Monday, November 6, 2017

ပစ်ချခဲ့တဲ့ အလွမ်းတွေ

ကန်ဘောင်က လှေခါးထစ်တွေ အမြန်တက်ပြီး
အလွမ်းတွေကို အုတ်မြစ်ချခဲ့တာ မင်းပါ။
တိတ်ဆိတ်လွန်းတဲ့ ညလယ်မှာ
တစ်ယောက်ကိုယ်တစ်ယောက်
ငါတို့နှစ်ယောက် ရေတွက်ခဲ့ကြတယ်။

ယစ်မူးနေတဲ့ နှလုံးသားတွေ
ကန်ရေပြင်ရဲ့ တိုးဝှေ့ဒဏ်ကို မခံနိုင်ခဲ့ကြဘူး။
” သွားရအောင် အစ်ကို ” တဲ့
လက်ဖဝါး နုနုလေးကိုဆွဲပြီး
နတ်သမီးတမျှ မျက်နှာလေးကို အငမ်းမရ
ကြည့်မိတော့ “နောက်ရက်တွေ ရှိသေးတယ်” တဲ့..
ဒို့နှစ်ယောက်မသိတဲ့ နောက်ရက်တွေအတွက်
အလွမ်းတွေကို ခဏခဏ သွားကောက်မိတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...