Thursday, May 26, 2016
ပါတီနှင့်ငွေ
ဝင်းဇော်နိုင်
နိုင်ငံရေးပါတီတွေဟာငွေကြေးမရှိဘဲ ရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ နိုင်ငံရေးပါတီတွေ၊ ပရဟိတလုပ်နေတဲ့လူမှုအဖွဲ့အစည်းတချို့ဟာ ရန်ပုံငွေရှာဖွေပွဲတွေလုပ်ပြီး ရန်ပုံငွေရှာဖွေနေကြတာ တွေ့ရပါတယ်။ကမ္ဘာပေါ်မှာ အကြီးမားဆုံးစစ်ကြီးဖြစ်သော ပထမကမ္ဘာ့စစ်နှင့် ဒုတိယကမ္ဘာစစ်ဟာ ငွေကြောင့်ဖြစ်ခဲ့ကြရပါတယ်။လူတစ်ဦးတစ်ယောက်ဒုက္ခရောက်နေလျှင် ပါးစပ်ဖြင့်ကူညီနိုင်ခြင်းထက် အတိုင်းအတာတစ်ခုအထိငွေကြေးဖြင့်ကူညီလျှင်ပို၍ထိရောက်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဝင် အဆိုတော်ရသက ပြောပါတယ်။
''ကျွန်တော်တို့ကပါတီလေးတွေပါ။ ကိုယ့်ပါတီမှာ ငွေရှိနေရင်တော့ ရှိရင်ရှိ သလောက် ဒုက္ခရောက်နေတဲ့သူတွေကိုကူညီနိုင်တာပေါ့ဗျာ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကဆိုရင် ကျွန်တော်တို့ သိပ်မသုံးနိုင်ဘူး''လို့၎င်းက ဆိုပါတယ်။
          ငွေဆိုတာ အရာရာကို မပြီးမြောက် သော်လည်း  လူမှုအဖွဲ့အစည်းတွေ၊ အများ အကျိုးသယ်ပိုးဆောင်ရွက်နေသူတွေ၊နိုင်ငံ ရေးပါတီတွေမှာ
အထိုက်အလျောက်တော့ ရှိဖို့လိုအပ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာငွေကြေးမရှိဘဲ ရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲ ပါတယ်။ နိုင်ငံရေးပါတီတွေ၊ ပရဟိတလုပ် နေတဲ့လူမှုအဖွဲ့အစည်းတချို့ဟာ ရန်ပုံငွေ ရှာဖွေပွဲတွေလုပ်ပြီး ရန်ပုံငွေရှာဖွေနေကြတာ တွေ့ရပါတယ်။
          နိုင်ငံရေးပါတီတစ်ခုဟာ ဖွံ့ဖြိုးတိုး တက်ပြီးရှင်သန်နိုင်ဖို့ဆိုတာ ရန်ပုံငွေက အလွန်အရေးကြီးကြောင်းကိုလည်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။
          ''ပါတီရန်ပုံငွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံခြားထောက်ပံ့မှုဖြစ်ဖြစ်၊ပြည်တွင်းမှာ ပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုရှိတဲ့ ထောက်ပံ့ မှုမျိုးဆိုရင် လက်ခံသင့်ပါတယ်။လက်ရှိ ပါတီတွေဟာ ထောက်ပံ့ငွေတွေ ယူနေကြ တယ်။ ပွင့်လင်းမြင်သာမှုမရှိဘဲ ရန်ပုံငွေ ရှာဖွေမှုတွေလည်းရှိပါတယ်''လို့ ဒေါ်ဖြူဖြူ သင်းက သုံးသပ်ထားပါတယ်။
          နိုင်ငံရေးပါတီများ ရန်ပုံငွေရှာဖွေခြင်းများသည် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများမှ မဟုတ် ကမ္ဘာ့နိုင်ငံအများအပြားမှ နိုင်ငံရေးပါတီများလည်း ရန်ပုံငွေရှာကြရပါတယ်။ မြန်မာနိုင်ငံတွင် ယခု နိုင်ငံရေးပါတီများမှ ရန်ပုံငွေရှာခြင်းမဟုတ်ဘဲလွတ်လပ်ရေး ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဖဆပလ ခေတ်တွင်လည်း ရန်ပုံငွေရှာခဲ့ကြတယ်လို့ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ က ဆိုပါတယ်။
          ''ဖဆပလ ခေတ်ကဆိုရင် နိုင်ငံရေး သမားဆိုတာစီးပွားရေးမလုပ်ဘူးခင်ဗျ။ သိက္ခာကျတယ်ပေါ့။ အဲ့ဒီတော့ ပါတီဝင် တွေ၊ မိတ်ဆွေဆီက ကောက်တယ်။အဲဒါနဲ့ မလုံလောက်ဘူး၊ လုပ်ငန်းရှင်တွေ စီးပွား ရေးသမားတွေပေါ့။ သူတို့က အလှူငွေ ထည့်တာပါ၊ဒါပေမယ့်လည်း အစိုးရဖြစ် လာတဲ့အခါကျတော့ ဒီကုန်သည်တွေကို ပစားပေးရတာပေါ့။ ပါတီတစ်ခုကအလား အလာရှိတယ်ဆိုရင်တော့ ကူညီကြတာ ပေါ့''လို့ ဦးသုဝေက ပြောပါတယ်။
          နိုင်ငံတကာမှ နိုင်ငံရေးသမားများဟာ မြန်မာနိုင်ငံမှနိုင်ငံရေးသမားထက်  စီးပွား ရေးအဆင်ပြေသူတွေများကြပါတယ်။နိုင်ငံ ၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအရမြန်မာနိုင်ငံသူနိုင်ငံသားများဟာ ငွေရှားပါးမှု နှင့် ကြုံတွေ့နေရသောကြောင့် နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားများဟာ ရန်ပုံငွေရှာဖွေ နေကြရပြီး ထောက်ပံ့မှုကို လက်ခံနေကြရ ပါတယ်။နိုင်ငံရေးပါတီများကို အလှူငွေ ထည့်သူများ၊ အကူအညီပေးသူများဟာ လည်း ရည်ရွယ်ချက်အမျိုးမျိုးသဘောထားအမျိုးမျိုးရှိကြမှာပါ။
          မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများဟာ နိုင်ငံခြားမှထောက်ပံ့သောငွေကြေးကို ယူလို့ မရပါဘူး။ သို့သော်နိုင်ငံရေးပါတီများဟာ နိုင်ငံခြားထောက်ပံ့မှုလက်ခံတာတွေ ရှိ ကြောင်းနဲ့ ဥပဒေချိုးဖောက်သောပါတီများ ကို တစ်ကြိမ်နှစ်ကြိမ်တားမြစ်လို့မှမရလျှင် အရေးယူသွားမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကနေပြည်တော် တွင်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာမှာ ပြောကြားထားပါတယ်။
          နိုင်ငံတကာမှ ထောက်ပံ့ပေးသော ငွေ များသည်ဖြူစင်သန့်ရှင်းမှုတွေရှိသလို ပြည် တွင်းရေးတွင် သြဇာအာဏာ ရှိချင်သော ကြောင့် ပြည်တွင်းအဖွဲ့အစည်းတွေလိုထောက်ပံ့မှုတွေပေးပြီး အသုံးချနေတာတွေ ရှိပါတယ်။ အထူးသဖြင့် အမေရိကန်၊ အင်္ဂ လန်၊ တရုတ်ဆိုတာတွေက နိုင်ငံရေးအရ မဟာဗျူဟာအရ ဖြစ်ဖို့များပါတယ်လို့ ဦးသုဝေက ဆိုပါတယ်။
          နိုင်ငံရေးပါတီများ ထောက်ပံ့ငွေယူခြင်း ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း ''ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေဒုက္ခရောက် နေသူတွေကို ကူညီချင်တာပေါ့။ ဒါပေမယ့် ငွေမရှိတဲ့အခါမျိုးမှာ စိတ်သွားတိုင်းကိုယ် မပါဘူးလေ။ ထောက်ပံ့ငွေကို ယူတယ်ဆို တာလည်း တစ်ခါနှစ်ခါပေါ့။ နောက်ပိုင်းကျ တော့ကိုယ့်ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးသွား နိုင်တယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ် တည်တာကတော့အကောင်းဆုံးပေါ့'' လို့ ပြောပါတယ်။
          နိုင်ငံရေးပါတီတိုင်း    နိုင်ငံခြားက အထောက်အပံ့ကို လက်ခံနေတာတော့ လည်းမဟုတ်ပါဘူး။ ပါတီတိုင်းလည်း လူတိုင်းက မထောက်ပံ့နိုင်ပါဘူး။ ထောက်ပံ့ မှုတိုင်းမှာလည်းမဟာဗျူဟာ ရည်ရွယ်ချက် မရှိနိုင်ပါဘူး။ တိုင်းပြည်အတွက် ဒီမိုကရေစီ ရေးအတွက် ရပ်တည်နေကြသောနိုင်ငံရေး သမား၊ နိုင်ငံရေးပါတီတွေဟာ ကမ္ဘာအနှံ့ အပြားမှာရှိသလို မြန်မာနိုင်ငံတွင်လည်းရှိနေမှာပါ။
          လားရှိုးမြို့တွင် ပါတီရုံးချုပ် ထားရှိ သောကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီဟာ ပါတီဝင်ကြေးများ၊ နှစ်စဉ်ကြေး များ၊ အမျိုးသားရေးစိတ်အားထက်သန်သူများ၏ အလှူငွေများ၊ ပါတီခေါင်းဆောင် များ၏ စိုက်ထုတ်သောငွေများဖြင့် ရပ်တည် နေကြောင်းကိုလည်း¤င်းပါတီ၏ ဒုဥက္ကဋ္ဌ ဦးကြင်ကန်က ဆိုပါတယ်။
          ''ကျွန်တော်တို့ ငွေသုံးရတယ်ဆိုတာ မဲဆွယ်စည်းရုံးရတဲ့ရွေးကောက်ပွဲအချိန် လောက်ပဲသုံးရတာပေါ့။ လားရှိုး ရေကြီး တုန်းကလည်း ကျွန်တော်တို့ ရန်ပုံငွေကနည်းနည်းသုံးပြီး ပါတီခေါင်းဆောင်တွေ အိတ်စိုက်သုံးလိုက်ကြတာပဲ။ လူမှုရေးနဲ့  ပညာရေးအတွက် ကုန်ကျစရိတ်လေးတွေ တော့ နည်းနည်းရှိပါတယ်။ပါတီအနေနဲ့ ရန်ပုံငွေရှိအောင်တော့ ပါတီအနေနဲ့ လျာ ထားတာလေးတွေတော့ရှိပါတယ်။ အခုက ရုံးစရိတ်လောက်ပဲကုန်တာပါ''လို့ ဦးကြင် ကန်က ပြောပါတယ်။
          မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများတွင် အင်အားအရလူအား၊ ငွေအား ကြီးမား သော ပါတီများရှိသလို အလယ်အလတ်နဲ့ ပါတီငယ်များလည်း ရပ်တည်နေခြင်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ၏ လူထုကို အသိ ပေးသောရည်ရွယ်ချက်များကတော့ လူထု အတွက် အလုပ်လုပ်ပေးနေကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တိုင်းပြည်များ ၏ နိုင်ငံရေးပါတီများသည် ပြည်သူလူထု အတွက်  အလုပ်မလုပ်သော ပါတီများ ရှိသလို လူထုအတွက် အလုပ်လုပ်သော ပါတီများလည်း ရှိနေမှာပါ။ ရန်ပုံငွေများရှိသော်လည်း ပြည်သူ့အကျိုးအတွက် များများမလုပ်နိုင်သော နိုင်ငံရေးပါတီပေါင်း များစွာလည်းကမ္ဘာပေါ်တွင်ရှိနေမှာဖြစ်ပါ တယ်။
          ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီမှအတွင်းရေးမှူး ဦးစော မြသန်း ပြောတာက ''ပါတီမှာငွေများများရှိ ရင်တော့ လူထုအကျိုးပြုလုပ်ငန်းများများ လုပ်နိုင်တာပေါ့။ လေနဲ့ပဲ လူထုအကျိုးပြု လုပ်ငန်းလုပ်နေလို့မရဘူးလေ။ အရင်တုန်း ကတော့ ပါတီဝင်တွေကို ကတ်လုပ်ပေးတာ တစ်ထောင်ကောက်တယ်။အခုနောက်ပိုင်း တော့ကောက်တာမရှိတော့ဘူး။ရွေးကောက် ပွဲတုန်းကတော့ ဈေးရောင်းပွဲတော်လုပ်ပြီးရန်ပုံငွေရှာတာမရှိပါဘူး။ ပြက္ခဒိန်လောက်ပဲ ထုတ်ကြတာပါ။ ဘားအံမှာ ရုံးချုပ်ရှိတဲ့ ကရင်ပါတီတွေကတော့ရန်ပုံငွေပွဲလုပ်တာ မရှိသလောက်ပဲ။ လူထုကလည်း ရန်ကုန်လို များများစားစားမဟုတ်ဘူးလေ။ပါတီကြီး တွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ကြတာပေါ့။ ပါတီကြီးတွေလောက် လည်းပါတီငယ်တွေက မသုံးနိုင်ပါဘူး။
          အထွေထွေရွေးကောက်ပွဲတစ်ရပ် ပြု လုပ်မည်ဆိုလျှင်လွှတ်တော်သက်တမ်း တစ်ရပ်အတွက် မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကို ရွေးကောက်ခံကိုယ်စားလှယ်လောင်း၏ တရားဝင်ရရှိထားသောငွေ သို့မဟုတ်ပါက တရားဝင်ရရှိထားသည့် ပါတီရန်ပုံငွေမှ ကျပ် သိန်းတစ်ရာအထိသုံးစွဲပြီးအသုံးစရိတ် စာရင်းများကို စနစ်တကျပြုစုထိန်းသိမ်း ထားရှိရမယ်လို့ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း နည်းဥပဒေများစာအုပ် အခန်း(၄) ပုဒ်မ (၂၁)တွင် ဖော်ပြထားပါတယ်။
          မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်၌ ပြုလုပ်ခဲ့သောရွေးကောက်ပွဲတွင် သိန်း ၁ဝ ဂဏန်း ဝန်းကျင်သုံးစွဲနိုင်သော ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများရှိခဲ့သောအခါ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ၌ သတ်မှတ်ထားသောသိန်းတစ်ရာ အထက် အသုံးပြုခဲ့သူများလည်းရှိခဲ့တယ်လို့ သတင်း များ ကြားခဲ့ရကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုပါတယ်။
          အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပါတီ ဝင် အဆိုတော်ရသကတော့ရွေးကောက်ပွဲ တွင် ၂၅ သိန်းဝန်းကျင်ခန့် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း ရွေး ကောက်ပွဲတွင်၅ သိန်းဝန်းကျင်ခန့်လောက် ပဲ သုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။
          နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီး လုပ်ကိုင်ပုံခြင်း၊ရပ်တည်ပုံခြင်းမတူညီကြပါ ဘူး။ ပါတီတစ်ခု ရွေးကောက်ပွဲဝင်မည့် ပါတီဝင်တစ်ဦးဟာ ရွေးကောက်ပွဲကော်မရှင်ထံဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ကြေး အဖြစ် ကျပ် ၅ သိန်း ပေးဆောင်ရခြင်း ကိုလည်းဖြေလျှော့ပေးရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် နိုင်ငံရေး ပါတီ ၅ဝကျော်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို တောင်းဆိုထားပါတယ်။
          ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှာပြုလုပ်သောရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲမှာပဲ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌဦးအောင်သန်းဆွေးနွေးတာက ''ကော်မရှင်နဲ့ တွေ့တိုင်းတွေ့တိုင်း နိုင်ငံရေးပါတီတွေက ဒီကျပ်၅ သိန်းကိစ္စ တင်ပြခဲ့တယ်။ အင် မတန် ဝင်ငွေကောင်းတဲ့ ပါတီကြီးတွေမှာ တော့ ၅ သိန်းဟာမုန့်ဖိုးလောက်ပဲ ရှိပါ တယ်။ ကျွန်တော်တို့လို ဘာမှ စီးပွားရေး မရှိတဲ့ ပါတီတွေအတွက်တော့မတတ်နိုင်တဲ့အတွက် ကော်မရှင်က ပြန်သုံးသပ်ပေးဖို့ တင်ပြပါတယ်''လို့ ဆွေးနွေးပါတယ်။
          နိုင်ငံရေးပါတီတွေကို အမေရိကန်၊ ဂျပန် အနောက်ဥရောပနိုင်ငံများလို အစိုးရက အတိုင်းအတာတစ်ခုထိ ထောက်ပံ့လျှင် ထောက်ပံ့ငွေများယူခြင်း၊ရန်ပုံငွေရှာဖွေခြင်း များ လျော့နည်းသွားနိုင်ပြီး ပါတီငယ်လေး များအတွက်အဆင်ပြေနိုင်တယ်လို့ဦးသုဝေ က ဆိုပါတယ်။
          နိုင်ငံရေးပါတီများဟာ ငွေကြေးပြည့်စုံ လျှင်ပြည်သူလူထုအတွက်အလုပ်များလုပ် ပေးနိုင်သလို ငွေကြေးမပြည့်စုံသောပါတီ များအတွက်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းအတွက်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စဉ်းစားနေပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် သက်ဆိုင်ရာပါတီများအနေနဲ့ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုး၊ ထောက်ပံ့လှူဒါန်းခြင်းများအပေါ် ပါတီ အကျိုးထက်ပြည်သူလူထုအကျိုးစီးပွားကို လည်း ထည့်တွက်စဉ်းစားသင့်ပါတယ်။
No comments:
Post a Comment
ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ
နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...