Thursday, May 26, 2016

မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားများ၏ အခန်းကဏ္ဍ

ဝင်းဇော်နိုင်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး...ဒို့အရေးအမျိုးသားပြန်လည် သင့်မြတ်ရေး ဒို့အရေး၊ ဒို့အရေး တိုင်း ရင်းသားများတောင်းဆိုသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဒို့အရေး ဒို့အရေးဟု အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်း ချမ်းရေးနေ့တွင်ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှ ပြည်သူ့ဥယျာဉ်သို့လမ်း လျောက်သောလူမှုအဖွဲ့အစည်းများမှလူ ၅ဝဝ ကျော်ကကြွေးကျော်ခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေ ကြသော အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီအဖွဲ့တို့ပင်ဖြစ်ကြပါတယ်။မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအပါ အဝင် ကမ္ဘာ့နိုင်ငံများကလဲစိတ်ဝင်စားနေ ကြပါတယ်။

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆ဝ ကျော်ကြာပြည်တွင်းစစ်မီးကိုငြိမ်းသက်ဖို့ ကြိုးစားရာတွင် တိုင်းရင်းသားလက်နက် ကိုင်မျာနှင့် ငြိမ်းချမ်းရေးရရှိဖို့ကအဓိကဖြစ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် သာငြိမ်းချမ်းရေး ရရှိသွားပြီဆိုလျှင်ပြည်တွင်းစစ်မီးလဲ ငြိမ်း ချမ်းသွားမှာဖြစ်ပါတယ်။ ပြည်တွင်းစစ် မီးငြိမ်းရန်အတွက် တိုင်းရင်းသားများတောင်းဆိုလျှက်ရှိသော ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးသည်အရေးကြီး သော အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

တိုင်းရင်းသားများတောင်းဆိုလျက် ရှိသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် ဘယ်လောက်အရေးကြီးပါ သလဲဆိုတာ မေးခွန်းထုတ်စရာပါ။ တိုင်း ရင်းသားများ၏ တောင်းဆိုမှုကဏ္ဍမှာပါဝင်နေ ပါတယ်။ တိုင်းရင်းသားလူမျိုး များမရှိလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော်လဲရှိမည်မဟုတ်၊ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည်တိုင်းရင်း သားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့တွင် ကချင်၊ကရင်၊ ကယား၊ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းစော လူမျိုးများမှာသာတိုင်းရင်းသား များ မဟုတ်၊ ဗမာသည် လည်းတိုင်းရင်းသားလူမှိုးစုတစ်စုဖြစ်ပါတယ်။ ဗမာဖြစ် လို့ ကချင်ဖြစ်လို့ ရှမ်းဖြစ်လို့ ခွဲခြားနေ စရာမဟုတ်။အားလုံးသည်တိုင်းရင်းသား များဖြစ်ပါတယ်။အုပ်ချုပ်သူအစိုးရတို့၏ တိုင်းရင်းသားများအပေါ်ခွဲခြားဆက်ခံ ယူမှုများ အနိုင်ကျင့်ဆက်ခံမှုများရှိခဲ့သော ကြောင့် ပြည်တွင်းစစ်ကြီးပေါ်ပေါက်ခဲ့ရကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာကပြောပါတယ်။

''နယ်ချဲ့လက်အောက်ကနေလွတ် မြောက်ဖို့အတွက် အားလုံးပါဝင်ခဲ့ကြတာပဲ စုပေါင်းပြီးတိုက်ခဲ့ကြတာလေ။ လွတ် လပ်ရေးပြီးတော့တိုင်းရင်းသားတွေကို အသိအမှတ်မပြုဘဲ၊နေရာမပေးဘဲ အစိုးရ က လုပ်ချင်တာတွေ့လုပ်တာကြောင့် ကမောက်ကမဖြစ်သွားတာပါ၊ အစက တည်းကစည်းစည်းလုံးလုံးသာရှိခဲ့ရင် ဒီလိုဘယ်ဖြစ်မလဲ အချင်းချင်းအနိုင်ကျင့် မှုတွေဟာ တောက်လျောက်ဖြစ်လာခဲ့တာပါ။ လို့ဦးခွန်ဥက္ကာကဆိုပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကို တိုင်း ရင်းသားများနှင့် သဘောတူညီချက်များရယူပြီးမှသာ အင်္ဂလိပ်နယ်ချဲ့လက်အောက် က လွတ်လပ်ရေးရယူခဲ့ကြခြင်းဖြစ်ပါ တယ်။ ကြားဖြတ်မြန်မာအစိုးရနှင့်တိုင်းရင်းသားများပူးပေါင်း၍ လုပ်ဆောင်မှသာလျှင် ရှမ်း၊ ကချင်နှင့် ချင်းတို့၏ ဒေသများ လွတ်လပ်ရေးမြန်ဆန်စွာရမည်ဟုပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးတက် ရောက်လာသူအားလုံးပဲသဘောတူကြောင်း ပင်လုံစာချုပ်တွင်ဖော်ပြထားပါတယ်။

ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင် ဆန်းအပါအဝင် ဆမားဒူးဝါးဆင်ဝါးနောင်မြစ်ကြီးနား၊ ဇော်လ(ဗန်းမော်၊ လဗန်းဂရောင်း(ဗန်းမော်ချင်းကော်မတီ)၊ စစ်ရွှေသိုက်(ညောင်ရွှေဖလုံ)၊ဦးထွန်းမြင့်၊ ဦးကြာပုစသော ကိုယ်စားလှယ်များက လက်မှတ်ထိုး သဘောတူညီခဲ့သော ပင်လုံစာချုပ်တွင် နယ်စပ်ဒေသများ၏ နယ်သူ နယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများ တွင်အခြေခံများအဖြစ်အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကိုခံစား နိုင်ခွင့်ရှိစေရမည်စသော အချက်အပါအ ဝင်သဘောတူညီချက်၉ ချက်ပါ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြေပြန့်နှင့်တောင်တန်းခွဲခြားရေး အတွက် အင်္ဂလိပ်နယ်ချဲ့ကပြုလုပ်ချင်သော်လည်း ပြုလုပ်၍ မရခဲ့ပါ။ နယ်ချဲ့ ပြုလုပ်၍ မရသော်လည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်းပြည်ထောင်စုသားအားလုံးနားလည်မှုများသဘောထားများကွဲလွဲ သောကြောင့် မြန်မာနိုင်ငံတွင် ကွန်မြူနစ် များကပထမဆုံးသူပုန်ထခဲ့တယ်လို့ ဒီမို ကရက်တစ်ပါတီမြန်မာမှ ဥက္ကဋ္ဌ ဦးသုဝေ ကပြောပါတယ်။
''လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း မှာဘဲခြေခံသဘောထားမတူကြတာတွေနားလည်မှုလွဲတာတွေဖြစ်လာတာပေါ့၊ ပထမဆုံးသူပုန်ထတာကကွန်မြူနစ်ပေါ့၊ နောက်ပိုင်းတော့တပ်မတော်သားတချို့လဲတောခိုကြတယ်။ တိုင်းရင်းသားလူနည်း စု တစ်ချို့ကလဲ လက်နက်ကိုင်တိုက်တယ် လေ။ ငြိမ်းချမ်းရေးဟာဘယ်လိုမှမအောင် မြင်ခဲ့ဘူးလို့ ဦးသုဝေကဆိုပါတယ်။

ခေါင်းဆောင်များကပြည်ထောင်စု တည်ဆောက်ရန်အတွက် ပင်လုံမှာလက်မှတ်ထိုးခဲ့ကြပါတ်။ လက်မှတ် ထိုးပြီးမဖော်ဆောင်နိုင်ခဲ့ကြဘူး၊ ဥပဒေ အရ နိုင်ငံသားအားလုံးပြည်ထောင်စုသားအားလုံးဟာ တန်းတူရရှိရေး၊ ငါဗမာ၊ ငါရှမ်းဆိုတဲ့စိတ်ဓာတ်မျိုးမရှိသင့်တော့ ကြောင်း ဦးသုဝေရဲ့အမြင်ကိုပြောပါတယ်။

မြန်မာနိုင်ငံ၏ အစိုးရပိုင်းတွင် လွတ် လပ်ရေးရပြီးစအချိန်၌တိုင်းရင်းသားများ အုပ်ချုပ်ရေးကဏ္ဍ၌ ပါဝင်ခဲ့ကြသော်လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်းစစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသား လူမျိုး စုများဟာနိုင်ငံတော်ဦးဆောင်မှုပိုင်းအတွက်နေရာမရှိတော့ကြောင်း ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူးဦးစိုင်းညွန့်လွင်ကပြောပါတယ်။
''နိုင်ငံရဲ့လွတ်လပ်ရေးရပြီးပထမ ပိုင်းမှာ သမ္မတကလဲ ရှမ်းစစ်ရွှေသိုက်တို့မန်းဝင်းမောင်တို့ နိုင်ငံခြားရေးဝန်ကြီး တို့ တပ်ပိုင်းမှာလဲပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဟာလဲ ကရင်ပဲ ၆၂ ခုနှစ်နောက် ပိုင်းကြတော့ဘာမှ မရှိတော့ဘူး၊ နောက် ပိုင်းတော့လူမျိုးရေးတိုင်းရင်းသားရေးနဲ့ ပတ်သက်ပြီးထုတ်ပြန်ထားတဲ့အချက်တွေ မရှိတော့ဘူး ကြားတာပဲ''လို့ ဦးစိုင်းညွှန့် လွင်ကဆိုပါတယ်။

မြန်မာ့နိုင်ငံရေးမှာတိုင်းရင်းသား များ၏ အခန်းကဏ္ဍဟာအရေးကြီးပါတယ်။ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်ထောင်စုတစ်ခုအတွက် ဘာသာရေး လူမျိုးစုအရေးတွေအတွက်ကန့်သတ်ချက်တွေ အမိန့်ကြောညာစာတွေရှိနေမည်ဆို ရင် အားလုံးပါဝင်ပူးပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာဘယ်သော အခါမှ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပါ တန်းတူ အခွင့်အရေးများသည် ဒီမိုကရေ စီနစ်ကျင့်သုံးသောနိုင်ငံအတွင်း၌နေထိုင် ကြသော လူသားတိုင်းရရှိခံစာကြရမှာဖြစ် ပါတယ်။

တိုင်းရင်းသားများရဲ့ တောင်းဆိုသံ တွေဟာလဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးတန်းတူညီမျှအခွင့်အရေး ရရှိ ရေးတို့ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းတွင်လူမျိုးပေါင်းစုံဘာသာ ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိပါတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဋ္ဌေးကြွယ်ကပြောပါ တယ်။

မြန်မာနိုင်ငံဟာ ဗမာတစ်မျိုးထဲ နေတာ မဟုတ်ပါဘူး လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ကြတာပါ။ ပြည် ထောင်စုနိုင်ငံအတွက်ဆိုရင် အားလုံးက စိတ်ရှည်ကြရမှာနိုင်ငံရဲ့ပထဝီအနေအ ထားအရ တိုင်းရင်းသားတွေရဲ့ ဧရိယာက ကျယ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အားလုံးလုပ်ဆောင်ဖို့လိုပါတယ်။နိုင်ငံရဲ့ ပထဝီအနေအထားက အင်အားကြီး နိုင်ငံ ၂ ခုက ဘေးမှာရှိနေပါတယ်။ ဗမာရယ်ရှမ်း ရယ်ခွဲပြီးပြောနေကြမယ်ဆိုရင် နောင် အနှစ် ၁ဝဝ မှာ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ် တည်ရှိနိုင်ပါ့မလားစောင့်ကြည့်စရာပါ'' လို့ ဦးဋ္ဌေြး
မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်များပြဿနာသည်ဗမာလူ မျိုးကြောင့်မဟုတ်ဘဲ အုပ်ချုပ်သူအစိုးရ မှာသာတာဝန်ရှိပါတယ်။ ဗမာလူမျိုးများ လည်းအုပ်ချုပ်သူများ၏ လုပ်ရပ်များကို တိုင်းရင်းသားများနှင့် အတူတကွခံစား ကြရတာဖြစ်ပါတယ်လို့အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ အေး မောင်ကပြောပါတယ်။
''အဓိကပြဿနာက တိုင်းရင်းသား တွေကို မသုံးလို့ပဲ နိုင်ငံရေးသမားတွေကြောင့်ဖြစ်ရတာလူထုက နောက်လိုက် ဗျာ မညီမျှမှုတွေကြောင့်ပြဿနာတွေပေါ် ပေါက် ရတာပဲ။ ဗမာလူမျိုးတွေအတွက် တော့ အုပ်ချုပ်တဲ့ လူတန်းစားတွေ က ဘာတွေများလုပ်ပေးခဲ့လို့လဲ ဒီလိုပဲတိုင်း ရင်းသားလူမျိုးစုတွေအတွက်လဲ ဘာ လုပ်ပေးလို့လဲ'' ဒေါက်တာ အေးမောင် ကသုံးသပ်ပြပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တိုင်းရင်းသားအရေးကိစ္စကိစ္စများထက် အရေးကြီးသောကိစ္စဟူ၍ မရှိပါ။ ကမ္ဘာ့ နိုင်ငံတိုငးအတွက် ငြိမ်းချမ်းရေးသည်အဓိက ဖြစ်သောကြောင့် မြန်မာ့ငြိမ်းချမ်း ရေးအတွက် ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ဗမာ၊ ချင်း၊ပအို့ စသောတိုင်းရင်းသားအားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံ၏ လူဦးရေ ၄ဝ ရာခိုင် နှုန်းဟာတိုင်းရင်းသားလူမျိုးစုများဖြစ်သလို ကမ္ဘာကသိရှိနေသော မြန်မာနိုင်ငံ ၏ မြေပုံပါဧရိယာအကျယ်အဝ်း ၆ဝ ရာ ခိုင်နှုန်းကျော်ဟာတိုင်းရင်းသားလူနည်းစုများနေထိုင်ရာနေရာများဖြစ်သောကြောင့် နိုင်ငံနှင့်ချီ၍ ဘယ်သို့သော ကိစ္စမျိုးမဆို ဆုံးဖြတ်ချက်ချမည်ဆိုလျှင်တိုင်းရင်း သားများကို အစိုးရအနေနှင့်ပြစ် ပယ်ရန် မသင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံြးု့ မှ ဗဟိုအလုပ်မှုဆောင်ကော် မတီဝင်စောတာဒိုမူးက ပြောပါတယ်။

လွတ်လပ်ရေး ရယူစဉ် အချိန်ကာလ တွင်တိုင်းရင်းသားများ၏ နိုင်ငံရေးပါဝင်မှုဟာအရေးကြီးခဲ့ကြောင်းပင်လုံစာချုပ် က သက်သေခံလျက်ပါ ဒီမိုကရေစီရေး လူ့ အခွင့်အရေးအမျိုးသားပြန်လည်သင့်မြတ် ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးငြိမ်းချမ်းရေးစသောစကားလုံးများသည်စကားလုံး အဖြစ်တည်ရှိနေယုံနှင့်မပြီးပါ။ စာရွက်ပေါ် ချရေးနယုံမျှနှင့်လဲပြီးလိမ့်မည်မထင်ပါ။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ဖို့လိုအပ်တယ်ထင်ပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လဲ တစ်ဦး နှင့်တစ်ဦး ယုံယုံကြည်ကြည်နှင့်လုပ် ဆောင်ကြဖို့လိုအပ်ပါတယ်။ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အချုပ် အခြာ အာဏာပိုင်နိုင်ငံဖြစ်ဖို့အတွက် ငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင် ပြည်ထောင်စုသားအားလုံးတိုင်းရင်းသား အားလုံးဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်ဆောင်ရွက်ကြမှသာလျှင်ငြိမ်းချမ်း ရေးရရှိလိမ့်မည်ဟုယုံကြည်ပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...