Thursday, May 26, 2016

တရားခံဘယ်သူလဲ..?

ဝင်းဇော်နိုင်
        
                မိုးဖွဲဖွဲလေးကျနေတော့ လူအယောက် ၂ဝ ကျော်ဟာ ထီးတွေဆောင်းထား ကြပါတယ်။ ကျောပိုးအိတ်တွေလဲပါတယ်။ သူတို့တွေရဲ့ လက်ထဲမှာကင်မရာတွေလဲ ကိုင်ထားကြပါတယ်။ ကျောပိုးအိတ်တွေထဲဘာတွေပါသလဲဆိုတာကို လုံခြုံ ရေးဝန်ထမ်းတွေကစစ်နေပါတယ်။ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တွေပေးရပါတယ်။ ရှာဖွေရေးပြီးသွားပြီဆိုရင် ဓာတ်ပုံ အရိုက်ခံရပါသေးတယ်။ ဒါကတော့ အောက်တိုဘာ ၂ဝရက်နေ့က Myanmar Peace Center မှာ KNU ကပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲသွားတဲ့သတင်းထောက်တွေလုံခြုံရေးအရအစစ်ခံရခြင်းပဲ ဖြစ်ပါတယ်။

          လုံခြုံရေးဟာ ဘယ်လောက်အရေး ကြီးနေပြီလဲဆိုတာအစိုးရရဲ့ဝန်ကြီးတွေ ပါဝင်တဲ့ တွေ့ဆုံပွဲတွေသတင်းစာရှင်းလင်း ပွဲတွေ Myanmae PeaceCenter မှာ အကြိမ်များစွာပြုလုပ်ခဲ့သော်လဲ ဒါဟာ ပထမဦးဆုံးအကြိမ် ဓာတ်ပုံရိုက်ခံခြင်းအိတ်များကိုရှာဖွေခြင်းများပြုလုပ်တာဖြစ် ပါတယ်။

          Myanmae Peace Center  မှ စိုးရိမ် ပူပန်မှုတွေရှိနေတာမဟုတ်ပါဘူး။ ပြည်သူလူထုအတွင်းမှာလဲ စိုးရိမ်ပူပန်မှုတွေရှိနေ ပါတယ်။ လုံခြုံရေးတွေတင်းကြပ်ထား ပါတယ်လို့အစိုးရတာဝန်ရှိသူတွေပြော နေတုန်းမှာဘဲ ကုန်သည်ကြီးများဟိုတယ် မှာဗုံးပေါက်ကွဲမှုဖြစ်ပွားပါတယ်။မြန်မာ နိုင်ငံအတွင်းက ဗုံးပေါက်ကွဲမှု၊  ဗုံးတွေ့ရှိမှုတွေဟာဆက်တိုက်ဖြစ်နေတာတစ်ကြောင်း၊ ကုန်သည်ကြီးများဟိုတယ်ဗုံးပေါက်ကွဲမှု တွင် အမေရိကန်နိုင်ငံသူMrs.Pialersi  ထိခိုက်ဒဏ်ရာရသွားသောကြောင့်ကမ္ဘာ့နိုင်ငံများ၏ မီဒီယာတွင်လဲစိတ်ဝင်တစား ဖော်ပြကြပါတယ်။ အမေရိကန်သံရုံးက လဲ ကြေညာချက်ထုတ်ပြီးအသွားအလာဂရုစိုက်ဖို့ နိုင်ငံခြားသားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်းဟု မယူသော်လဲ အနေအ ထိုင်ဂရုစိုက်ဖို့သတိပေးလာပါတယ်။

          ဗုံးများတွေ့ရှိခြင်းဖောက်ခွဲခြင်းများ သည်ပြည်သူများအကြားလှုပ်လှုပ်ရှား ရှားဖြစ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်ဆောင်ခြင်းဖြစ်တယ်လို့တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

          ဗုံးတွေ့ရှိမှုနှင့်ပေါက်ကွဲမှုများသည် တစ်ဦးတစ်ယောက်ထဲကလုပ်ဆောင်နေခြင်းမဟုတ်ဘဲ အစုအဖွဲ့တစ်ခုခုမှ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းမျိုး ဖြစ်နိုင်သည်လို့လဲညီညွတ်သောတိုင်းရင်း သားလူမျိုးများဖတ်ဒရယ်ကောင်စီအတွင်း ရေးမှူး(၂) ဗိုလ်မှူးကြီးဦးခွန်ဥက္ကာကလဲဆို ပါတယ်။

          ''ဗုံးပေါက်ကွဲမှုတွေက နိုင်ငံရေး အကြောင်းရင်းခံတွေကြောင့်ဖြစ်လာတာပါ။နိုင်ငံတကာမှာ ကြည့်ပါလား။ ဗုံးကွဲတယ် ဆိုရင် လူတစ်ရာနှစ်ရာသေကြတာအခု ဟာက ပြည်သူတွေအတွက်ပစ်မှတ်မ ဟုတ်ဘူး၊နိုင်ငံရေးပါဘဲ''လို့ သုံးသပ်ထား ပါတယ်။

          အောက်တိုဘာလ ၉ ရက်နေ့တွင်ပဲခူး တိုင်းဒေသကြီးညောင်လေးပင်မြို့မှဖြူး မြို့သို့ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်ပေါ်မကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထား သည့်မိုင်းတွေ့ရှိခဲ့သည့်နောက်ပိုင်း တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ နန်းခန်းမြို့တို့တွင်ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသောဗုံးတွေ့ရှိမှုများဖြစ်ခဲ့ ပါတယ်။

          မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အရ မြန်မာပြည်တွင်ဗုံးပေါက်ကွဲမှုများဗုံးတွေ့ရှိမှုများဟာနအဖ စစ်အစိုးရလက် ထက်တွင် ဖြစ်ပေါ်ခဲ့မှုများရှိခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်တွင်ဲကညခအငသည ၈   ဈေးဝယ် စင်တာ မင်္ဂလာတောင်ညွန့်၊ရန်ကုန် ကုန် သွယ်မှုဗဟိုဌာန ဒဂုံစင်တာတို့ တွင် ဆက်တိုက်ဗုံးများပေါက်ကွဲခဲ့သောကြောင့်လူ ၁၁ ဦးသေဆုံးခဲ့ပြီး ၁၆၂ ဦးဒဏ်ရာရ၇ှိ ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်တွင်လဲ ဌ၂ဥ  ရေကစားမဏ္ဍာပ်ရှေ့ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲခဲ့သောကြောင့်လူ၈ ဦးသေဆုံး ပြီး ၁၇ဝ ဒဏ်ရာရခဲ့ပါတယ်။ ဗုံးပေါက် ကွဲမှုဖြစ်စဉ်တွေမှာ အစိုးရသတင်းစာများမှ တိုင်းရင်းသားလက်နက်ကိုင်များ၏ လုပ်ဆောင်ချက်များဖြစ်သည်ဟု စွပ်စွဲခဲ့သလို  ပြည်ပမီဒီယာများမှလဲ အစိုးရမှ လုပ်ဆောင်နေသည်ဟုတိုင်းရင်း သားလက်နက်ကိုင်များကပြောဆိုခဲ့ကြ ပါတယ်။

          ပြီးခဲ့သော နအဖစစ်အစိုးရခေတ်မှ တစ်ဦးနဲ့တစ်ဦးစွပ်စွဲမှုများရှိခဲ့သော်လဲ ယနေ့ဒီမိုကရေစီအစိုးရခေတ်တွင်တော့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ လမ်းစဉ်ကို လျှောက်လှမ်းနေ သောကာလဖြစ်သောကြောင့် ယခု အောက်တိုဘာလ၉ ရက်နေ့ဖြူးမြို့နယ်၊ စာတိုက်ရှေ့ရှိ ဇေယျာဟိန်းယာဉ်ပေါ်မှ လက်လုပ်ဗုံးတစ်လုံးတွေ့ရှိမှု၊အောက်တိုဘာလ ၁၁ ရက်နေ့တောင်ငူမြို့ ချမ်းမြေ့ဧည့်ရိပ်သာတွင်ဗုံးပေါက်ကွဲမှု၊ အောက်တိုဘာ၁၃ ရက်နေ့၊ ရန်ကုန်မြို့ စော်ဘွားကြီးကုန်းအဝေးပြေးကွင်းဝင်းရှေ့ တွင်ဗုံးပေါက်ကွဲမှု၊ပေါက်ကွဲမှုအနီးတွင် မပေါက်ကွဲသောဗုံး ၁ လုံးရှာတွေ့မှု၊ ထိုနေ့ ညနေ ပိုင်းတွင် ရန်ကုန်မြို့ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြားရှိ ယမုံနာလမ်း ဘေးတွင် ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲမှု၊ ထိုနေရာ၌မပေါက်ကွဲဘဲကျန်ရှိနေသော ယမ်းတုံးနှင့်ချိတ်ကိုက်နာရီတစ်လုံးတွေ့ရှိမှု၊ အောက်တိုဘာ၁၄ ရက်နေ့တွင် မန္တလေး မြို့ ရွှေဘဲစားသောက်ဆိုင်ရှေ့တွင် ဗုံးတစ် လုံးတွေ့ရှိခဲ့ပြီးဖောက်ခွဲဖျက်ဆီးခဲ့ရမှု၊ထိုနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်း ရှိ ႊၽန်အနည ဏေမု ြၽကဘပ  စားသောက်ဆိုင် အတွင်း ဗုံးသို့မဟုတ် ချိန်ကိုက်ဗုံးဟုခေါ်ဆိုနိုင်သော အရာတစ်ခုတွေ့ရှိမှု၊ ထိုနေ့ ညပိုင်းတွင်ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ကိုးထပ်ရှိ အခန်းနံပါတ် ၉၂၁ တွင် ဗုံးတစ်လုံးပေါက်ကွဲမှု၊ အောက်တိုဘာလ ၅ ရက်နေ့တွင်စစ်ကိုင်းမြို့ရွှေပြည့်စုံ ဟို တယ်စားသောက်ဆိုငခန်းတွင်ဗုံးတစ်လုံး ပေါက်ကွဲမှု နာရီပိုင်းအကြာတွင်စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်အဝင်
လမ်းတွင်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ နန်းခမ်းမြို့တွင်လဲ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ ပါတယ်။  ၄င်းပေါက်ကွဲမှုတွေ့ရှိမှုများနဲ့ ပတ်သက်၍ တရားခံအချို့ကိုလိုက်ဖမ်း မိထားပြီး ကျန်သေးသည့် တရားခံများ ကိုလဲဖော်ထုတ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး တွင်အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းကပြောပါတယ်။

          အောက်တိုဘာလတွင်ဖြစ်ပွားခဲ့ သောဗုံးပေါက်ကွဲမှုများကြောင့်သေဆုံး လူများဒဏ်ရာရသူများလဲရှိခဲ့ပါတယ်။ ဗုံး ဖောက်ခွဲသူဟု ယူဆရသူများကိုလဲစစ်ဆေးနေပါတယ်။ လက်တလောစစ်ဆေးချက်အ ရ ဖောက်ခွဲမှုပြုလုပ်သူများကိုငွေပေး၍ခိုင်း နေခြင်းဖြစ်ကြောင်းငွေပေးခိုင်းသူကို ဖမ်း ဆီးရန်ကြိုးစားနေကြောင်းရဲချုပ်ဇော်ဝင်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

          ''ရှိထားတဲ့စစ်ဆေးချက်တွေအရ နိုင်ငံ တကာရင်းနှီးမြုပ်နှံမှုတွေကိုအဟန့်အတား ဖြစ်အောင် လုပ်တယ်လို့ ပြောတာပဲ''ဟု ရဲချုပ်ဇော်ဝင်းရှင်းပြပါတယ်။
          လက်ရှိဗုံးပေါက်ကွဲမှုများနှင့် ပတ် သက်၍နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုဦးတည် ပြီးလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုခြင်းများ အပေါ်မဖြစ်နိုင်ကြောင်းနိုင်ငံခြားရင်းနှိး မြှုပ်နှံမှုမက မာတာတော့မလာတာပဲလို့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

          ဗုံးတွေ့ရှိမှုနှင့်ပေါက်ကွဲမှုများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အပစ်အခက်ရပ်စဲရေး လုပ်ဆောင်ကြရန် ဖော်ဆောင်နေသော ကာလအတွင်ဖြစ်ပွားခြင်းများကြောင့်တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို ထိ ခိုက်မှာလဲစိုးရိမ်သူတွေရှိနေပါတယ်။

          ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကိုကြည့် လျှင်တစ်ဦးတစ်ယောက်စိတ်ကူးပေါက် ၍ လုပ်ဆောင်ခြင်းမဖြစ်နိုင်ပါ။ လက်တွေ့ လုပ်ဆောင်သူများနောက်ကွယ်တွင်အင်အားရှိသော အဖွဲ့အစည်းမျိုးဖြစ်နိုင် တယ်လို့ညီညွတ်သောတိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီအတွင်းရေးမှူး၂ ဦးခွန်ဥက္ကာကဆိုပါတယ်။

          ''ဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်ဗျာ၊ အနှံ့အပြားဖြစ်နေတာထောက်ရင်လူတစ်စု ဆိုရင်တောင် အဲဒီလူတစ်စုဟာ သြဇာ အာဏာရှိတဲ့အသိုင်းအဝိုင်းကပဲဖြစ်ရမယ်၊ ခြေတံရှည်လက်တံရှည်ဖြစ်နိုင်တယ်ခင်ဗျ၊အစုအဖွဲ့သေးသေးလေးစီးပွားရေးသမား တွေကတော့ မဖြစ်နိုင်ပါဘူး'' လို့ဦးခွန် ဥက္ကာက သုံးသပ်ပါတယ်။

          ယခုဗုံးပေါက်ကွဲသော နေရာများ တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမရှိကြောင်းနိုင်ငံခြားသားများသွားလာတတ်သော နေရာများတွင် ပေါက်ကွဲခြင်းလဲမဟုတ် ကြောင်း ရင်းနှီးမြုပ်နှံမှုကိုအကြောင်းပြခြင်းဟာ ဖုံးကွယ်စရာအစိတ် အပိုင်းများ ရှိသောကြောင့် ရထားသော အချက်၊ အလက်များထဲမှ တစ်ခုကိုပြောတာဖြစ်နိုင်ကြောင်းတိုင်းရင်းသားလက်နက် ကိုင်များအနေဖြင့် ဗုံးဖောက်ခွဲမှုများ လုပ် ဆောင်လိမ့်မည်ဟု¤င်းအနေဖြင့် မထင် ကြောင်းဦးခွန်ဥက္ကာကဆိုပါတယ်။

          ဗုံးပေါက်ကွဲမှုများ တွေ့ရှိမှုများကြောင့်ပြည်သူများဟာ စိုးရိမ်ကြောင့်ကြမှုဖြစ်ရ တာတော့အမှန်ပါပဲ။ နိုင်ငံရေး၊ ရည်ရွယ် ချက်ရှိလို့ပဲလုပ်လုပ်၊ စီးပွားရေး ရည် ရွယ်ချက်ကြောင့် သူနဲ့ဒဏ်ရာရသူတွေ ပစ္စည်းဆုံးရှုံးတာတွေဟာပြည်သူပဲဖြစ်ပါ တယ်။ အငှားယာဉ်မောင်းသမားကလဲ ကားပေါ်တက်လာသူကိုသေချာကြည့်ရပါ တယ်။ သီတင်းကျွတ်လပြည့်နေ့ဘုရားသွားပန်းခြံသွားသူတွေဟာလဲ လမ်းဘေး က ကြွပ်ကြွပ်အိတ်အနက်နဲ့အထုပ်တွေ့ လေမလားဆိုပြီးစိုးရိမ်စိတ်တွေရှိနေပါတယ်။ည ၁ဝ နာရီကျော်သွားလာနေတဲ့ သားအတွက်လဲ မသင်္ကာသူတွေဖမ်းတယ် ဆိုတဲ့အသံကြောင့်စိတ်ပူနေတဲ့မိဘတွေရှိနေပါတယ်။ ဗုံးတွေပေါက်လို့ဘယ်သူ့ အတွက်ကျိုးရှိသလဲဆိုတာအဖြေမပေါ် သေးပေမယ့်ပြည်သူလူထုကတော့ဒုက္ခရောက်ရတာအမှန်ပါပဲလို့ မြောက်ဥက္ကလာပ ၆ကွေ့တွင် ဂျာနယ်ရောင်းသူတစ်ဦးကလဲ ပြောပါတယ်။

          ဗုံးဖောက်ခွဲတဲ့တရားခံဘယ်သူလဲ ဆိုတာပြည်သူအများကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ နိုင်ငံရေးက စီးပွားရေးလား၊ ဘယ်လိုလူစုတွေလဲ ဒါတွေကိုဘယ်တော့သိရမှာလဲတရားခံ အစစ်အမှန်ကဘယ်တော့ပေါ်ပေါက်မလဲ။ တရားခံဟာဒါအကုန်ပဲလား၊ မမိသေးတဲ့ တရားခံပြေးတွေဘယ်တော့မှဖမ်းမိမလဲဆို တဲ့ဝေဖန်သံတွေငြီးတွားသံတွေဟာ ပြည် သူလူထုအတွင်းမှာပေါ်ပေါက်နေပါတယ်။

          ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး တော့တစ်စုံတစ်ရာပတ်သက် တယ်လို့ ယူဆသောကြောင့် ကရင်အမျိုးသားအ စည်းအရုံး KNU ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်ပဒိုမန်းငြိမ်းမောင်နှင့် ဒူးပလာယာခရိုင်ဥက္ကစောရွှေမောင်းတို့က ပြညောမေ ဏနခေန ဃနညအနမတွင် အောက်တိုဘာလ ၂ဝရက်နေ့က သတင်း စာရှင်းလင်းပွဲပြုလုပ်၍ လက်တလော မြန်မာနိုင်ငံအတွင်း၌ဖြစ်ပွားလျက်ရှိသောဗုံးပေါက်ကွဲမှုများ KNU မှ ခိုင်းစေခြင်း မဟုတ်ကြောင်းဖဒိုမန်းငြိမ်းမောင်ကပြော သွားပါတယ်။

          လက်ရှိဖမ်းဆီးရမိထားသော တရားခံ ဟုယူဆရသူများ၏ထွက်ဆိုချက်များ အရ ¤င်းတို့အား ငွေပေးခိုင်းသူ၊ လွတ် မြောက်နေသူ နေတိုး(ခ) စောရွှေထူးဟာလွန်ခဲ့တဲ့ သောနှစ်အနည်းငယ်ခန့်ကြု့  မြို့နယ်တစ်ခု၏စီးပွားရေးတာဝန်ခံ လုပ်ခဲ့ဖူးကြောင်း သမ္မတပြောရေးဆိုခွင့်ရှိ သူဦးရဲထွဋ်ကပြောထားသလိုဖဒိုမန်း ငြိမ်းမောင်ကလည်း ဟုတ်မှန်ကြောင်း သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

          ''အခုဖြစ်ပွားတာတွေဟာ KNU  ဗဟိုကော်မတီရဲ့သဘောထားမဟုတ်ပါ ဘူး၊ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေ တာပါ၊ နိုင်ငံရေးရည်ရွယ်ချက်ထဲမှာ ဘာသာရေး၊ လူမျိုးရေး KNU နဲ့အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဖျက်ဆီး ချင်လို့လုပ်တာပါ''လို့ ဖဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

          ယခုဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများ ဟာ KNUဗဟိုကော်မတီ၏ သဘော ထားမဟုတ်သော်လဲ လွတ်မြောက်နေသူ နေတိုး(ခ) စောရွှေထူးဟာ KUN တွင် ယခင်ကအဖွဲ့ဝင်တစ်ယောက်ဖြစ်သော ကြောင့် KNU နဲ့ပတ်သက်ပြီးတာဝန်ယူမှု တာဝန်ခံမှုများလုပ်ဆောင်ရမှာပါလို့ဖဒိုမန်းငြိမ်းမောင်ကသတင်းစာရှင်းလင်းပွဲ တွင်ဖြေကြားပါတယ်။

          ''ကျွန်တော်တို့တာဝန်ယူရမယ်၊ တာဝန်လည်းခံရမယ်၊ကျွန်တော်ဒါကို တရားမျှတစွာဖော်ထုတ်ပြမယ်၊ အရေး ယူဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့KNU ရဲ့သဘောထားကိုပြောထားပြီး သားပါ၊ KNU နဲ့ပတ်သက်တဲ့အတွက် ကာယကံရှင်တွေကို အနူးအညွှတ်တောင်းပန်ပါတယ်။ ဒီလိုဝမ်းနည်းကြေကွဲ စရာအဖြစ်အပျက်တွေမဖြစ်အောင် ကျွန် တော်တို့ ကြိုးစားမှာပါ။သတင်းမီဒီယာ တွေကနေပြီးတော့လည်း တောင်းပန်ပါ တယ်''လို့ သတင်းမီဒီယာမှ တစ်ဆင့် ပြည်သူများကိုဖဒိုမန်းငြိမ်းမောင်က ပြော လိုက်ပါတယ်။

          ဗုံးပေါက်ကွဲမှုများကြောင့်တိုင်းရင်း သားလက်နက်ကိုင်များနှင့်အစိုးရငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့လို့သွားနေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုမထိခိုက်နိုင်ပါဘူးလို့ တိုင်းရင်းသားခေါင်းဆောင်များ ကောအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်နေသူများကတော့ပြောနေကြပါတယ်။သမ္မတပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်ကလဲသံသယရှိ သူ ၈ ဦးကို ဖမ်းဆီးထားကြောင်းပြောပါတယ်။

          အောက်တိုဘာလအတွင်းဗုံးပေါက် ကွဲမှုများကြောင့်သေဆုံးခဲ့ကြသူများဒဏ်ရာရ၍ ဆေးရုံတက်ကုသခံနေရသူများ၊ ပစ္စည်းဆုံးရှုံးမှုများ၊ သွားလာနေထိုင် ရေးတွေမှာစိတ်ပူပန်ခြင်းများစွာနဲ့ပြည်သူ လူထုက တရားခံဘယ်သူလဲဆိုတာ ပြည် သူလူထုကသိချင်နေတာအမှန်ပါ။ နေတိုး ခေါ် စောရွှေထူးကိုဆက်လက် ဖမ်းဆီးနိုင်ရေး ကြိုးစားနေတဲ့အပေါ် ပြည်သူတွေ စိတ်ဝင်တစားစောင့်ကြည့်နေတာပါ။သူ့ကို လက်ရဖမ်းဆီးမိခဲ့ပါက နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတဲ့သူတွေကို ဆက်လက်ဖော်ထုတ်နိုင်မလားရယ်လို့။ တရားခံဘယ်သူလဲ . . . ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...