Thursday, May 26, 2016

''ငြိမ်းချမ်းရေးဆိုတာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း နှစ်ဖက်စလုံးက ဖြတ်ရမယ့် တံတားကြီးပါ”

အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်အား
Venus News Weekly  မှမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Venusးကရင်နီအမျိုးသားတိုးတက်ရေး ပါတီကို ဘယ်တုန်းက စတင်ဖွဲ့စည်းပြီးဘာတွေလုပ်ဆောင်ခဲ့သလဲ သိချင်ပါတယ် ခင်ဗျ။

SMTး  ၁၉၅၂ လောက်ကစပြီးဖွဲ့စည်း ခဲ့တာဖြစ်တယ်။ ဘာတွေလုပ်ဆောင်ခဲ့လဲ ပြောလို့ရှိရင်တော့ကရင်နီအမျိုးသားတွေ အတွက် ကျွန်တော်တို့ တန်းတူရေး၊ တရား မျှတရေးပေါ့။ပွင့်ပွင့်လင်းလင်း ပြောရ ရင်တော့ ကျွန်တော်တို့ရဲ့ မူလနိုင်ငံရေး ကတော့တစ်မျိုးဖြစ်တာပေါ့လေ။ ကျွန် တော်တို့ရဲ့ သမိုင်းကြောင်းပေါ် အခြေခံပြီး တော့တစ်ချိန်တုန်းကတော့ ကျွန်တော်တို့ သီးခြားလွတ်လပ်ရေးဆိုတဲ့ ကြွေးကြော်သံ နဲ့တိုက်ပွဲဝင်ခဲ့တာပေါ့။ ကျွန်တော်တို့ သက္ကရာဇ် ၂ဝဝဝ ရောက်တဲ့အချိန်မှာတော့ ပြောင်းသွားပါပြီ။စစ်မှန်တဲ့ပြည်ထောင်စု ဆိုပြီး သတ်မှတ်လုပ်ဆောင်ခဲ့တယ်။ ၂ဝဝဝ ခုနှစ် မတိုင်ခင်ကတစ်မျိုးပေါ့။ အဲဒါက ပထမပိုင်းပေါ့။ ဒုတိယအပိုင်းမှာကျတော့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုမှာ ပူးပေါင်း ပါဝင်မယ်ဆိုတဲ့ ပြောင်းလဲချမှတ်တဲ့ ရည်မှန်းချက်အပေါ်မှာ တခြားသောတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ ဖြစ်လာ တာပေါ့နော်။ ကျွန်တော်တို့ ဌာနချုပ်ကအရှေ့ဘက်ပေါ့၊ ထိုင်းမှာရှိပါတယ်။ အမြဲ တမ်း ရှိတယ်။ ပြောက်ကျားတပ်လည်း ရှိတယ်။အကုန်လုံး အရေအတွက်က အဖွဲ့ဝင် စုစုပေါင်း ၁၅ဝဝ လောက်တော့ ရှိပါတယ်။

Venusး ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့ ပြောနေကြတယ်ခင်ဗျ။ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေ နဲ့ကော ဖွဲ့စည်းပုံပြင်မယ့်ကိစ္စမှာ ဘယ်လိုလုပ်ဆောင်မှုမျိုးတွေမှာ ပါဝင်နေလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

SMTး   ကျွန်တော်တို့ကလည်းပြင်ဆင် သင့်တယ်ဆိုတဲ့ဟာမျိုး အယူအဆ ရှိပါ တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ကညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)  ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ အဲ့ဒီတော့UNFC မှာ လည်း တိုင်းရင်းသားတွေဆွေးနွေးကြတဲ့ အခါမှာပြည်တွင်း တိုင်းရင်းသားတွေ လည်း ဖိတ်ခေါ်ပါတယ်။ ပြီးခဲ့တဲ့ညီလာခံ ပေါ့လေ။စုပြီးဆွေးနွေးတဲ့အခါမှာ ၂ဝဝ၈ ဖွဲ့စည်းပုံက  ပြင်မယ်ဆိုလို့ရှိရင်လည်းတော်တော်ခက်မှာပဲပေါ့။ ဖွဲ့စည်းပုံဆိုတာ မျိုးက ပုဒ်မတစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတာလေ။ တချို့ဟာတွေကလည်း ဒီမို ကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေလည်း ပါတယ်လေ။ကျွန်တော်တို့လုပ်ကြည့်တာ တော့အဲ့ဒီတုန်းကတော့ အသစ်ပြန်ရေးတာ ကပိုပြီးတော့လွယ်မယ်ဆိုတဲ့ အယူအဆ ဆုံးဖြတ်ချက်ကိုချခဲ့ကြတာပေါ့။ ကျွန်တော် တို့တွေကလည်း UNFCအဖွဲ့ဝင်ဖြစ်တဲ့ အားလျော်စွာ အားလုံးနဲ့ဝိုင်းပြီးတော့ ရပ်တည်ခဲ့တဲ့သဘောတော့ရှိတယ်။

Venusးကရင်နီအမျိုးသားတိုးတက်ရေး ပါတီအနေနဲ့ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးကိစ္စများနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ထားတာရှိပါသလဲခင်ဗျ။

SMTး  ကျွန်တော်တို့နဲ့ကတော့ ပြည် နယ်အဆင့်မှာ ပထမအပစ်အခတ်ရပ်စဲရေး အနေနဲ့ ၃ကြိမ်ပေါ့လေ၊ ဆွေးနွေးပြီးပြီ။ ဆွေးနွေးပြီး နောက်ပိုင်းမှာ ထိတွေ့မှုတစ်ကြိမ်ရှိတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဖက်ကတော့ စောင့်ထိန်းလုပ်ဆောင်နေ ကြတယ်။နောက်တစ်ခုကတော့ စပြန်လာ တဲ့အချိန်ကတည်းက ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီးတော့မှလူထုဖွံ့ဖြိုးရေးလုပ်ငန်း လေးတွေပေါ့လေ။ လုပ်တာရှိပါတယ်။တချို့ကဏ္ဍတွေမှာဆိုလို့ရှိရင် ပြည်နယ် အစိုးရဌာနဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ တချို့ကဏ္ဍတွေမှာ တော့ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့အကောင်အထည်ဖော်နေတာတွေ ရှိပါ တယ်။

Venusးနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးပွဲမှာရော ပါဝင်ဖို့ရှိပါသလားခင်ဗျ။

SMTး   ကျွန်တော်တို့လိုင်ဇာညီလာခံရဲ့ ရပ်တည်ချက်ကိုက အပစ်အခက်ရပ်စဲရေး မှာ တိုင်းရင်းသားတွေကပါဝင်လက်မှတ် ရေးထိုးကြမယ်ဆိုတဲ့ ကိစ္စကိုပဲ အဓိက ဦးတည်တာပဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာမူတွေ ချမှတ်ကြပါတယ်။ အဲ့ဒီအပေါ်မှာ တိုင်း ရင်းသားအားလုံးနဲ့ ထပ်တူဖြစ်ပါတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအားလုံးနဲ့ထပ်တူပါပဲ။ အတူတကွ လုပ်ဆောင်ကြ မှာပါ။

Venusး  အစိုးရနဲ့ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေးဆွေးနွေး တဲ့အခါမျိုးတွေအပစ်အခတ်ရပ်စဲရေးကိစ္စ များနဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ထားပါ သလဲခင်ဗျ။

SMTး   အဲဒါကတော့စစ်မှန်တဲ့ ငြိမ်းချမ်း ရေးပေါ့။ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ချမှတ်ထားတဲ့  သဘော တူညီချက်တွေ ချမှတ်ထားတယ်လေ။ စစ် မှန်တဲ့ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့အခါမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ် ဆောင်ကြရမှာဆိုတော့တခြားတိုင်းရင်း သားတွေနဲ့ အတူတကွ ညှိနှိုင်းဖြေရှင်းပြီး တော့ နိုင်ငံတော်အစိုးရနဲ့လုပ်ဆောင်ကြရ မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တစ်တိုင်းပြည်လုံးစစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီဆိုလို့ရှိရင် ကိုယ့်ပြည်နယ်အတွင်းမှာလည်း ပြည်နယ်အစိုးရနဲ့ ပါတွဲပြီးတော့ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်နိုင် လိမ့်မယ့်အနေအထားတွေ ရှိမှာပါ။ ဆိုလို တာကတစ်ချိန်တုန်းကတော့ ကျွန်တော် တို့ဟာ မတရားအသင်းပေါ့လေ။ အဲ့ဒီ တော့ တချို့သောအစိုးရဌာနဆိုင်ရာများ ကလည်း ကျွန်တော်တို့ လက်တွဲဆောင် ရွက်ဖို့ဆိုတဲ့နေရာမှာစဉ်းစားနေရတဲ့အပိုင်း တွေရှိတာပေါ့လေ။ အဲ့ဒီကိစ္စတွေ ဖြေရှင်းပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပိုပြီးလုပ်ဆောင်လာနိုင်မယ် လေ။

Venusး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုရင် အခြေခံဘာတွေလုပ်ဆောင် နိုင်ဖို့လိုအပ်တယ်ထင်ပါသလဲခင်ဗျ။

SMTး   အဓိက,ကတော့အာဏာခွဲဝေမှု တပ်နေရာချထားမှုပေါ့။ ဥပမာ ပြည်နယ် ဝန်ကြီးချုပ်ဆိုတာ ပြည်နယ်ကနေ တိုက်ရိုက် ခန့်ရမှာလေ။ အခုတော့ အဲသလို မဟုတ်ဘူး။ လူထုကို တိုက်ရိုက်ကိုယ်စား မပြုဘူး။အမှန်ကတော့ လူထုကိုကိုယ်စား ပြုရမှာလေ။ နောက်ပြီးတော့ လက်နက် ကိုင်တပ်တွေနေရာချထားမှုတွေပေါ့။ နောက်ပြီးတော့ စစ်မှန်တဲ့ပြည်ထောင်စု ဆိုင်ရာတန်းတူညီမျှမှုပေါ့။ အဲဒါတွေကို လုပ်နိုင်ဖို့ လိုလာပါတယ်။

Venusးဖက်ဒရယ်ပြည်ထောင်စု ဖြစ် မြောက်သွားရင် လတ်တလောကောင်းကျိုး ဘာတွေခံစားရမလဲခင်ဗျ။

SMTး   လတ်တလော ခံစားရမယ့်ကောင်းကျိုးပြောလို့ရှိရင်၊ အဓိကကတော့ တစ်တိုင်းပြည်လုံး၊  သေနတ်သံ အမှန်စဲသွားလိမ့်မယ်။ လက်နက်ကိုင်လမ်းစဉ်က နေပြီးတော့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ် သွားရင်တန်းတူရေးအခွင့်အရေးတွေရှိပြီး ဆိုရင် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲစရာမလိုတော့ဘူးပေါ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအရ သာကို ခံစားကြရမှာပေါ့။ ကုန်ထုတ်စွမ်းအားတွေမှာလည်း အပြည့်အဝ ရကြမယ် ဆိုရင် တိုင်းပြည်ရဲ့ဝင်ငွေလည်း တိုးလာ မယ်။တိုင်းပြည်မှာရှိတဲ့လူထု ပျော်ရွှင် ချမ်းမြေ့လာမယ်လေ။ ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ပဲ စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင် တိုင်းရင်းသားတိုင်း ကကိုယ့်ရဲ့ပြည်နယ်မှာ ကိုယ့်ရဲ့အခွင့် အရေးအပြည့်အဝရတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ အဲဒါဆိုရင် လူတိုင်း လူတိုင်းက ဒီအပေါ်မှာ စိတ်မှန်စေတနာ အမှန်နဲ့လုပ်ကြရမှာပဲ။ ငြိမ်းချမ်းရေး ရသွားပြီဆိုရင် ကုန်စည်စီးဆင်းမှုတွေ၊ ယဉ်ကျေးမှု၊ကူးလူးဆက်ဆံမှုတွေဟာ ဖွံ့ဖြိုးတိုးတက်မှာပဲ။ ငြိမ်းချမ်းရေးရပြီး လူထုတွင်းကြားမှာဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာရင် အာဆီယံထောင်စုနှစ် ရည်မှန်းချက်ဖြစ်တဲ့အဆင့်တွေကို တက်လှမ်းနိုင် ကြမယ် ထင်ပါတယ်။

Venusးအပစ်အခတ်ရပ်စဲရေးငြိမ်းချမ်း ရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်လိုလုပ်ဆောင် သင့်ကြတယ်လို့ မြင်ပါသလဲခင်ဗျ။

SMTး   အခုကကျွန်တော်တို့က ပြောမယ် ဆိုလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတဲ့ဧရိယာကိုသွားမယ့် ဟိုဘက်ကမ်းနဲ့ဒီဘက် ကမ်းရောက်အောင်သွားဖို့ လုပ်နေကြတာ လေ။ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ စုပေါင်းပြီးတော့ လိုချင်ပါတယ်လို့ပြောတဲ့မူဝါဒတွေ ချထားတယ်။ ဒီမူကလည်းပဲ လုံးဝတစ်လုံးတစ်ပါဒ ဘာမှမလျှော့ဘူးဆို တဲ့ရပ်တည်မှုတော့မရှိပါဘူး။ဘာလို့ ဆိုတော့ နှစ်ပေါင်း ၆ဝ ကျော် ပဋိပက္ခဖြစ် လာတဲ့ သက်တမ်းမှာလည်းငြိမ်းချမ်းရေး အတွက် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင် တာဒါပဲလို့။တစ်ဖက်မှာလည်းပဲဒီမိုကရေစီ စနစ်ကို အခုမှကူးပြောင်းတည်ဆောက်နေမှု အပေါ်မှာသူတို့မှာလည်း ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့အညီ လုပ်ရမှာလည်းပဲရှိတယ်။ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ဆိုတာကို ထည့်သွင်းစဉ်းစားလာပြီလေ။ အစိုးရအနေ နဲ့လည်း ဒီလိုအကူးအပြောင်းကာလမှာ တည်ဆောက်ရမှာတွေ လုပ်စရာတွေ အများကြီးရှိပါတယ်။မြန်မာနိုင်ငံဒီမိုကရေစီ စနစ်နဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် မယ့်အနေအထားမှာ အစိုးရဘက်ကလည်းလုပ်ဆောင်ရမှာတွေ အများကြီးရှိပါသေး တယ်။ အဲ့ဒီတော့ ချမှတ်ထားတဲ့ မူတွေ အပေါ်မှာညှိနှိုင်းလို့ရတာတွေ အများကြီး ရှိပါတယ်။ နှစ်ဖက်လုံးက အလုပ်လုပ်ကြ ရမှာပါ။အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆိုတာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း နှစ်ဖက်လုံးကဖြတ်ရမယ့်တံတားကြီးဖြစ် လာမှာပါ။

Venusးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြော စရာများရှိရင် ပြောနိုင်ပါတယ်ခင်ဗျ။

SMTး   စင်စစ်မှာတော့တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ခေတ်ကာလကြီး တစ်ခုကို ဖြတ်သန်းခဲ့ကြရတာပါ။ ဖြတ်သန်းခဲ့ရတဲ့ ကာလကြီးထဲမှာပဲ မလိုလား တဲ့ ဘဝအခြေအနေမျိုးတွေ၊ အဖြစ်အပျက် တွေကြုံတွေ့ခဲ့ကြရတာပါ။ ကျွန်တော်တို့ တွေဟာ အရင်တုန်းက ဝါဒဖြန့်ခဲ့ကြသလိုအဖျက်အမှောင့်သမားတွေ မဟုတ်ပါဘူး။
         ပြည်သူတွေအတွက် တန်းတူညီမျှမှု အတွက် အခက်အခဲပေါင်းများစွာနဲ့ ရင် ဆိုင်ခဲ့ကြရတာပါ။ကျွန်တော်တို့ တိုင်းရင်း သား လက်နက်ကိုင်တွေဟာ စစ်ကို လို လားသူတွေ မဟုတ်ပါဘူး။ငြိမ်းချမ်းရေး လိုလားသူတွေပါ။ အရင်တုန်းက ဝါဒဖြန့် ထားသလို သူပုန်တွေမဟုတ်ဘူး။တန်းတူ ညီမျှမှုအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ ကြသူတွေပါ။

ဝင်းဇော်နိုင် ။ အချိန်ပေး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...