Thursday, May 26, 2016

အမတ်မင်းတွေပြည်သူ့အတွက် ဖြစ်ရဲ့လား . . .

ဝင်းဇော်နိုင်
    ပြည်သူ့အသံလွှတ်တော်အသံ၊  ပြည်သူ့ဆန်္ဒ လွှတ်တော်ဆန်္ဒ၊ ပြည်သူတို့၏    မျှော်လင့်ချက် လွှတ်တော်က ဖော်ဆာင်ရွက်ဟူသည့် လွှတ်တော်ဆောင်ပုဒ် အတိုင်းပြည်သူတို့၏ အကျိုး စီးပွားဖြစ်ထွန်းရန် အမြဲဆွေးနွေးလျက်ရှိနေပါတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက မန္တလေးတိုင်းဒေသကြီးပြည်သူများနှင့် နိုဝင်ဘာလတွေ့ဆုံရာမှာ ပြောကြားခဲ့ပါ တယ်။

    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ် တော်များဖြင့် ၂၀၁၀ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသော အခန်း ကဏ္ဍတွင်ပါဝင်လာကြပါတယ်။ မြန်မာ နိုင်ငံအတွင်းရှိ ပြည်သူများလိုလားသော ဥပဒေများကို
ဖျက်သိမ်းပြုပြင်ဖြည့်စွက် ရေးဆွဲပိုင်ခွင့်များပြည်သူ့အတွက်လုပ် ဆောင်မည်ဟူသော ရည်ရွယ်ချက်များဖြင့် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့ကြပါတယ်။

    ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌကြီးသူရ ဦးရွှေမန်းကလဲ လူထုနှင့် တွေ့ဆုံပွဲများတွင် လွှတ်တော်ဆောင် ပုဒ်နှင့် အညီလုပ်နေ ကြောင်းကိုမကြာခဏပြောကြားပါတယ်။ လွှတ်တော်အတွင်းမှာ လယ်ယာမြေ ဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ ကိုယ်ပိုင် ကျောင်းမှတ်ပုံတင် ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေအပါအ၀င်  ဥပဒေများ ကို ပြင်ဆင်ဖြည့်စွက်၊ ဖျက်သိမ်း၍ ပြဌာန်း နိုင်ခဲ့ကြပါတယ်။

       ဥပဒေများအပြင် ကော်မရှင်များဖွဲ့စည်းပြီးလုပ်ဆောင်နေကြပါ တယ်။ လွှတ်တော်ကိုယ်စားလှယ် လောင်းများက ၂၀၁၀ ရွေးကောက်ပွဲ အတွက်မဲဆွယ်စဉ်အချိန်မှာ မဲဆန်္ဒနယ် ပြည်သူလူထုအတွင်း ဆင်း၍ လူထုအတွက် အလုပ်လုပ်မည်ဖြစ်ကြောင်း မိမိရဲ့ မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ကတိအထပ်ထပ်ပေး၍ မဲဆွယ်ခဲ့ကြတယ်။ လိုင်သာယာ ၁၈ ရပ်ကွက် ၀န်းကျင်ကို လာရောက်မဲဆွယ်ခဲ့ကြသော ပါတီအမျိုး သားဒီမိုကရေစီပါတီတို့ လာရောက်စည်း ရုံးရေး ဆင်းခဲ့ကြတယ်လို့လိုင်သာယာ ၁၈ ရပ်ကွက်တွင်နေထိုင်သူ ကိုစန်းနိုင်က ပြော ပါတယ်။

    “မဲဆွယ်စဉ်ကာလတုန်းကတော့ မက်လုံးတွေအများကြီးပေးခဲ့တာပဲ၊ လွှတ် တော်ထဲလဲရောက်သွားရော မြို့နယ် ထဲ တောင် လာတယ်လို့ မကြားရတော့ဘူး”လို့ ကိုစန်းနိုင်ကဆိုပါတယ်။

    လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ့်တာဝန်ကိုယ်လုပ်ဆောင်နေကြပါ တယ်။  ကိုယ်စား လှယ်လောင်း များဟာ ဥပဒေပြုရေးကိုအဓိကထားလုပ် ဆောင်ကြ ပါတယ်။ လွှတ်တော်ထဲရောက်လာဖို့အ တွက်ကိုယ်စားလှယ်များဟာ ထိုက်တန် ညီမျှတဲ့ ပေးဆပ်မှုတွေပေးခဲ့ရကြောင်း တာမွေမြို့နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဒေါ်လဲ့လဲ့ဝင်းဆွေကပြောပါတယ်။

    “လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေအတွက် စွန့်လတ်စွန့်စားပြီး လုပ်ဆောင်နိုင်ရမယ့် ပြည်သူ့အတွက် အလုပ်လုပ်မှ ပြည်သူတွေသိလာမှာ လူထုနဲ့အဆက်ပျက်ခံလို့လဲမဖြစ်ဘူး”လို့ ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုပါတယ်။

    လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တွင် တစ်ထောင်ကျော်ရှိပါတယ်။ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင်တစ်မြို့နယ်လျှင် နှစ်ဦးကျဖြင့် ပြည်သူများက ရွေးချယ်တင်မြှောက်ထားကြပါတယ်။ လွှတ်တော်ကိုယ် စားလှယ်များဟာ ပြည်သူလူထုနှင့် နီးစပ် မှုမရှိဘူးလို့ဝေဖန်သံတွေထွက်ပေါ်နေပါ တယ်။

    ပြည်သူလူထုအတွက်အလုပ် လုပ်ရန် ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး တာဝန်ပေး ထားတာပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့် ၂၀၁၀ မှာ ရွေးကောက်ပွဲကြီးပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ လွှတ် တော်ကိုယ်စားလှယ်အများဟာ ပါတီ ၀င်ခိုင်းလို့ ၀င်ရတဲ့လူတွေ များနေပါတယ်။ ပြည်သူ့အတွက်အလုပ်အကျွေးပြုချင်လို့ ၀င်တဲ့ကိုယ်စားလှယ်ဟာအရေအတွက် အားဖြင့်နည်းပါတယ်လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။

    လွှတ်တော်အတွင်းရောက်ရှိနေသော နိုင်ငံရေးပါတီ ၁၅ ခုကျော်မှ ကိုယ်စားလှယ် လောင်းများဟာ အများဆုံးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဥပဒေပြု ခြင်းဆိုင်ရာကိစ်္စများတွင်လဲ ပြည်သူလူထု အတွက် ချက်ခြင်းအကျိုးသက်ရောက် သော ဥပဒေများပြဌာန်းနိုင်ခြင်းနည်းပါး ကြောင်းကိုလဲလူထုအတွင်းမှ လွှတ်တော် စောင့်ကြည့်လောသူများကဆိုပါတယ်။ မဲဆွယ်စဉ်ကပေးခဲ့သော ကတိက၀တ် များကို လဲမေ့သွားပြီထင်ကြောင်းကို ရပ်ကွက်နေပြည်သူများက ပြောဆိုနေကြ ပါတယ်။

    ပြည်သူများရွေးချယ်တင် မြောက် လိုက်သော ကိုယ်စားလှယ်လောင်းများ ဟာ ဥပဒေပြဌာန်းမှုအလုပ်လို့ ပြောကြ သော်လဲ အကျိုးသက်ရောက်မှုနည်းနေ ပါတယ်။ လယ်သမားများအတွက်အကျိုး ရှိမည်ဖြစ်သော လယ်ယာမြေဥပဒေသည် လည်း လက်တွေ့တွင် ထူးခြားမှုမရှိပါဘူး လို့ မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ် မှ လယ်သမားဦးဟန်ဦးက ဆိုပါတယ်။

    “မဲဆွယ်စဉ်ကာလနဲ့တော့ တစ်ခြား စီပါ၊ ပွင့်ဖြူမြိုကနယ်ကနေ ထွက်သွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တွေ ၂၅ ရာခိုင်နှုန်းတောင်မပြည့်ဘူး သူတို့လုပ်တာတွေတွေ့ရတာတော့လေ ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မယ် ပြောပြီး အဲဒါလဲ မလုပ်ပါဘူး၊ ပေါင်း (တံတား)တွေ လမ်းတွေ၊ မီးတွေ ပြောခဲ့တယ် ဘာမှ မထူးခြားသေးဘူး”လို့ ဦးဟန်သာကပြောပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲမှ ၀င်ရောက် လာသော လွှတ်တော်ကိုယ်စားလှယ်များ ဟာ ပြည်သူလူထုကို အကျိုးပြုမယ်ဆို တဲ့ ရည်ရွယ်ချက်နဲ့ဝင်ရောက်လာသလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်လာတဲ့ လွှတ်တော်ကိုယ်စား လှယ်များဟာ ရည်ရွယ်ချက် အပြည့်အ၀နဲ့ လွှတ်တော်ကိုဝင်ရောက်လာတာပါလို့ လှည်းကူးမှ ၀င်ရောက်အရွေးခံခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

    “ကျွန်တော်တို့ လွှတ်တော်ကို ရည်ရွယချက် ၃ ခုနဲ့ ၀င်ရောက်ခဲတာပါ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးပေါ့ ဒါတွေပုံပေါ်လာနေပြီလား ပြောရဲပါတယ်””လို့ဦးဖြိုးမင်းသိန်းကဆိုပါ တယ်။

    လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းအဆိုတင်သွင်းမှုများ တွင် ရည်ရွယ်ချက် အမျိုးမျိုးရှိနေကြပါ တယ်။ လွှတ်တော်အတွင်းက တချို့သော ဥပဒေများသည်နောင်လာမည့် ၁၅ နှစ် လောက်မှ အကျိုးသက်ရောက်မည့်ဥပဒေ များ၊ ယခုခေတ်စားလူပြောများနေသော ၁/ ၂၀၁၂ ကပြဌာန်းခဲ့သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေဖြစ်ပါတယ်။

    လွှတ်တော်၏ ဥပဒေပြုပြင်ခြင်း ဆိုင်ရာကိစ်္စများတွင် လွှတ်တော်အ စောပိုင်းပြဌာန်းခဲ့သော ဥပဒေများ သည် အုပ်ချုပ်သူများကတင်ပြလာသော ဥပဒေ များဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းက တင်ပြ သော ဥပဒေများတွင် ငြိမ်ဝပ်ပိပြားရေးကို ပဲ အဓိကထားတယ်လို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်း(သီပေါ) က ပြောပါတယ်။

    “ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြ လာတဲ့ဟာတွေက အုပ်ချုပ်ရေးပိုင်းလေ သူတို့ကြည့်တာက ငြိမ်ဝပ် ပိပြားရေးရှု ထောင့်ကနေ ကြည့်တယ်ပေါ့။ တချို့က လဲ မဲဆန်္ဒနယ်က ကျောင်းကိစ်္စ၊ ဆေး ပေးခန်း ကိစ်္စတွေလေ၊ အဖွဲ့အစည်းဆိုင် ရာ ဥပဒေဆိုရင်လဲ ပထမတစ်ခါသတင်းစာ က တင်ပြလိုက်တာ မီဒီယာတွေ လူမှုအဖွဲ့ အစည်းတွေက ဝေဖန်လိုက်ကြလို့အခု ပြင် ဆွဲထားတာကောင်းပါတယ်။ လွှတ်တော် ထဲကလဲ တဖြည်းဖြည်းခြင်းတိုးတက်လာ ပါတယ်”လို့ ဦးရဲထွန်း (သီပေါ) က ဆိုပါ တယ်။

    လွှတ်တော်အမတ်များနှင့် ပတ်သက် ၍ ပြည်သူလူထုကလဲ စောင့်ကြည့်နေ ကြပါတယ်။ ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော်ကိုယ် စားလှယ်များဟာ မဲဆန်္ဒနယ်အတွက် သို့မဟုတ် တိုင်းပြည်အတွက် ဘယ် လောက် လုပ်ဆောင်နိုင်လဲဆိုတာ ပြည်သူ များက စိတ်ဝင် စားကြပါတယ်။ နောင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြည်သူများကလဲအလုပ်လုပ်သော ကိုယ် စားလှယ်များကိုသာ ရွေးချယ်တင် မြောက်ကြမယ်လို့ပြောဆိုနေကြပါတယ်။

    "လွှတ်တော်ကိုယ်စားလှယ်တွေမှာ လဲ အားနည်းချက်တွေရှိနေပါတယ်။ ကိုယ် စားလှယ်တွေဟာ မိမိရဲ့ မဲဆန္ဒနယ်နဲ့ အဆက်မပျက်ဖြစ်နေဖို့လိုပါတယ် အမြဲတမ်းလူထုနဲ့ထိတွေ့နေရမယ်၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ မှာ ရုံးခန်းမရှိတဲ့အတွက် လူထုနဲ့ အဆက် ပျက်နေကြတယ်" လို့ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုသင်း က ပြောပါတယ်။

    “လွှတ်တော်ကိုယ်စားလှယ်တွေ အလုပ်လုပ်ခြင်းမလုပ်ခြင်းဟာ စိတ်စေတနာနဲ့ လဲဆိုင်ပါတယ်၊ တချို့က လုပ် လုပ်ပိုင်ခွင့်တွေရှိတယ်၊ လုပ်နိုင်တယ်၊ အကြောင်းအမျိုးမျိုးပြပြီးလုပ်မပေးတာ၊ လူထုအတွက်လုပ်ချင်တဲ့စိတ်ဆန္ဒရှိဖို့က အဓိကပါ”လို့ဒေါ်ညိုညိုသင်းက ဆိုပါ တယ်။

    လွှတ်တော်ကိုယ်စားလှယ်များအ ပေါ် ပြည်သူလူထုက ကောက်ချက် အမျိုး မျိုးပေးသံတွေ ထွက်နေပါတယ်။ လွှတ် တော်ကြီးဟာလဲ ပြည်သူ့ဆန်္ဒလွှတ် တော်ဆန်္ဒနဲ့အညီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ် များကိုကြည့်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တော့ ပြည်သူလူထုဟာ စီစစ်ကြပါတော့ မယ်ဆိုတဲလူထုရဲ့ အသံတွေထွက်ပေါ်နေ ပါပြီ လူထုကြည့်တာကတော့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဟာ လွှတ် တော်တွင်း၌ အဆိုတွေဘယ်လောက် တင်သွင်းလဲ ထွက်ရှိလာတဲ့ဥပဒေဟာ  လူထုကို ဘယ်လောက်အကျိုးပြုလဲ ကိုယ့် မဲဆန်္ဒနယ်မှာ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေဘယ်လောက်လုပ်ဆောင် သလဲဆိုတာပဲဖြစ်ပါတယ်။

    ပြည်သူတွေက လွှတ်တော်ကိုယ် စားလှယ်ရွေးချယ်ပြီးတဲ့အခါမှာ အောက်ခြေ အလုပ်သမား လူတန်းစားတွေ အတွက် ကုန်ဈေးနှုန်းတွေ ရေ၊ မီး မိသားစု လုံခြုံရေးတွေဒါတွေကို လွှတ်တော်ထဲ ကနေ လုပ်ဆောင်ပေးစေလိုပါတယ်လို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ၁၆ရပ်ကွက်မှ ကိုထွန်းက လဲပြောပါတယ်။

    “ဒီမြို့နယ်ကနေ တက်သွားတဲ့ ကိုယ် စားလှယ်ပဲ ဒီမြို့နယ်အတွက် သူ့မှာ တာဝန်ရှိတာပေါ့၊ မိုးတွင်း ဆိုရပ်ကွက်ထဲ မှာ ရေကြီးရေလျှံဖြစ်နေတယ်၊ ကိုယ် စားလှယ်ကော သူ့ပါတီကော ဘာမှ မလုပ်ဘူး၊ လမ်းတွေပြင်တာလဲ တစ်ဝက်တစ်ပျက်ပဲ၊ ကျွန်တော်တို့ မျှော် လင့်ပါတယ်၊ မျှော်လင့်ထားတာတွေ ဖြစ်မလာဘူး”လို့ ကိုထွန်းကဆိုပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲမှာ ပွင့်လင်းမှု၊ လွတ်လပ်မှုများရှိမည်ဆိုရင် သေချာစီစစ် ရွေးချယ်ကြတော့မှာပါ။ စာရွက်ထဲမှာ လုပ်ပုံကိုင်ပုံတွေပြပြီးလက်တွေ့မလုပ်ဆေင် သောလွှတ်တော် ကိုယ်စားလှယ်ကို မဲပေးဖို့ ဆိုတာတော့မဖြစ်နိုင်တော့ဘူး၊ ပြည်သူ့အတွက် ဖြစ်မယ့် ကိုယ်စားလှယ်ကိုသာ မဲပေးမှာပါလို့ ကိုထွန်းက ပြော ကြားပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံ ရေးပါတီများဟာ မကြာခင်ပြင်ဆင်ကြ တော့မှာပါ၊ မဲဆန္ဒရှင် ပြည်သူတွေလိုပဲ ပါတီမှ မဲဆွယ်စည်းရုံးရေးမှူးများ လွှတ် တော်ကိုယ်စားလှယ်လောင်းများဟာ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်သူ လူထုအားကို ကတိက၀တ်တွေပေးကြတော့ မှာပါ ပြည်သူ လူထုကလဲ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခွင့်ရှိမည်ဆိုလျှင် မိမိမဲဆန္ဒနယ်က အမတ်လောင်းကိုရွေး ချယ်စီစစ်ကြတော့မှာပါ လွှတ်တော်တွင်းသို့ ရောက်ရှိနေသော အနိုင်ရအမတ်မင်း တွေ ပြည်သူ့အတွက် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းတွေလဲ လူထုအတွင်းမှာ ပြန့်နှံ့ နေပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...