Monday, November 6, 2017

မအောင်မြင်သေးတဲ့ တော်လှန်ရေး

စစ်အာဏာရှင်ဦးနေ၀င်း အာဏာသိမ်းတဲ့ ရက်ဖြစ်တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ် သမားနေ့အဖြစ်    သတ်မှတ်ခဲ့ပါတယ်။ယနေ့အချိန်တွင် တောင်သူလယ်သမားများနှင့် နိုင်ငံရေးပါတီတစ်ချို့က အာဏာသိမ်းတဲ့ရက်ကိုတောင်သူလယ်သမားနေ့အဖြစ်သတ်မှတ်ထားတဲ့အတွက် ပြောင်းလဲကျဖို့ တောင်းဆိုသံတွေ ထွက်လာပါတော့တယ်။

တောင်သူလယ်သမားနေ့ဆိုတာတောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ထားတဲ့ရက်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာတောင်သူလယ်သမားများကြောင့် နိုင်ငံရဲ့ ဖွင့်ဖြိုးတိုးတက်မှု တဆင့်ခြင်းတိုးတက်လာခဲ့ချင်းဖြစ်ပါတယ်။


အခြေခံလူတန်းစားများဖြစ်တဲ့တောင်သူလယ်သမားတွေကတော့ ကျောမွဲဘ၀က တက်လာခဲ့ခြင်းမရှိပါဘူး၊ တောင်သူလယ်သမားတွေရဲ့ဘ၀ကလယ်မြေထဲမှာဘဲ အချိန်တွေကုန်ဆုံးပြီး သူတို့တက်ကျွမ်းတဲ့
စပါးစိုက်ချင်း၊ သစ်သီးဝလံများစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်ပါတယ်။
တောင်သူလယ်သမားများကိုမြန်မာနိုင်ငံတွင်တော့ ကျေးဇူးရှင် လယ်သမားကြီးများလို့လည်း သတ်မှတ်ထားပါတယ်၊ ကျေးဇူးရှင်လယ်သမားများဟာ နိုင်ငံနဲ့လူမျိုးအတွက် သူ့ကျွန်ဘ၀ရောက်စဉ်ကလည်း လက်နက်ဆွဲကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။


မြန်မာနိုင်ငံသမိုင်းတွင်မေ့ဖျောက်ပစ်လို့ မရတဲ့ တောင်သူလယ်သမားတွေရဲ့ သမိုင်းများစွာထဲမှာ ထင်ရှားကျော်ကြားတာကတော့အင်္ဂလိပ်လက်ထက် တောင်သူလယ်သမားတော်လှန်ရေးကြီးဖြစ်ပါတယ်၊ တောင်သူလယ်သမားတွေ နယ်ချဲ့ကျွန်ဘ၀ကလွတ်မြောက်ဖို့၊ အမိမြန်မာနိုင်ငံတော်ကြီး ကိုလိုနီကျွန်ဘ၀က လွတ်မြောက်ဖို့၊ သမိုင်းဝင်တော်လှန်ရေးကြီးကိုဆရာစံ ဦးဆောင်ပြီး လယ်သမားများ အခွန်တော်ပြဿနာက စပြီး နေမ၀င်အင်ပါယာကြီးကို လက်နက်ဆွဲကိုင်တော်လှန်ခဲ့ကြပါတယ်။

ဆရာစံဦးဆောင်တဲ့တောင်သူလယ်သမားတွေဟာ ရရာလက်နက်ဆွဲကိုင်ပြီး ၁၉၃၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး  ဗြိတိသျှ အစိုးရကို ဆရာစံရဲ့ ဂဠုန်တပ်ဖွဲ့တွေက စိန်ခေါ်လိုက်ပါတယ်၊တောင်သူလယ်သမားတွေ စလိုက်တဲ့ တိုက်ပွဲတွေထဲမှာ ဖားရွှေကျော် တိုက်ပွဲအပါအ၀င် ၁၉၃၁ ခုနှစ်သို့ရောက်ရှိလာခဲ့ပါတယ်၊တိုက်ပွဲတွေ များလာတာနဲ့အမျှ ဗမာပြည်အောက်ပိုင်း၊ အထက်ပိုင်း၊ အလယ်ပိုင်း အပါအ၀င် ရှမ်း၊ကချင်၊ ကရင်၊ ချင်း စတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ တော်လှန်ရေးကြီးကြောင့်အင်္ဂလိပ်အစိုးရနဲ့ ရော့ဘုရင်တို့ ကြောက်ဒူးတုန်သွားခဲ့ရလောက်အောင် ဗမာပြည်က တောင်သူလယ်သမားတွေရဲ့တော်လှန်ရေးတိုက်ပွဲကြီးဖြစ်ပါတယ်။

တောင်သူလယ်သမားတွေစလိုက်တဲ့ဗမာပြည်က တောင်သူလယ်သမားခေါင်းဆောင်ကြီးဖြစ်တဲ့ ဆရာစံကို ဖမ်းဆီးပြီး ၁၉၃၁ ခုနှစ် သြဂုတ်လ၂၈ ရက်နေ့မှာ  ရာဇ၀တ်အထူးခုံရုံးဖွဲ့စစ်ဆေးပြီးမသေမချင်း ကြိုးမိန့်ချမှတ်ခဲ့ကြပါတယ်၊ ဆရာစံကလည်း တောင်သူလယ်သမားတွေအတွက် ဗမာပြည်တွက်ကြိုးစင်ပေါ်တက်သွားခဲ့ရပါတယ်၊ အင်္ဂလိပ်နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့ ဆရာစံတို့ တောင်သူလယ်သမားတော်လှန်ရေးက သမိုင်းဝင်ဖြစ်ခဲ့ပါတယ်၊ ဗမာပြည်သူတွေအတွက်လည်း တော်လှန်ရေး၊ လွတ်လပ်ရေး စိတ်ဓာတ်တွေနိုးကြားလာခဲ့ပါတယ်။

လယ်သမားတွေရဲ့တော်လှန်ရေးခေါင်းဆောင်ကြီး ဆရာစံကတော့ ကြိုးစင်ပေါ်အရောက်မှာတော့  “သွားပြီ ဖြစ်လေရာ ဘ၀မှာ အင်္ဂလိပ်ကို နိုင်ရတဲ့ ကိုယ်ဖြစ်ပါစေ”လို့ဆုတောင်းသွားခဲ့ပါသေးတယ်၊ ကြိုးပေးခံရတာကိုတောင် ဆရာစံက အမျိုးဘာသာ ၊ သာသနာကြီးပွားအောင်ဆောင်ရွတ်လို့ အခုလို ကြုံရတာကို သုခလို့ သတ်မှတ်တယ်ဆိုပြီး ကြိုးစင်ပေါ်တက်သွားခဲ့သူပါ။

ဆရာစံတော်လှန်ရေးကအစ နိုးကြားတက်ကြွလာကြတဲ့ ဗမာပြည်သူတွေဟာ အင်္ဂလိပ်နယ်ချဲ့ကို အခွင့်အရေးရတာနဲ့ တော်လှန်ခဲ့ကြလို့တိုက်ပွဲဝင်ခဲ့ကြလို့  လွတ်လပ်ရေးရခဲ့ကြတာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီး ယနေ့အချိန်အထိလည်း တောင်သူလယ်သမားတွေကတော့ ဆင်းရဲမြဲဆင်းရဲ အဖိနှိပ်ခံမြဲဖြစ်ပါတယ်။

ဆရာစံတော်လှန်ရေးခေတ်နဲ့ဒီနေ့ခေတ် တောင်သူလယ်သမားတွေရဲ့ ဘ၀အခြေအနေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM ) ဒုတိယ ဥက္ကဌ ဒေါ်သန်းသန်းဌေးကတော့ “ဆရာစံခေတ်တုန်းကတော်လှန်တာကို ပြောရမယ်ဆိုရင် ရှင်းရှင်းလေးပဲ။ ဖိနှိပ်တဲ့ ဒဏ်ကို မခံနိုင်လို့၊ အဲဒီခေတ်ကရှင်ဘုရင်ပိုင်တယ်ဆိုပြီး သိမ်းတယ်၊ ကျေးရွာ အကြီးအကဲတွေက သိမ်းတယ်။ လယ်သမားတွေမှာအရင်းအနှီးမရှိတော့ဘူး၊ ငွေရှင်တွေဆီက ငွေချေး၊ ပြန်မဆပ်နိုင်တော့ အိမ်သိမ်း၊ လယ်သိမ်း၊အဲဒီမှာ သေမထူး နေမထူးဖြစ်ကြတော့ တော်လှန်ကြတာပေါ့၊ အခုခေတ်က နည်းနည်းထူးခြားလာတာကအသင်းအဖွဲ့ဖွဲ့ခွင့်ရတယ်၊ ဒါဘဲ ထူးခြားတယ်၊ ကျန်တာကတော့ ထူးထူးခြားခြား ကောင်းလာတာမရှိဘူး၊လယ်သိမ်းတာတွေ ရှိနေတာပဲ၊ အစိုးရက ချေးငွေထုတ်ပေးတာလည်း မလောက်ပါဘူး။ သီးနှံထွက်လာတော့လည်းငွေရှင်တွေကို သူတို့ ကြိုက်တဲ့ ဈေးနဲ့ ရောင်းရတာ၊ အသင်းအဖွဲ့ဆိုတာမှာကလည်း နာမည်ပဲရှိတာပါ၊လုပ်ပိုင်ခွင့်က ရှိတာမဟုတ်ပါဘူး” လို့ ဆိုပါတယ်။

တောင်သူလယ်သမားတွေဆီကနေမြေယာသိမ်းမှုများနဲ့ ပတ်သတ်ပြီး ၂၀၁၀ ကတင်ပြီး အစိုးရသစ်လက်ထက်မှာလည်း နည်းအမျိုးအမျိုးနဲ့သိမ်းဆည်းနေတာတွေ ရှိတာကြောင့် အစိုးရသစ်နဲ့အတူ ပေးပေါက်လာတဲ့ လွှတ်တော်ကလည်း လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီတွေဖွဲ့ပြီးလုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံတွင်တပ်မတော်က သိမ်းဆည်းထားတဲ့မြေ (၄၇၀၀၀၀) ဧက ရှိပြီး ၊ ၂၀၁၃ နှစ် ဒီဇင်ဘာလအထိ  (၁၂၀၀၀၀) ဧက ပြန်လည်ပေးအပ်ထားတယ်လို့ လယ်ယာမြေနှင့်အခြားမြေများ ဆည်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရပါတယ်၊ သိမ်းဆည်းထားတဲ့မြေများထဲက ပြန်လည်မပေးအပ်ရသေးတဲ့ မြေ ဧက (၃၅၀၀၀၀) ကျန်ရှိနေသေးတယ်ဆိုတာ ပြောလို့ရပါတယ်။

သိမ်းဆည်းခံလယ်သမားများအတွက်စားစရာမရှိ ၊ လုပ်စရာ အလုပ်မရှိ၊ လယ်မြေများဆုံးရှုံးသွားသောကြောင့် ပြန်လည်ရရှိရေးအတွက်ဆန္ဒပြ ထွန်တုန်းတိုက်ပွဲဝင်ခဲ့ကြသော ကန့်ဘလူ နယ်က လယ်သမား(၅၆)  ယောက်ဟာ တရားစွဲထောင်ချ ခံရပါတယ်။
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာလယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာများနဲ့ ကြုံတွေ့ရသလို ၊ သိမ်းဆည်းခံ လယ်သမားတွေကိုယ်တိုင်ပဲတရားစွဲခံရ ထောင်ချခံရတာတွေဖြစ်နေပါတယ်၊ လယ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဖော်ဆောင်မှုမှာအားနည်းနေတာပဲ ဖြစ်ပါတယ်။

လက်ရှိအစိုးရကလည်းလယ်သမားများအပေါ် ကတိအမျိုးမျိုးပေး၊ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနှင့် အခြားမြေများဆည်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က နဲ့ ပတ်သတ်ပြီး ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံးဗဟိုအလုပ်မှုဆောင် ကော်မတီ ဥက္ကဌ ဦးစောမောင်ကြီးကတော့ “လက်ရှိလယ်သမားတွေကို အစိုးရကကတိက၀တ်အတိုင်း လုပ်ပေးရမှာပါ၊ တပ်သိမ်းလယ်မြေတွေ ပြန်ပေးမယ်ပြောနေတာတွေက ကိန်းဂဏန်းတွေဘဲရှိတာမြေပြင်မှာ မရပါဘူး။ လယ်သမားတွေကိစ္စကို လွတ်တော်က ဖြေရှင်းပေးနေပေမယ့် အစိုးရက ဘာတစ်ခုမှလုပ်ပေးတာမရှိဘူး။ လယ်သမားတွေက သူတို့ရပိုင်ခွင့်တွေတောင်းဆိုတော့ ဥပဒေကို မသိလို့ထောင်ကျတာတွေ ဖြစ်နေတယ်၊ ဒါကလည်း အစိုးရက ဥပဒေကို သိအောင်ရှင်းပြဖို့ လိုတယ် အစိုးရတာဝန်ရှိသူတွေက အဓိက ကျပါတယ်” လို့ ပြောပါတယ်။

လယ်သမားများအတွက်တော့လယ်မြေသိမ်းဆည်းခံရလို့ ဆန္ဒပြ၊ ဆန္ဒပြလို့ ထောင်ကျတာတင်ပြီးရောလားဆိုတော့ လယ်မြေလုပ်စရာရှိနေသူတွေအတွက်လည်းဒုက္ခရောက်နေကြရပါတယ်၊ တောင်သူလယ်သမားတွေအတွက် ဘယ်နေရာမှမချောင်ဘူး ဖြစ်နေပါတယ်။ စားဝတ် နေ ရေး အားလုံး အကျပ်အတည်းတွေ့နေကျရပါတယ်၊ ကျေးဇူးရှင် လယ်လုပ်နေကျသော လယ်သမားကြီးများထမင်းငတ်နေတဲ့ ခြေအနေဖြစ်နေပါတယ်။

လယ်လုပ်စရာရှိနေသော်လည်းလယ်သမားများရဲ့  ကြုံတွေ့နေသော အခတ်အခဲများနဲ့ပတ်သတ်ပြီး ဧရာဝတိုင်းဒေသကြီး ဗျာပုံမြို့နယ်၊ ကျုံကဒွင်းကျေးရွာက တောင်သူမကြီး ဒေါ်ဖြူဖြူအေးကတော့  “ကျွန်မတို့ ဖျာပုံအောက်ပိုင်းက တစ်သီးစားပဲရှိတယ်၊ရေငံဝင်တော့ စပါးက သက်လတ်စပါး အလွန်ဆုံးပဲ၊ တော်တော်ကြီးကို ဒုက္ခရောက်နေတာ၊ ကျွန်မတို့ဆိုတလောက ရေငံဝင်တော့ တစ်ဧကကို သုံးသိန်းခွဲလောက် ရှုံးတယ်၊ စပါးဈေးကလည်း ကျနေတယ်၊ မျိုးစပါးပေးတာတော့ရှိတယ် နည်းတယ်၊ မျိုးစပါးက အပြင်မှာ ပြန်ဝယ်ရင် ဈေးကြီးတယ်လေ၊ အစိုးရက တစ်သိန်းပဲထောက်ပံ့တာလေ ၊ အခုသုံးနေရတဲ့ ဓာတ်မြေသြဇာ ဆိုတာကလည်း အတုတွေများတယ် သဲတွေက တစ်ဝက်လောက်ပါနေတာသဲပါတော့ စပါးကျစ်သွားရော” လို့ ဆိုပါတယ်။

လယ်သမားတွေရဲ့ဘ၀က ဘယ်လောက်ဆိုးဝါးနေလည်းဆိုရင် လယ်လုပ်လို့ ချမ်းသာတဲ့ လူဆိုတာ မရှိသလောက်ရှားပါတယ်၊စားနိုင်သောက်နိုင်လောက်ပဲ ရှိကြတာများပါတယ်၊ လယ်သမားကြီးများကိုယ်တိုင် ပညာတက်နည်းကျသလိုလယ်သမားသားသမီးများဟာလည်း အတန်းပညာကို မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ ဘွဲ့ရဖို့ အတော်ခတ်ခဲ့ကျပါတယ်၊တောနယ်တစ်ဝိုက်က လယ်သမားသားသမီးများက ပညာတက်နည်းပါးကျပါတယ်၊ စီးပွားရေး မကောင်းကျတာတွေကြောင့်ပဲပညာကို ဆုံးခန်းတိုင်အောင် မသင်ရဘဲ လယ်ယာလုပ်ငန်းခွင်ထဲဝင်နေကြရတာတွေ များပါတယ်။

လယ်သမားသားသမီးများပညာရေးနဲ့ ပတ်သတ်ပြီး လယ်သူမကြီး ဒေါ်ဖြူဖြူအေးပြောတာက “ကျွန်မတို့ ဘက်မှာဆို လယ်သမားသားသမီးဆိုတာ လေးတန်းတောင် အနိုင်နိုင်ပဲ။ ရှစ်တန်းဆိုရင်ပဲ အတော်လေး တတ်နေပြီ။ ဧရာဝတီကမြန်မာနိုင်ငံရဲ့ ဆန်အိုးဆိုတာ အရင်ကတော့ ဟုတ်ချင်ဟုတ်မယ်။ အခုကတော့ ပုံပြင်ပါပဲ” လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့လယ်သမားတွေရဲ့ ပြဿနာတွေကို အခုအစိုးရသတ်တမ်းအတွင်းမှာ ဖြေရှင်းနိုင်ဖို့ မလွယ်လောက်အောင်ပြဿနာတွေများနေပါတယ်၊ ပြဿနာတွေကြားမှာပဲ ဆရာစံကစခဲ့တဲ့တော်လှန်ရေးဟာလည်း ယနေ့အချိန်ထိအောင်မြင်မှုမရှိပါဘူး၊ လယ်သမားတွေရဲ့ ဘ၀ ဖွင့်ဖြိုးတိုးတက်ဖို့ အစိုးရကိုယ်တိုင်က စိတ်စေတနာသန့်သန့်နဲ့လုပ်ဆောင်ပြီး၊ တောင်သူလယ်သမား သမဂ္ဂတွေ များများပေါ်ပေါက်ပြီး စုစည်းညီညွတ်စွာ လုပ်ဆောင်ကျရင်တော့လယ်သိမ်းခံ၊ မြေသိမ်းခံ၊ ထောင်ချ၊ တရားစွဲခံဘ၀က လွတ်မြောက်မှာဖြစ်ပါတယ်၊ အခုချိန်မှာတော့လွှတ်တော်က ပြဌာန်းထားတဲ့ တောင်သူလယ်သမားအခွင့်အရေးဆိုတာတွေကလည်း အကောင်အထည်မဖော်နိုင်သေးတဲ့အခြေအနေမှာရှိပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတောင်သူလယ်သမားတွေရဲ့ ပြဿနာတွေ ဖြစ်နေတာပါ၊ ရှမ်းပြည်နယ်ထဲက အခတ်အခဲတွေနဲ့ ပတ်သတ်ပြီးတော့ရှမ်းတောင်သူလယ်သမားများကွန်ယက်အဖွဲ့ဝင် နန်းလား ကတော့ “လက်ရှိ ရှမ်းပြည်နယ်မှာတော့သတ္ထုလုပ်ငန်း၊ ရွှေတူးတဲ့ လုပ်ငန်းတွေကြောင့် လယ်သမားတွေနဲ့ ပြဿနာဖြစ်နေပ်တယ်၊ အဲလုပ်ငန်းကစွန်ပစ်တာတွေက လယ်မြေပေါ်ကျပြီး လယ်စိုက်မရဘူး ဖြစ်နေတာပါ အစိုးရကလည်း ဘာမှ မဖြေရှင်းပေးပါဘူး။လယ်သမားတွေက ပျက်စီးနေတဲ့ လယ်မြေတွေကို လယ်စိုက်ဖို့အတွက် ပြန်လိုချင်တာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာလယ်သမားတွေ ဖွင့်ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်၊ မြန်မာနိုင်ငံဆိုတာ တောင်သူလယ်သမားစုနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်၊ အများစုဖွင့်ဖြိုးတိုးတက်မှ နိုင်ငံဖွင့်ဖြိုးတိုးတက်မှာဖြစ်ပါတယ်၊မြန်မာနိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရမှာ တာဝန်ရှိပါတယ်၊လယ်သမားတွေကို ဘယ်အစိုးရပဲ ဖြစ်ဖြစ် ပြန်ကြည့်ဖို့လိုပါတယ်။
လယ်သမားတွေရဲ့ဖွင့်ဖြိုးတိုးတက်မှုများနဲ့ အစိုးရဘယ်လောက်သက်ဆိုင်နေသလဲဆိုရင် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဗဟိုပြန်ကြားရေး တာဝန်ခံ ဦးကျော်မင်းကတော့ “လယ်သမားတွေ ခေတ်အဆက်ဆက် မတိုးတက်ခဲ့တာအစိုးရ ညံ့လိုပပါ ။ လယ်သမားတွေက တိုင်းပြည်မှာ အလုပ် လုပ်ဆုံးပါ ဒါပေမယ့် အခုထိ အဆင်းရဲဆုံးဖြစ်နေပါတယ်။လက်ရှိအခြေအနေအထိ ခေတ်အဆက်ဆက် လယ်သမားတွေ အနှိမ်ခံရနေတုန်းပါဘဲ၊ လယ်သမားအစိုးရဖြစ်မှလယ်သမားတွေကို ပြန်ကြည့်မှာပါ” လို့ ဆိုပါတယ်။

အခုချိန်မှာတော့ဦးသိန်းစိန်အစိုးရဖြေရှင်းမှုတွေက မပြေလည်နိုင်သေးပါဘူး၊ ထောင်ချခံ လယ်သမားတွေ၊ တရားစွဲခံလယ်သမားတွေရှိနေတုန်းပါပဲ။ လယ်ယာမြေနဲ့ အခြားမြေသိမ်းမှုတွေက မြန်မာနိုင်ငံနေရာ အနှံ့မှာရှိနေသလို အစိုးရကလည်း အကြမ်းဖက်ဖြိုခွဲတာတွေလည်းရှိနေပါတယ်၊ လက်ပံတောင်းတောင် ပဋိပက္ခဟာအထင်အရှားဖြစ်ပါတယ်၊ မကွေးတိုင်း အောင်လံက ဧက ၂၃၇၆၀ ကို သိမ်းထားလို့ ဖြစ်နေတဲ့ ပြဿနာ၊ထားဝယ်မှာလည်း မြေသိမ်းလို့ ဆန္ဒဖော်ထုတ်တာကို တရားစွဲ ထောင်ချတာစတဲ့ မြန်မာနိုင်ငံအတွင်းကလယ်ယာမြေပြဿနာတွေကို ဘယ်အစိုးရ ဘယ်ခုနှစ်ကျမှ ပြေလည်းအောင်ဖြေရှင်းနိုင်ကျမလဲလို့ မေးစရာဖြစ်နေပါတယ်။

အေးချမ်းစွာလုပ်ကိုင်စားသောက်တက်တဲ့ တောင်သူလယ်သမားတွေရဲ့ အခတ်အခဲတွေ အဖိအနှိပ်ခံရတာတွေများလွန်းလို့သေမထူး နေမထူးဘ၀မှာ နေမ၀င်အင်ပါယာကြီးကို တောင်လှန်ခဲ့ကြပါတယ်၊ အခုအချိန်မှာ လွတ်လပ်ရေးရခဲ့ပြီးကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဒီမိုကရေစီအမည်ခံနေတဲ့ အစိုးရတက်လာတော့လည်း အဖိအနှိပ်တွေရှိနေလို့ထောင်ချ၊ တရားစွဲခံ စတဲ့ ဆင်းရဲ့ဒုက္ခတွေကို တောင်သူလယ်သမားတွေမှာ ခံစားနေကြရဆဲပါပဲ။

တောင်သူလယ်သမားတွေစုစုစည်းစည်းနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဖြေရှင်းကြမှသာ တောင်သူလယ်သမားတွေရဲ့ အောင်ပွဲကရောက်လာမှာပါ၊    တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့ တောင်သူလယ်သမားနေ့ဆိုတာလည်း ရှိသင့်တာအမှန်ပါပဲ၊တောင်သူလယ်သမားနေ့ဆိုတာလည်း တောင်သူလယ်သမားတွေပဲ သတ်မှတ်သင့်ပါတယ်၊ အာဏာရှင်တွေ သတ်မှတ်တာမျိုးမဖြစ်သင့်ပါဘူး။

မတ်လ ၂ ရက်နေ့ကိုတောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားတာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM) ဒုတိယ ဥက္ကဌ ဒေါ်သန်းသန်းဌေးကတော့ “အခုလက်ရှိ တောင်သူလယ်သမားနေ့ဆိုတာကိုအစ်မတို့ အသိအမှတ် မပြုဘူး။ အဲဒီနေ့မှာ အထိမ်းအမှတ်ပွဲလည်း မလုပ်ဘူး။လယ်သမားတွေအတွက်အကာအကွယ်ပေးမယ့် ဥပဒေထွက်လာမယ်၊ ဒါမှမဟုတ် လယ်သမားတွေ အောင်ပွဲခံမယ့်နေ့ အဲဒီနေ့မျိုးကိုသာတောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်မှာ ။ တစ်ကယ်က ဆရာစံတို့ ခေတ်ကတည်းက လယ်သမားတွေ တော်လှန်ရေးဟာအောင်မြင်မှု မရသေးဘူး။ ပုံစံတစ်မျိုးနဲ့ လယ်သမားတွေ ပြန်ဒုက္ခ ရောက်နေတာပါ” လို့ ပြောပါတယ်။

တောင်သူလယ်သမားနေ့သည်မြန်မာနိုင်ငံအတွက်တော့ သမိုင်းမော်ကွန်းဝင်နေ့တစ်နေ့ ဖြစ်သင့်ပါတယ်၊ အခုသတ်မှတ်ထားတဲ့မတ်လ ၂ ရက်နေ့ဆိုတာက  ဗိုလ်ချုပ်ကြီးနေ၀င်းကပါလီမန်အစိုးရ လက်ထဲက မတရားအာဏာသိမ်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်အသိအမှတ်ပြုခံထားရခြင်းဖြစ်ပါတယ်။

မတ်လ ၂ ရက်နေ့ကိုတောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်း ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းလယ်ယာစီးပွားနှင့်တောင်သူလယ်သမားရေးရာ ဒုတိယ တာဝန်ခံ ဦးမျိုးသန့် ကတော့ “တောင်သူလယ်သမားနေ့ကရှိသင့်တယ် ပိုပြီးလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သင့်တယ်၊ အခု သတ်မှတ်ထားတဲ့ရက်ကိုတော့သဘောမကျဘူး။ မတ်လ ၂ရက်နေ့က ဦးနေ၀င်း အာဏာသိမ်းတဲ့ ရက်ကို သတ်မှတ်ထားတာလေ ၊ ပြီးတော့အဲဒီနေ့မှာ တောင်သူလယ်သမားနေ့ကို အကြောင်းပြုပြီး အောင်သေအောင်သား စားတဲ့ ပုံစံပွဲလုပ်တာကိုသဘောမကျဘူး။ အမှန်က တောင်သူလယ်သမားအရေးတော်ပုံ ဖြစ်တဲ့နေ့ စတဲ့ နေ့ထူးတွေကို သတ်မှတ်သင်တယ်”လို့ ဆိုပါတယ်။

တောင်သူလယ်သမားတွေရဲ့နေ့ထူးနေ့မြတ်ကို သတ်မှတ်သင့်ကျသလို တောင်သူလယ်သမားတွေရဲ့ ကြုံတွေ့နေရတဲ့ အခတ်အခဲတွေကိုလည်းအားလုံးဝိုင်းဝန်းစဉ်းစားသင့်ကျပါတယ်၊ တော်သူလယ်သမား ဦးကြီးများဆိုတာ မြန်မာနိုင်ငံတွင်မကကမ္ဘာပေါ်မှာ အသိအမှတ်အပြုခံရတဲ့ လေးစားရတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။

ကျေးဇူးရှင်တောင်သူလယ်သမားကြီးများရဲ့ကျေးဇူးကို အစိုးရအဆက်ဆက် အသိအမှတ်ပြုဖို့လိုပါတယ်၊ ဘယ်ခေတ် ဘယ်စနစ်ရောက်ရောက် တောင်သူလယ်သမားများသည်တိုင်းပြည်ရဲ့ ကျေးဇူးရှင်များဖြစ်ပါတယ်။ ကျေးဇူးရှင်တွေရဲ့ ကျေးဇူးကို ထောင်ချချင်းစတဲ့အမူအရာမျိုးနဲ့ ကျေးဇူးဆပ်တယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

တောင်သူလယ်သမားနေ့ဆိုတာလည်းမြန်မာနိုင်ငံမှာတော့ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ စတဲ့နေ့ထူးနေ့မြတ်တွေ ရက်သတ်မှတ်သလို သတ်မှတ်သင့်တယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံသမိုင်းထဲကနေ့ထူးနေ့မြတ်တစ်ခုအဖြစ် သတ်မှတ်လို့ရတဲ့ ၁၉၃၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ ဆရာစံဦးဆောင်တဲ့တောင်သူလယ်သမားတော်လှန်ရေးကြီးစခဲ့တဲ့နေ့ဖြစ်ပါတယ်၊ တောင်သူလယ်သမားတွေရဲ့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာလည်းအသက်ပေါင်းများစွာ သွေးစက်ပေါင်း ကုဋေကုဋာပေးဆပ်သွန်းလောင်းပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြတာဖြစ်ပါတယ်။
တောင်သူလယ်သမားနေ့သတ်မှတ်ရေးနဲ့ ပတ်သတ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားကွန်ရက်ရဲ့ ကြေညာချက်ထဲမှာနှိုးဆော်ထားတာက “ဗမာတစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားထုတစ်ရပ်လုံးသည် မိမိတို့ သက်ဆိုင်ရာနယ်မြေအသီးသီးတွင် ဒီဇင်ဘာ ၂၂ ရက်နေ့အား “တောင်သူလယ်သမားနေ့” အဖြစ် သတ်မှတ်၍ ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပကြပါရန် အလေးအမြတ် နှိုးဆော်အပ်ပါသည်။ နိုင်ငံတော်အစိုးရမှလည်းအသက်သခင် ထမင်းရှင်ကျေးဇူးရှင် တောင်သူလယ်သမားများ၏ ဆန္ဒနှင့်အညီ ဒီဇင်ဘာ ၂၂ ရက်ကို“တောင်သူလယ်သမားနေ့” အဖြစ် တရားဝင် သတ်မှတ်အတည်ပြုပေးပါရန် တလေးတစား တိုက်တွန်းတောင်းဆိုလိုက်ပါသည်”လို့ ဖော်ပြထားပါတယ်။

တောင်သူလယ်သမားများကို လေးစားဂုဏ်ပြုသော အားဖြင့်………

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...