Monday, November 6, 2017

ချစ်တဲ့ စက်တင်ဘာ

ငါ့ရင်ခွင်တစ်ခုလုံး ငါ့နှလုံးသားကို မင်းအသုံးပြုစေတော့ရယ်လို့ ငါ့နှလုံးသားကိုစတေးပြီး အသက်နဲ့ရပ်တည်ဖို့ ငါဟာအရုပ်တစ်ခုလို လှုပ်ရှားသွားလာနေရတယ်။
ဟုတ်တယ် ၂၅- ၂၇ ရက်တွေမှာ ငါပျော်ခဲ့တယ် သတိတရ သိမ်းဆည်းလောက်တဲ့ အချစ်မျိုးတွေ ငါပိုင်ဆိုင်ခဲ့တယ် ကျေးဇူးတင်တာပေါ့။


လမ်းတွေလျှောက်ကြတယ် ညရဲ့ အလှတွေကြားမှာ ငါတို့ ပိုင်ဆိုင်ဖို့ထက် အချစ်တွေ တိုးပွားဖို့


ကြိုးစားခဲ့ကြတယ်။ ချစ်တယ်လို့ တစ်ခွန်းမှ မဟလည်း ငါတို့နှလုံးသားနဲ့ နားလည်ခဲ့ကြတယ်။ အချစ်အတွက် စကားမဲ့တယ်ဆိုပေမယ့် ချစ်တက်တဲ့ စိတ်တွေက မျိုသိပ်ထားရလို့ပါကွာ။ ကောင်ကင်ကြီးရဲ့အောက် တိတ်ဆိတ်နေတဲ့ မြို့တော်ကြီးမှာ တို့နှစ်ယောက်က အသက်သွင်းဖို့ တစ်ခါလေးတောင် မကြိုးစားခဲ့ဘူး။

နှစ်ယောက်တွေ့ရချိန်လေး ကုန်ဆုံးသွားမှာကို ငါစိုးရိမ်မိတယ်။ ငါ့ချစ်တဲ့ အချစ်တွေကို မိုးရေတွေလည်း သိပါတယ်။ ငါတို့လျှောက်ခဲ့တဲ့လမ်းက သက်သေပေါ့။ ဘဝမှာ ဘာမှမလိုချင်တော့ပေမယ့် မင်းမျက်နှာလေးတော့ ကြည့်ခွင့်ရချင်သေးတယ်လေ။ ဖြစ်ချင်တာ ဖြစ်ခွင့်မရှိခဲ့ရင်တောင် ငါ့နှလုံးသားက မင်းကို တမ်းတနေတာပါ။ မင်းကိုချစ်တဲ့အချစ်က ဖြူစင်တယ်လို့ပြောလို့မရပေမယ့် မင်းစိတ်လေး ညစ်ငြူသွားမှာတော့ ငါစိုးရိမ်မိတာ အမှန်ပါ။

မှောင်မိုက်တဲ့ လမ်းမပေါ်မှာ မရဲတရဲနဲ့ တစ်ယောက်လက်ကို တစ်ယောက်ကိုင် နှလုံးသားက သွေးတွေ စီးဆင်းခဲ့ကြတယ်။
မင်းခံစားချက်ကို ငါအလေးထားခဲ့တယ် ဘာ့ကြောင့်လည်းဆိုရင် ကိုယ့်အတ္တကြောင့် မင်းမပျော်ရွှင်မှာကို စိုးရိမ်မိလို့ပါ။

၂၈ ရက်နေ့ ငါသတိရတာ အရမ်းဘဲ လမ်းမပေါ်မှာ လျှောက်နေရပေမယ့် ငါ့စိတ်တွေ မင်းဆီရောက်နေတယ်။ ငါနေလို့ မပျော်တော့ဘူး၊ မင်းကို တမ်းတမိတဲ့ စိတ်က ဘာနဲ့မှ တားဆီးမရသလိုဖြစ်နေတယ်။ မင်းနဲ့အတူ ဈေးဝယ်ခဲ့တဲ့ အချိန်လေးကို လွမ်းလွမ်းလို့ ။ မင်းအမှတ်အမှတ်တရလေး တစ်ခုတော့ ငါ့စိတ်ထဲမှာ ဝယ်ပေးခဲ့ချင်တာ ဒါပေမယ့် မင်းငြင်းပယ်ခဲ့တယ်။ အိမ်ပြန်ရောက်တာတောင် ငါမင်းကို သတိရတုန်း မိုးလင်းတော့လည်း မင်းကိုပဲ တမ်းတာမိတယ်။ မင်းဆီက စာလေးတစ်စောင်များရောက်နေမလားလို့ ငါမျှော်လင့်မိတယ် ဘာတစ်ခုမှ ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် ငါမင်းကို ဆက်လက်မျှော်လင့်နေမိတယ်။ တစ်နေ့တော့ ဟုတ်ပါတယ် ဒီနေ့မဟုတ်ရင်လဲ နောက်ရက်တွေမှာ ငါဒီလိုခံစားရအုံးမယ်ဆိုတာ သိပြီးသားပါ။ မင်းပြောတဲ့ စကားလေးတွေ ငါမမေ့ပါဘူး ထိမ်းထားရမှာပေါ့တဲ့ ဟုတ်တယ် ငါတို့ ထိမ်းထားရမယ်လေ။

နှလုံးသားတစ်ခုလုံးက တောင်းတနေတော့ တစ်ခါတလေတော့လည်း ထိမ်းမရဘူးပေါ့။ လောကမှာ သူ့အလိုလိုပေါ်ပေါက်တာဆိုလို့ ဆန်းကျယ်တဲ့ အရာကို ပြပါဆိုရင် နှလုံးသားရဲ့တောင်းဆိုမှုပဲ။ နှလုံးသားရဲ့တောင်းဆိုမှုကိုတော့ ဘယ်သူမှ မလွန်ဆန်နိုင်ခဲ့ဘူး ဒါပေမယ့် မျှော်လင့်ချက်မဲ့နေတဲ့ ငါ့ဘဝမှာတော့ အသက်မဝင်တဲ့ ခြေလှမ်းတွေ ဆက်လှမ်းနေရမှာနဲ့စာရင် သေသွားလိုက်ချင်တာပါပဲ။ မင်းကို ချစ်ခဲ့မိလိမ့်မယ်လို့ တစ်ခါလေးတောင် မတွေးမိခဲ့ဘူးချစ်မိပြီဆိုကာမှ လွမ်းရတဲ့ဝေဒနာနဲ့ တမ်းတတဲ့ စိတ်လေးတော့ ငါ့ကိုခွင့်ပြုပါ။

ငါတွေ့ချင်တဲ့ စိတ်က အချိန်တိုင်းဖြစ်ပေါ်နေတာ မကောင်းဘူးဆိုတာ သိပါတယ်။ နင့်အတွက် ထိခိုက်ပါတယ်။ ဒါပေမယ့်ဟာ နင့်စိတ်ခံစားချက်လေးတော့ ငါသိချင်တာပေါ့ နင့်ခံစားချက်ကို ငါအလေးမထားပဲ မနေနိုင်ဘူးဟာ။ အခြားလူတွေရဲ့ ခံစားချက်တောင် နားလည်ပေးနေကြရသေးတာပဲ နင့်ခံစားချက်ကိုတော့ အလေးအနက်ထားခွင့်ပြုပါ တစ်ချို့ကို စိတ်ထဲမှာ သိနေပေမယ့် နင်ပြောတာလေးတော့ ငါနားထောင်ချင်တာပေါ့။

ခွဲရမယ့်တစ်နေ့ လွမ်းရမယ့် ရက်တွေအတွက် ငါပြင်ဆင်မထားပေမယ့် ငါရင်ဆိုင်ရမယ်ဆိုတာတော့ စက္ကန့်တိုင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါ့ကို မသနားပါနဲ့ ကိုယ်ချင်းလည်းမစာပါနဲ့ တစ်ကယ်ပြောတာပါ။ ငါ့အပြစ်နဲ့ငါမို့ ငါဒီကျိန်စာတွေကို ခံယူဖို့ အသင့်ပါဘဲဟာ။ ငါ့အတွက်နဲ့ နင့်ကို မထိခိုက်စေချင်ပါဘူး။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...