Monday, November 6, 2017

ကံဆိုးသောည

အချစ်ဆုံးမို့ အချစ်တွေဆုံးတာ
ငါကျေနပ်နေမှာပါ…
သတိရမှုကနေ့တိုင်းဆိုတော့
ငါခံစားရတာပေါ့….
သံဇဉ်လိုချိုမြ စကားလှလှတွေ
ငါခဏ ခဏ ကြားနေတယ်..
ရေစက်မဆုံလို့ ကံမဆုံသေးသမျှ
ငါလွမ်းနေအုံးမှာ..


ဟိုး. . . . . အရင်အတိတ်
အခန်းကျဉ်းထဲမှာနေကတည်းက
သတိရနေတာ အချိန်များစွာ….

စာတွေ ကဗျာတွေ မရေးချင်ဘူး
စိတ်အစဉ်ကို မင်းဆီပို့
တိတ်တိတ်လေးနေချင်တယ်..

ဖြစ်ချင်ဆုံးနဲ့ လိုချင်ဆုံးက
လိုအပ်ဆုံးက မင်းပါ…
စက္ကန့်တွေ ရပ်တန့်ပြီး
မင်းကိုသတိရ မှုက
ငါ့ဘဝ ပျက်သုဉ်းသလို..
အက္ခရာ ပျက်သုဉ်း အဆုံးမရှိတဲ့ည
အချစ်ဆုံးကို ဆုံးရှုံးနေရ…

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...