဲ့ဝင်များနှင့်တွေ့ ဆုံဆွေးနွေးကြရသော်လည်းKNU ကရင် အမျိုးသားအဖွဲ့အစည်း ခေါင်းဆောင်များကတော့ သမ္မတကြီးဦးသိန်းစိန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူ :ကြီးမင်းအောင်လိုင်တို့နှင့်တွေ့ဆုံ၍ ငြိမ်း ချမ်းရေးဖြစ်စဉ်များ တပ်ပိုင်းဆိုရာကိစ်္စရပ် များကိုတွေ့ဆုံဆွေးနွေးကြပါတယ်။

    နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဇန်န၀ါရီလ ၅ ရက်နေ့တွေ့ဆုံကြရာတွင် အစိုးရနှင့်KNU တို့အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးထိုးထားသည့် ၂နှစ်ပြည့်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်များပြန် လည် သုံးသပ်ကြပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြတယ်လို့ KNU အထွေထွေအတွင်းရေးမှူးဖဒိုစော ကွယ်ထူးဝင်းက ပြည်တွင်းသတင်းစာများ ၏ အမေးကိုဖြေကြားထားပါတယ်။

    KNU နှင့်သမ္မတကြီး ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုမျိုးသည်  အစိုးရသစ် တက်လာပြီးနောက် ပိုင်း အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ချိန်မှစ၍ ယနေ့အထိဆိုရင် ၄ကြိမ်ရှိသွားပြီလို့လည်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က လဲပြောပါတယ်။

    "KNU ခေါင်းဆောင်တွေအခုလို သမ္မတကြီးတို့နဲ့ တွေ့ဆုံတာ ၄ ကြိမ်မြောက်ဖြစ်သွားပြီး ယုံကြည်မှုတွေ တိုးလာတာပေါ့၊ တစ်ဦးနဲ့တစ်ဦးယုံကြည် လို့လဲတွေ့ဆုံဆွေးနွေးကြတာပေါ့”လို့ ဖဒိုမန်းငြိမ်းမောင်ကပြောပါတယ်။

    နိုင်ငံလုံးဆိုင်ရာ အပစ်အခက်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် ကာကွယ်ရေးဦးစီး ချုပ် ကိုယ်တိုင် ပါဝင်ရန်လိုအပ်သည်ဟု တောင်း ဆိုနေကြသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတချို့၏ အဖြေတစ်ခုလဲ ထွက်ရှိလာပါတယ်။  နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲပြု လုပ်လျှင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်တိုင်ပါဝင်လက်မှတ်ထိုးရန် ဆန္ဒရှိ တယ်ဆိုသော အချက်ပါပဲ။
    “ကျွန်တော်တို့နဲ့တွေ့တုန်းက ဒီအပစ် အခတ်ရပ်စဲရေးကိစ်္စတွေပြောဖြစ်ပါတယ်။ ကာချုပ်ကိုင်တိုင်က စိတ်ဆန်္ဒရှိတာကိုသိခဲ့ရ ပါတယ်”လို့ KNU ဗဟိုအလုပ်မှုဆောင် စောတာဒိုးမူးကပြောပါတယ်။

    KNU  နှင့် သာ ယခုလိုတွေ့ဆုံမှုများ ရှိပြီး အခြားတိုင်းရင်းသားလက်နက်ကိုင် များနှင့်တွေ့ဆုံမှု မရှိခြင်းများသည် ခွဲခြား ဆက်ဆံမှုမဟုတ်ဘဲ ရင်းနှီးမှု ယုံကြည်မှုအပေါ် အခြေခံပါတယ်လို့လဲ ချင်းအမျိုးသားတစ်ဦးဖြစ်သောအတွင်းရေးမှူး  ဒေါက်တာရွှေခါးက   သူ၏အမြင်ကိုပြောပါ တယ်။

    “ကျွန်တော်မြင်တာကတော့KNU က လူအင်အား၊ လက်နက်အင်အားများ လို့လဲမဟုတ်ဘူး။ သူ့ထက်များတဲ့ အဖွဲ့ တွေရှိပါတယ်။ ရင်းနှီးမှု၊ ယုံကြည်မှုကြောင့် လို့ထင်ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများထဲမှာ KNU အတွေ့ အကြုံများတာတော့ အမှန်ပဲ”လို့ ဒေါက်တာ ရွှေခါးကဆိုပါတယ်။

    ကရင်တိုင်းရင်းသားများသည် အခြား တိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက်လဲပါဝင်ခဲ့ကြ ပါတယ်။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ် တော် ရွေးကောက်ပွဲတွင် စုစုပေါင်းမဲဆန်္ဒ နယ် မြေများအဖြစ် ၁၈၂ နေရာသတ်မှတ် ပြီး ရှမ်းအမျိုးသားများ အတွက် ၂၆ နေရာကရင်အမျိုးသားများအတွက် ၂၄ နေရာ၊  ကချင်အမျိုးသားများအတွက် ၇ နေရာ၊ ချင်းအမျိုးသားများအတွက် ၈ နေရာ၊ အင်္ဂလိပ်- မြန်မာကပြားများ အတွက် ၄နေရာ၊ ကရင်နီအမျိုးသားများ အတွက် ၂ နေရာသံလွင်ခရိုင်အတွက် ၂ နေရာဟူ၍ သတ်မှတ်ခဲ့ပါတယ။်

    ယင်းသတ်မှတ်ချက်အပေါ် ကရင် အမျိုးသားများ၏ တောင်းဆိုမှုမှာ ကရင် လူဦးရေ အမျိုးအစားနှင့်အညီ ကရင် အမတ်ဦးရေအားသတ်မှတ်ပေးရန်နှင့် ကရင် အများစုနေထိုင်သည့် ဒေသများ တွင် ကရင် အမျိုးသားများအတွက် သီးသန့် မဲဆန်္ဒနယ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြတယ်လို့ ကရင်မှတ်တမ်း တွင်ဖော်ပြထားပါတယ်။

    ကရင်အမျိုးသားခေါင်းဆောင်များ အကြားရွေးကောက်ပွဲဝင်ရေးမ၀င်ရေး သဘောထားကွဲမှုများရှိခဲ့ပြီြးု့  အတွင်းမှု့ဥ  အမည်ဖြင့်ခွဲထွက်ပြီး  အမည်ဖြင့်ခွဲထွက်ပြီး မန်းဘခိုင်နှင့် စောစံဖိုးသင်ကရွေးကောက်ပွဲ ၀င်ခဲ့ကြပါ တယ်။ စောဘဦးကြီးနှင့် မန်းဘဇံက ရွေးကောက်ပွဲမ၀င်ဘဲ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင်အမျိုး သားကာကွယ်ရေးတပ်မတော် ဖွဲ့စည်း လိုက်ကြပါတယ်။

          ကရင်အမျိုး သားကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်မှာ မန်းဘဇံ ဖြစ်ပြီး ကျေးရွာမြို့နယ်၊ ခရိုင်၊ ဗဟိုဟူ၍ အဆင့်ဆင့်ဖွဲ့စည်းခဲ့ကြပါတယ်။ ခရိုင် ပေါင်း ၂၀ မှ ခရိုင်တာဝန်ခံများ ရွေး ကောက် တင်မြှောက်ကြပြီး၊ လက်နက်ကိုင် တပ်သား တစ်သောင်းကျော်ရှိခဲ့ပါ တယ်။ တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ တွင် ဖဆပလမှ ၉၅ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကရင်တိုင်းရင်းသား များတောင်းဆိုမှုများဟာ အရှိန်မြှင့်လာပြီး ၁၉၄၈ ခုနှစ်ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်၊ ပဲခူး၊ သာယာဝတီ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ ဟံသာဝတီ၊ တောင်ငူ၊ သထုံ၊ ကျိုက်္ခမီနှင့် ကရင်နီနယ်မြေများတွင် ကရင်လူထု ၃ သိန်းကျော်ဆန်္ဒပြပွဲများဖြစ်ခဲ့တယ်လို့ ကရင်မှတ်တမ်းကဆိုပါတယ်။

    “ကရင်ပြည်သူများ၏ တောင်းဆိုမှုများမှစ၍ စောဘဦးကြီး၏ သစ္စာလေးရပ်ပေါ်ထွက်လာပါတယ်။ (၁) လက်နက်ချအညံ့ခံခြင်းအလျှင်မပြောရ၊ (၂) ကရင်လက်နက်တွေ ကရင်ကိုင်ထားရ မည်၊ (၃) ကရင်ပြည်အသိအမှတ်ပြုခြင်း နှင့် ပြည့်စုံရမည်။ (၄) ကရင် ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်”ဟု  ပေါ်ထွက် ခဲ့ပါတယ်။

    ဖဆပလအစိုးရမှ သမိုင်း ခ၀ဲခြံရှိုတပ်များ ၁၉၄၉ ခုနှစ်ဇန်န၀ါရီ လ ၃၀ ရက်နေ့တွင် စတင်တိုက်ပွဲဖြစ်ခဲ့  ပါတယ်။ တိုက်ပွဲဖြစ်ပွားသောကြောင့် မင်္ဂလာဒုံရှိ ဗိုလ်မှူးအောင်စိန်ဦးစီးသည့် အမြှောက်တပ်ကတစ်လုံးက အင်းစိန် သို့ ချီတက်၍ြုီဥ  နှင့် ပူးပေါင်းပြီး ဖဆပလ အစိုးရအားတိုက်စစ်ဆင်ခဲ့ကြပါ တယ်။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင်ြုီဥ မှ အင်းစိန်ကိုသိမ်းပိုက် ခဲ့ကြပါတယ်။ ပြည်တွင်း စစ်ကြီး စတင် ခဲ့တယ်လို့ ကရင်မှတ်တမ်းကဖော်ပြထား ပါ တယ်။

    ၁၉၄၉ ခုနှစ် မှစ၍ ယနေ့အချိန်ထိ လက်နက်ကိုင်လျက်ရှိသော ကရင်အမျိုး သားအစည်းအရုံး KNU တို့မှာ အတွေ့ အကြုံများခြင်း သမ္မတဦးသိန်းစိန်၊ ကာကွယ် ရေးဦးစီးချုပ်နှင့် တွေ့ဆုံမှုများအား အခြားသော လက်နက်ကိုင်တိုင်းရင်းသား များက အပြုသဘောဆောင်သော တွေ့ ဆုံမှုမျိုးဟု သုံးသက်ကြတာပါ။ အစိုးရနှင့် KNU  ဟူ၍ ယုံကြည်မှုတည်ဆောက်ခြင်း များဟာလဲ တိုင်းပြည်အတွက် ငြိမ်းချမ်း ရေးအတွက် အကျိုးရှိလိမ့်မည်ဟု ယုံ ကြည်တယ်လို့လည်း လက်နက်ကိုင် တိုင်း ရင်းသားအဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိ သူများကဆိုပါတယ်။

    နှစ်ပေါင်း ၃၀ ကျော်ကြာမပြီးဆုံး နိုင်သော သေနတ်သံများ ရပ်တန့်သွား ရန်အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်လျှင် သမ်္မတကြီး ဦးသိန်းစိန် ဦးဆောင်သောအစိုးရအဖွဲ့ဟာ ကမ်္ဘာ့အလယ်မှာ ပြောစမှတ်ဖြစ်သွားမှာ ပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဟံသာဝတီဦးဝင်း တင်က ပြောပါတယ်။
    “ပြီးခဲ့တဲ့နှစ်တွေတုန်းကတောင် သမ္မတဦးသိန်းစိန်ဟာ နိုဗယ်စာရင်းဝင် တယ်လေ၊ သူ့လက်ထက်မှာ အပစ်အ ခက်ရပ်စဲရေးလုပ်နိုင်တယ်ဆိုရင် နာမည် ကောင်းက ထပ်ရအုံးမှာပဲ၊ ဘာပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးလက်မှတ်တော့ ရ အောင်ထိုးကြမှာပါ”ဟု ဟံသာဝတီဦးဝင်း တင်က ပြောပါတယ်။

    အပစ်အခတ်ရပ်စဲရေးလက်မှတ် ထိုးကြတယ်ဆိုတာလဲ တစ်ဖွဲ့ထဲနှင့်က အပစ်အခက်ရပ်စဲရုံနဲ့ မရပါဘူး။ မြန်မာ နိုင်ငံမှာ ယခုအစိုးရမှအသိအမှတ်ပြုထား သော လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့၁၇ ဖွဲ့ကျော်ရှိပါတယ်။ ယင်း ၁၇ ဖွဲ့ မှာအစိုးရနှင့် အနီးဆုံးထိတွေ့မှုများကြို့ က အများဆုံးပိုင်ဆိုင်ထားပါတယ်။ အစိုးရနှင့် KNU  ၏ နီးနီးကပ်ကပ်ထိတွေ့ ဆက်ဆံမှုများကြောင့် KNU  ဟာငြိမ်း ချမ်းရေးရဲ့ အသက်လားလို့ပြောဆိုသံတွေ ကြားနေရပါပြီ။

    ယခုမျက်မှောက်အချိန်တွင် အပြု သဘောဆောင်သည့် သဘောထားများ ပူးပေါင်းဆောင်ရွက်မှုများ ရှိမှသာလျှင် နိုင်ငံ တွင်ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးရရှိ မှာ ဖြစ်တယ်လို့ KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင်ကပြောပါတယ်။

    “ကျွန်တော်တို့ တိုင်းပြည်မှာဘာသာ အစွန်းရောက်၊ လူမျိုးရေးအစွန်းရောက် နိုင်ငံရေး၊ အစွန်းရောက် လုပ်နေလို့မရဘူးလို့ အခိုင်အမာယုံကြည်တယ်၊ တိုင်းပြည်အ တွက် လူထုအတွက်ကြည့်ဖို့လိုတယ်၊ အခု ကြိုပမ်းနေကြတာတွေဟာ ဒုတိယခြေလှမ်း ဆက်လှမ်းနိုင်ဖို့ လုပ်နေကြတာပါ”လို့ ဖဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။

    ဖဒိုမန်းငြိမ်းမောင်၏ အဆိုအရ ပထမ ခြေလှမ်းအဖြစ်ကရင်ပြည်နယ်နယ် ဘား အံ့မြို့တွင်ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲကြီး ဘယ်တော့ပြင်လာမလဲလို့လဲပြည်သူများက စိတ်ဝင်စားနေကြပါတယ်။ ဘားအံမြို့ တွင်ကျင်းပမည့်လက်မှတ်ထိုးပွဲကြီး အတွက် သဘောတူညီမှု များရနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် များ KNU နယ်မြေအတွင်း ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံတွင် ထွက်ရှိလာ မည့်သဘောထားများနှင့် အစိုးရ၏အပစ် အခက်ရပ်စဲရေးမူနှင့် တိုက်ဆိုင်ခြင်းရှိ မရှိ၊ နှစ် ဖက်သဘောထားများကို အပြုသဘော ဘယ်လိုဆောင်ကြမလဲ တိုင်းရင်းသား လက်နက်ကိုင်များဘယ်လိုအသံတွေ ထွက်လာမလဲဆိုတာကိုတော့ ပြည်သူများက ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ်စောင့်ကြည့်နေ ကြပါတယ်။ငြိမ်းချမ်းရေးကိုလဲ မျှော်လင့် နေကြပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...