Friday, November 10, 2017

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်စက်လေပါပဲ ညီမလေးရေ

နိုဝင်ဘာမှာဘဲ တို့တတွေ စတွေ့ခဲ့တယ်။ ဇာတ်လမ်းတိုလေး တစ်ပုဒ်ဆိုပေမယ့် မှတ်တမ်းဝင် ဇာတ်လမ်း လေးပါ၊ ဘယ်မှာစခဲ့တယ်လို့ ပြောဖို့ မလွယ်သလို ဘယ်မှာဆုံးတယ်လို့ ပြောဖို့လည်း ခတ်တဲ့ တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ တမ်းတမ်းတတ ဆွေးဆွေးမြေ့မြေ့နဲ့ သံသရာ ဘယ်လောက်ရှည်နေ မလဲ မသိသေးဘူးနော်။

Wednesday, November 8, 2017

မပြီးဆုံးသေးသော သမိုင်းစာမျက်နှာ အပိုင်း - ၂

မပြီးဆုံးသေးသော သမိုင်းစာမျက်နှာ (သို့မဟုတ်) ရှစ်လေးလုံး အရေးတော်ပုံ (အပိုင်း- ၂ )

Tuesday, November 7, 2017

မပြီးဆုံးသေးသော သမိုင်းစာမျက်နှာ

မပြီးဆုံးသေးသော သမိုင်းစာမျက်နှာ (သို့မဟုတ်) ရှစ်လေးလုံး အရေးတော်ပုံ (အပိုင်း- ၁ )

ဓာတ်လိုက်သေဆုံးသွားသည့် ကျောင်းသားလေး သတင်း

 မြောက်ဥက္ကလာပ မြို့နယ်တွင် ဘောလုံးကောက်ရာတွင် ဓာတ်လိုက်သေဆုံးသွားရသည့် ကျောင်းသားလေးအကြောင်း

Monday, November 6, 2017

ငြိမ်းချမ်းရေး မျှော်လင့်ချက်နဲ့ ၂၁ ရာစု ပင်လုံ

ဝင်းဇော်နိုင်

” နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ” ဆိုတဲ့ ကိစ္စဟာ အငြင်းအခုံတွေနဲ့ စိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး မှုပူးတွဲကော်မတီUPDJC အစည်းအဝေးအပြီး အခန်းထဲက ပအို့ဝ်တိုင်းရင်းသားဝတ်စုံနဲ့  ထွက်လာပြီး သတင်းသမားများ အမေးကို အတက်နိုင်ဆုံး ဖြေပေးနေသူကတော့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ အငြင်းပွားမှု အများဆုံးနဲ့ လူစိတ်ဝင်စားမှုကိစ္စ အဆင်မပြေမှုတွေထဲမှာ ခွဲမထွက်ရဆိုတဲ့ စကားရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး တစ်ခုလုံးအတွက် မျှော်လင့်ချက်ကြီးတစ်ခုလို ဖြစ်ခဲ့ရပါတယ်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အငြင်းပွားမှုအပြင်းထန်ဆုံးကိစ္စကို အစိုးရနဲ့ တပ်မတော် က အတည်ပြုဆုံးဖြတ်ချက်ချလိုက်မှာကို ဝင်ရောက်ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပါ အဝင်၊ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြည်သူတွေအားလုံးက ၂၁ ရာစု ငြိမ်းချမ်းရေး မျှော်လင့် ချက်တွေနဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာ စောင့်ကြည့်ပြီး ၂၁ ရာစုပင်လုံ ညီလာခံကြီးမှာ ဘာတွေဖြစ်လာမလဲလို့ စိုးတထိတ်ထိတ်နဲ့ နားစွင့်နေကြပါတယ်။

စစ်အုပ်ချုပ်ရေး ပြန်လည်ဦးမော့လာသော နေရာ

သစ္စာနိုင်

ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်နေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်တပ်ကရက်၉၀ စစ်အုပ်ချုပ်ရေးပြုလုပ်ထားပါတယ်။ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဘက်မှာတော့ တရုတ်ကြေးစားစစ်သားများ၊”၀” အဖွဲ့၊ မိုင်းလား၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာင်းလွတ်မြောက်ရေးတပ်မတော်စသဖြင့်တိုင်းရင်းသားလက်နက်ကိုင်များလည်း ပါဝင်နေတယ်လို့ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ဓာတ်ပုံအထောက်အထားများနဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောလိုက်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာအမိန့်ပေးသံတွေကတော့ တရုတ်ဘာသာစကား၊ ကချင်ဘာသာစကား၊ ၀ဘာသာစကားတွေနဲ့ တိုက်ပွဲအတွင်းပါဝင်နေတဲ့အရာရှိစစ်သည်တွေဆီက ကြားရတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကဆိုပါတယ်၊ ဖမ်းဆီးရမိတဲ့အထဲမှာတရုတ်လူမျိုးတရားခံ ရှစ်ယောက် ပါနေလို့ သူတို့ဆီက ပြောကြားချက်တွေကတဆင့်လည်း သိရပါတယ်လို့ပြောပါတယ်။
ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့မြန်မာတပ်မတော်တို့ တိုက်ပွဲများက ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတာပါ၊ နယ်မြေစိုးမိုးရေးအတွက်တပ်မတော်က ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ရက်ပေါင်းကိုးဆယ်လို့ ကြေညာထားပါတယ်။

လုပ်ပွဲနဲ့ စစ်ပွဲ

ဝင်းဇော်နိုင်

မြန်မာ့တပ်မတော်နဲ့ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့တို့အပစ်အခတ်များကြောင့် တပ်မတော်သားများ အကျအရှုံးရှိသလို ဒေသခံပြည်သူလူထုလည်း ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်၊လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သတ်ပြီးတော့ လုံးဝ အလျော့ပေးမှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်က စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

“လောက်ကိုင်ဖြစ်စဉ်သည်အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်းကြားရှင်ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အဖွဲ့သည်လောက်ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အားဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ကြောင်း၊နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်းတစ်ခုအား တိုက်ခိုက်လာခြင်းဖြစ်၍ တပ်မတော်အနေဖြင့်လုံးဝ လက်မခံနိုင်ကြောင်း၊ လုံးဝလျော့၍မရကြောင်း” ကာကွယ်ရေးဦးစီးချုပ်က ပြောထားပါတယ်။

ထိုးစစ်ဆင် တိုက်ခိုက်မှုများနဲ့ NCA ပြဿနာ

ဝင်းဇော်နိုင်

“ထိုးစစ်ဆင်မှု ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ တိုင်းပြည်လည်းမွဲစိတ်ဝမ်းကွဲလို့ စစ်ပွဲတွေရပ်သင့်ပြီ၊ တချို့တွေ နေနိုင်လွန်းတယ်၊ ကမ္ဘာတည်ရှိသ၍ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ”စာသားများပါဝင်တဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကာအောက်တိုဘာ ၈ ရက်နေ့ကရန်ကုန်မြို့ ဆူးလေးဘုရားအနီး မဟာဗန္ဓုလပန်းခြံဘေးမှာကချင်ပြည်နယ်တွင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။
 
စက်တင်ဘာလကစတင်ပြီးကချင်ပြည်နယ်တွင် တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများအနည်းငယ် ပြုလုပ် လာရာမှ အောက်တိုဘာလပထမပတ်အတွင်းလေယာဉ်များကို အသုံးပြုပြီး စခန်းသိမ်း တိုက်ပွဲများပြု လုပ်လာတာတွေ့ရပါတယ်။ တပ်မတော်ရဲ့ လက်နက်ကြီး ပစ်မှုကြောင့်လည်းအသက်တစ်နှစ် ကိုးလအရွယ် မန်ရှန်ဇုန်းမျှော်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။

အစိုးရဖြေရှင်းရမယ့် သေနတ်သံများ

“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ ပြောပြောနေတဲ့ဟာက တပ်မတော်နဲ့ပဲ အမျိုးသား ရင်ကြားစေ့ရေး လုပ်နေတယ်၊ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို မလုပ်သလိုမျိုး တို့ခံစားမိတယ်ဗျာ” လို့ တိုင်းရင်းလက်နက်ကိုင်ခေါင်းဆောင် အများစုကတော့ အစိုးရဖော်ဆောင်နေတဲ့ အမျိုး သားရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသံတွေ ထွက်နေပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးကို အစိုးရ အဆက်ဆက်တို့ ချုပ်ငြိမ်းဖို့ ဘယ်လိုမှ မလုပ်နိုင်ခဲ့ ကြပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး ပေါ်ပေါက်လာတဲ့ မူဝါဒ လမ်းစဉ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရလည်း မဖြေရှင်းနိုင်ခဲ့သလို ဒီ (၂၀၀၈) ဖွဲ့စည်းပုံ အောက်ကပဲ နောက်အစိုးရ တစ်ဆက်ပြောင်း ၂၀၁၅ ရွေးကောက်ပွဲက တက်လာ တဲ့ အစိုးရ ဘယ်လိုဖော် ဆောင်နိုင်မလဲ၊ အခုထိတော့ သေနတ်သံတွေနဲ့သာ တိုင်းရင်းသား ဒေသအချို့မှာ ဆူညံနေပါတော့တယ်။

မအောင်မြင်သေးတဲ့ တော်လှန်ရေး

စစ်အာဏာရှင်ဦးနေ၀င်း အာဏာသိမ်းတဲ့ ရက်ဖြစ်တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ် သမားနေ့အဖြစ်    သတ်မှတ်ခဲ့ပါတယ်။ယနေ့အချိန်တွင် တောင်သူလယ်သမားများနှင့် နိုင်ငံရေးပါတီတစ်ချို့က အာဏာသိမ်းတဲ့ရက်ကိုတောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ထားတဲ့အတွက် ပြောင်းလဲကျဖို့ တောင်းဆိုသံတွေ ထွက်လာပါတော့တယ်။

တောင်သူလယ်သမားနေ့ဆိုတာတောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ထားတဲ့ရက်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာတောင်သူလယ်သမားများကြောင့် နိုင်ငံရဲ့ ဖွင့်ဖြိုးတိုးတက်မှု တဆင့်ခြင်းတိုးတက်လာခဲ့ချင်းဖြစ်ပါတယ်။


အခြေခံလူတန်းစားများဖြစ်တဲ့တောင်သူလယ်သမားတွေကတော့ ကျောမွဲဘ၀က တက်လာခဲ့ခြင်းမရှိပါဘူး၊ တောင်သူလယ်သမားတွေရဲ့ဘ၀ကလယ်မြေထဲမှာဘဲ အချိန်တွေကုန်ဆုံးပြီး သူတို့တက်ကျွမ်းတဲ့

ချစ်တဲ့ စက်တင်ဘာ

ငါ့ရင်ခွင်တစ်ခုလုံး ငါ့နှလုံးသားကို မင်းအသုံးပြုစေတော့ရယ်လို့ ငါ့နှလုံးသားကိုစတေးပြီး အသက်နဲ့ရပ်တည်ဖို့ ငါဟာအရုပ်တစ်ခုလို လှုပ်ရှားသွားလာနေရတယ်။
ဟုတ်တယ် ၂၅- ၂၇ ရက်တွေမှာ ငါပျော်ခဲ့တယ် သတိတရ သိမ်းဆည်းလောက်တဲ့ အချစ်မျိုးတွေ ငါပိုင်ဆိုင်ခဲ့တယ် ကျေးဇူးတင်တာပေါ့။


လမ်းတွေလျှောက်ကြတယ် ညရဲ့ အလှတွေကြားမှာ ငါတို့ ပိုင်ဆိုင်ဖို့ထက် အချစ်တွေ တိုးပွားဖို့

ပစ်ချခဲ့တဲ့ အလွမ်းတွေ

ကန်ဘောင်က လှေခါးထစ်တွေ အမြန်တက်ပြီး
အလွမ်းတွေကို အုတ်မြစ်ချခဲ့တာ မင်းပါ။
တိတ်ဆိတ်လွန်းတဲ့ ညလယ်မှာ
တစ်ယောက်ကိုယ်တစ်ယောက်
ငါတို့နှစ်ယောက် ရေတွက်ခဲ့ကြတယ်။

ကံဆိုးသောည

အချစ်ဆုံးမို့ အချစ်တွေဆုံးတာ
ငါကျေနပ်နေမှာပါ…
သတိရမှုကနေ့တိုင်းဆိုတော့
ငါခံစားရတာပေါ့….
သံဇဉ်လိုချိုမြ စကားလှလှတွေ
ငါခဏ ခဏ ကြားနေတယ်..
ရေစက်မဆုံလို့ ကံမဆုံသေးသမျှ
ငါလွမ်းနေအုံးမှာ..

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...