Thursday, May 26, 2016

''တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အပြည့်အဝဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်တယ်''

 ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ်KIO ကချင်လွတ်မြောက်ရေးအဖွဲ့သဘောထား၊ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးစသည့်တို့နှင့်စပ်လျဉ်းပြီးကချင်လွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်အား ဗီးနပ်စ်းအပတ်စဉ်ထုတ်သတင်းစာမှအီးမေးလ်ဖြင့်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဝင်းဇော်နိုင်

Venusး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အခန်း ကဏ္ဍ ဘယ်လောက်အရေးကြီးလဲ သိချင် ပါတယ်။

ULNး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံဖြစ် မဖြစ်ဆိုတာဟာ တိုင်းရင်းသားများ အခွင့် အရေး တန်းတူညီတူ ရရှိတယ်၊ မရရှိဘူး ဆိုတဲ့အချက်မှာအဓိက မူတည်တယ်။ အာဏာရှင်အစိုးရအဆက်ဆက်ဟာ တိုင်း ရင်းသားတွေ တန်းတူညီတူ အခွင့်အရေး ခံစားနိုင်ခွင့်မရှိအောင်လက်နက်အားကိုးနဲ့ ဖိနှိပ်ချုပ်ချယ်
ပိတ်ဆို့မှုတွေ ပြုလုပ်လာတဲ့ အတွက် တိုင်းရင်းသားတိုင်းရဲ့လက်နက် ကိုင် တော်လှန်ရေးအဖွဲ့တွေ ဖြစ်တည်လာ ခဲ့ရတယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ပြီးတိုင်းရင်းသားတွေရဲ့ ဘဝအာမခံချက်ကို ခုခံကာကွယ်ဖို့ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ဟာမရှိမဖြစ်လိုအပ်လာတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးအဖွဲ့ကြောင့် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်း ရေးကို ဖျက်ဆီးနေတာမဟုတ်ဘူး။ တိုင်း ရင်းသားများရဲ့ ရပိုင်ခွင့် အခွင့်အရေးအပြည့်အဝရရှိရေးအတွက် ရုန်းကန် တော် လှန်တဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။

Venusး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ထိုးပြီးရင်ကောတိုင်းရင်း သားနယ်မြေတွေမှာ သေနတ်သံတွေ ရပ် သွားမှာလားခင်ဗျာ။

ULNး  ကမ္ဘာ့နိုင်ငံအသီးသီးမှာ အပစ် အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုမှုအများဆုံး ပြုလုပ်တဲ့အစိုးရဟာ မြန်မာနိုင်ငံအစိုးရပဲ ရှိတယ်။ ဒါဟာ တိုင်းရင်းသားတွေလိုလားနေတဲ့ နှစ်ဖက် တန်းတူရည်တူ ပြဿနာဖြေရှင်းနိုင်မယ့် နိုင်ငံရေးဆွေးနွေးမှု ဖော်ဆောင်ပေးဖို့အစိုးရဘက်မှာ ဆန္ဒ မရှိသေးတာကို မီးမောင်းထိုးပြတာပဲဖြစ် တယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်လက် မှတ်ရေးထိုးပြီး ဘာဆက်လုပ်မှာလဲ။ ကိုယ့်နယ်သူ့နယ် သတ်မှတ်၊ နှစ်ဖက် တပ်ဖွဲ့တွေလိုက်နာရမယ့် Code of Conduct  ချမှတ်၊ ဆက်ဆံရေးရုံးတွေဖွင့်လှစ်၊ စတဲ့ ပုံစံဟောင်းတွေနဲ့ ပြဿနာကို ပြေ လည်မသွားစေနိုင်ဘူး။ နိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိမယ် ဆိုရင် အစိုးရအဖွဲ့ဟာ  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်းတစ်ဖက်သတ် ကြေညာချက်ထုတ်ပြန်ရမယ်။ ကြေညာ ချက်အတိုင်း တပ်ပိုင်းဆိုင်ရာ ဆောင်ရွက် စရာတွေကိုလက်တွေ့လုပ်ဆောင်ရမယ်။ ဒါဟာ တစ်နိုင်ငံလုံးဆိုင်ရာ လက်မှတ် ရေးထိုးတာထက် အစိုးရအတွက်ပိုပြီး ဂုဏ်သိက္ခာရှိမှာဖြစ်တယ်။ အစိုးရအပေါ် ယုံကြည်မှုတွေရှိလာမယ်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနိုင်မယ်။ အတွေ့အကြုံ သင် ခန်းစာအရပြောမယ်ဆိုရင်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာ နဲ့ တိုင်းရင်းသားနယ်မြေမှာသေနတ်သံ ရပ်သွားဖို့ မဖြစ်နိုင်ဘူး။ သဘောတူညီ စာချုပ်ဟာလည်း တိုင်းရင်းသားတွေကို ချုပ်ကိုင်ဖို့တစ်ဖက်သတ် မူသေစာတမ်း မဖြစ်ဖို့ အရေးကြီးတယ်။ အခုထိ အစိုးရရဲ့ ဖြေရှင်းပုံလမ်းကြောင်းဟာတိုင်းရင်းသား တွေအပေါ်မှာ မေတ္တာစေတနာမှန် အနှစ် သာရမပါတဲ့ ဖြေရှင်းနည်းသာဖြစ်တယ်။

Venusး  ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍမှာ ဘယ် လောက်အရေးကြီးပါသလဲ၊ ဖွဲ့စည်းပုံပြင်ဖို့ကိစ္စမှာရှောုဥ ကချင်လွတ်မြောက်ရေး အဖွဲ့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ
ပါဝင်ပတ်သက်မှာလဲဆိုတာသိချင်ပါတယ်။

ULNး  ပထဝီဝင်အနေအထား ခြားနားမှု၊ မတူကွဲပြားတဲ့လူမျိုးစု၊ယဉ်ကျေးမှုတည်ရှိ မှုတွေအရ တိုင်းရင်းသားအားလုံး လက်ခံ နိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုအပြည့်အဝဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်တယ်။ တစ်စုတစ်ဖွဲ့ အတွက်သာသီးသန့်အခွင့်သာမယ့် ဖွဲ့ စည်းပုံ မဖြစ်စေရ။ တိုင်းရင်းသားများ အားလုံး အတူတကွလက်တွဲနေထိုင်နိုင်ဖို့အာမခံရှိတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ အလွန်အရေး ကြီးတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဆက်စပ်လို့ လုံးဝမရနိုင်ဘူး။

Venusး ဖက်ဒရယ်ပြည်ထောင်စု ဖြစ် မြောက်ရေးအတွက်ကောKIOကချင်လွတ် မြောက်ရေးအဖွဲ့က ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ထားပါသလဲခင်ဗျ။

ULNး  တောင်တန်းဒေသနဲ့ မြေပြန့်ဒေသ လွတ်လပ်ရေးကို အတူတကွရယူဖို့၁၉၄၇ သဘောတူညီချက်ရဲ့ အဓိကသော့ချက် ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် ရေး ဖြစ်တယ်။ သဘောတူညီချက်ကတိ ကဝတ် ဖောက်ဖျက်ခံရတာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီ။ ဖက်ဒရယ်စနစ်ကိုတည်ဆောက် ဖို့ တစ်ဖွဲ့တည်းလုပ်ဆောင်လို့မရဘူး။ တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ KIO  ဟာ ယခုအချိန်အထိ ဖက် ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးဖို့ပြော ဆို လုပ်ဆောင်ဆဲ ဖြစ်တယ်။ ၁၉၄၇ ရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်။ ခေတ်နောက်ကျကျန်ခဲ့ပြီလို့ အကြောင်းပြချက်မပေးနဲ့။

Venusး KIO  ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်း ချမ်းရေးအတွက်ဘာတွေပြင်ဆင်ထားသလဲ။

ULNး  အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ပြင်ဆင်ထားပြီး ဖြစ်တယ်။ နိုင်ငံရေးပြဿဿဿသ နာပြေလည် သွားမယ်ဆိုရင် တစ်နိုင်ငံလုံး စစ်ပြေငြိမ်းသွားမယ်။ ငြိမ်းချမ်းသွားမယ်။

Venusး KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းဆိုမယ့် အချက်တွေကို နိုင်ငံရေး ဆွေးနွေးပွဲ ဒါမှမဟုတ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှာအစိုးရ အနေနဲ့ ဘယ်လောက်ထိလုပ်ဆောင်ပေးနိုင် လိမ့်မယ် ထင်သလဲခင်ဗျ။

ULNး  ကျွန်တော်နားလည်သလို ပြော မယ်ဆိုရင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို မတောင်းဆိုခဲ့ဘူး။ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက  အဆိုပြုလာတဲ့ အတွက် အဲဒီအချက်ကို ဆွေးနွေးလာရ တယ်။ MPC က ပေးပို့လာတဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းအပေါ် ဝိုင်းစဉ်းစားလာရတာ ဖြစ်တယ်။ ဒီမူကြမ်းဟာ အပစ်အခတ်ရပ်စဲရုံ သက် သက်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကိုထိန်းချုပ်နိုင်ရုံ သက်သက်သာ ရည်ရွယ် ထားမှုမဖြစ်ဖို့ အရေးကြီးတယ်။ ရှေ့ဆက် နိုင်ငံရေးဆွေးနွေးမှုအဆင့်တွေအတွက် အာမခံထားတဲ့ သဘောတူညီချက်ပုံစံ ဖြစ်ဖို့ လိုအပ်တယ်။

Venusး အစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေအပေါ်မှာလုပ်ဆောင်ရန် ဘာတွေလိုအပ်တယ်ထင်ပါသလဲ။

ULNး  နိုင်ငံရဲ့အာဏာကို ရယူထားတဲ့ အစိုးရအဖွဲ့ရဲ့ စိတ်စေတနာသာအဓိက ဖြစ်မယ်။ အခုထိ အစိုးရအဖွဲ့က ထုတ်ဖော် ပေးလာတဲ့ အပစ်အခတ်ရပ်စဲရေး မူဘောင်၊ နိုင်ငံရေးဆွေးနွေးရေးလမ်းပြမြေပုံဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့က လက်ခံနိုင်တဲ့အဆင့် မရောက်သေးဘူး။နှစ်ဖက် အကြေအလည် ညှိနှိုင်းသွားဖို့ အများကြီး လိုအပ်သေးတယ်။ အတိမ်း အစောင်းမခံတဲ့ညှိနှိုင်းမှုဖြစ်နေရတယ်။ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် ပြတ်တောက်မှု မရှိအောင် စိတ်ရှည်ဖို့လည်းလိုအပ်နေ တယ်။
          တိုင်းရင်းသားတွေ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ရေးဆိုတဲ့ဦးတည်ချက်နဲ့ လမ်းကြောင်းကနေပြီးသာ တစ်ဖက်သတ် ဆွဲခေါ်သွားမယ်ဆိုရင် ပြဿနာ ပြေလည် ပြီးပြတ်စေမှာမဟုတ်ဘူး။
          အစိုးရဘက်က တိုင်းရင်းသား တော် လှန်ရေးအဖွဲ့အပေါ်မှာမလိုအပ်တဲ့စိုးရိမ်မှု၊ မယုံကြည်မှုများသာ တွေ့ရတယ်။ ဒီစိုးရိမ် မှုကလည်း အာဏာရှင်ဆန်တဲ့သဘောပါ။အစိုးရအဖွဲ့အတွင်းမှာ 'မူ' ကွဲသယောင်နဲ့ တိုင်းရင်းသားအရေးအပေါ်မှာတော့ အား လုံး သဘောထားတူညီမှုရှိနေတာတွေ့ရ တယ်။ ဒီသဘောထား စိတ်အနေအထား အားလုံးကို အစိုးရအဖွဲ့က လုံးဝပြောင်းလဲ ပစ်ဖို့လိုတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီကလည်း မူဝါဒကိုလိုအပ်သလိုပြောင်းလဲဖို့လိုတယ်။ အဓိကယကတော့ တိုင်းရင်းသားလူမျိုးများ၊ တိုင်းရင်းသားပြည်နယ်များအပေါ် ချမှတ် ထားတဲ့မူဝါဒကိုဖြေလျှော့ချဖို့ အချိန်တန် ပါပြီ။

ဝင်းဇော်နိုင် ။ အခုလိုအချိန်ပေး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...