Thursday, May 26, 2016

နိုင်ငံရေး အကျဉ်းသား ကုန်မှာလား….?

ဝင်းဇော်နိုင်

          မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင်နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ပထမဆုံးပြုလုပ်ခဲ့ပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ပေါက်ခဲ့ပြီးသတင်းမီဒီယာနှင့်အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေရပ်တန့် နိုင်ခဲ့ပါ တယ်။ထောင်ပေါင်းများစွာသော အကျဉ်း သားများကိုလည်းလွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ယခုနှစ်ကုန်ချိန်မှာ လဲယုံကြည်ချက်ကြောင့်အကျဉ်းကျခံနိုင်ငံ ရေးအကျဉ်းသားတစ်ဦးမျှမကျန်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အသိပေး ပြောကြားလိုပါတယ်လို့ နိုင်ငံ တော်သမ္မတဦးသိန်းစိန်ကဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဃ့အေ့ောံသကျန စကားဝိုင်း ဆွေးနွေးပွဲတွင် ဇူလိုင်လ ၁၅ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။


          မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအ ကျဉ်းသား၊ပြဿနာများဟာကမ္ဘာကစိတ် ဝင်စားလောက်အောင်ထင်ရှားကျော်ကြား နေပါတယ်။ စစ်အာဏာရှင်စနစ်မှဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းရေးကာ လမှာ အကျဉ်းထောင်အတွင်းက နိုင်ငံ ရေးအကျဉ်းသားများလွတ်ပေးဖို့အတွက်၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာသော လွှတ်တော်မှလည်း ကျယ် ကျယ်လောင်လောင်ပြောဆိုလာကြပါတယ်။

          စစ်အာဏာရှင်လက်ထပ်တွင် နိုင်ငံ ရေးအကျဉ်းသားဟုသုံးနှုန်းခေါ်ဝေါ်မှုမရှိခဲ့သော်လည်း ယခုအစိုရလက်ထက် တွင်တော့ နိုင်ငံရေးအကျဉ်းသားဟု တရားဝင် သုံးနှုန်းခဲ့ပြီး၊နိုင်ငံတော်သမ္မတ ရုံး၏ညွှန်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတ ရုံး ဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နိုင်ငံရေး အကျဉ်းသားဟောင်း၊ အဖွဲ့အစည်းများ မှကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားနိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များပြည်ထဲရေး၊ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်စသောကိုယ်စားလှယ်များပါဝင် သော လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကိုလဲ ဖွဲ့စည်းခဲ့ကြ ပါတယ်။

          နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)  မှ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းဖြင့် လည်းကောင်း၊ လက်နက်ကိုင်လမ်းစဉ် ဖြင့်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ သို့မဟုတ်အားပေးထောက်ပံ့ကူညီခြင်း၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီးရဲ့ဘက်စခန်း မျာနှင့်စစ်ကြောရေးစခန်းများတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆိုနိုင်ငံရေးအကျဉ်းသားဟုသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

          နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ကို ဖွင့်ဆိုထားကြပြီးနိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေး အတွက် လှုပ်ရှားကြသူ များလက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီမှ နိုင်ငံရေး၊ အကျဉ်း သားစာရင်းများသမ္မတထံ တင်ပြနေသော် ငြားလည်း အစိုးရမှနိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတရားဝင်ထုတ် ပြန်ကြေညာခွင့်မရှိသေးပါ။
          အစိုးရမှ နိုင်ငံရေးအကျဉ်းသားအဓိ ပ္ပာယ်ကိုတရားဝင်တိတိကျကျပြဌာန်း ထားလျှင် အငြင်းပွားစရာမလိုသော ကြောင့်ပို၍ကောင်းတယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်ကဆို ပါတယ်။

          ''နိုင်ငံတော်တစ်စုဆိုတာ စည်းကမ်းရှိ ရမယ်၊စနစ်တကျရှိရမယ်၊ ဒါမှသာအောင် မြင်မှာပေါ့၊ စီမံခန့်ခွဲမှုကောင်းရမယ်၊ နိုင်ငံ ရေးအကျဉ်းသားဆိုတဲ့အဓိပ္ပာယ်ကိုလဲ တိတိကျကျပြဌာန်းထားရင်ပိုကောင်းတာ ပေါ့၊ နိုင်ငံရေးအကျဉ်းသားဟုတ်တယ်၊မဟုတ်ဘူးကိုအငြင်းပွားစရာမလိုတော့ဘူး ပေါ့'' လို့ဒေါ်ခင်ဝိုင်းကြည်က ပြောပါ တယ်။

          အစိုးရမှ နိုင်ငံရေးအကျဉ်းသားအ ဓိပ္ပာယ်ကိုတရားဝင်ထုတ်ပြန်မထားသော် လည်း သမ္မတဦးသိန်းစိန်အစိုးရလက် ထက်တွင်အကျဉ်းထောင်အသီးသီးမှအကျဉ်းသားများကိုနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂ဝ၄) (က) နှင့် အညီပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁(၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ ရာတွင် နိုင်ငံရေးအကျဉ်းသားများလဲလွတ်မြောက်ခဲ့ကြပါတယ်။

          သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တွင် အကျဉ်းသားများအား  ၁၃ကြိမ် လွတ်ငြိမ်းချမ်းသာပြုခဲ့ပါတယ်။ ထို ၁၃ ကြိမ်အကျဉ်းသားများလွတ်မြောက်မှု တွင်နိုင်ငံရေးအကျဉ်းသား တစ်ထောင့် တစ်ရာ ၁ဝဝဝ ခန့်ပါရှိခဲ့ပြီးသာမန်အကျဉ်းသား ၂ သောင်းကျော် ပါဝင်တယ်လို့ နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီဝင်ဦးရဲအောင်ကပြောပါတယ်။

          ''အခုနောက်ဆုံးအခေါက်လွှတ် ပေးလိုက်တာကတော့ကော်မတီကတင်ပြတဲ့နိုင်ငံရေးအကျဉ်းသားတွေပါဘဲ။ အရင် တုန်းကလွှတ်ပေးတာတွေကတော့ သာမန် အကျဉ်းသားတွေလဲပါတယ်။ကော်မတီ အနေနဲ့ကပြစ်မှုတွေလုပ်ရပ်တွေ၊ ပုဒ်မတွေ ကိုကြည့်ပြီးနိုင်င့ရေးအကျဉ်းသားဟုတ်မဟုတ် စီစစ်ပြီး သမ္မတဆီတင်ပြရတာ လေ။ လွှတ်တာကတော့သမ္မတက လွှတ်ပေးရတာပါ''လို့ဦးရဲအောင်ကရှင်းပြပါတယ်။

          သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လွတ်မြောက်လာကြသောအကျဉ်းသား များထဲတွင် စစ်ထောက်လှမ်းရေး ဟောင်း ဦးခင်ညွန့်နှင့်စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များ နိုင်ငံတော် ပုန်ကန်မှုဖြင့် အကျဉ်း ကျနေသောဦးနေဝင်း၏ မျိုးဆက်များ စသောသာမန်အကျဉ်းသားများနှင့်နိုင်ငံ ရေးအကျဉ်းသားများဖြစ်ပါတယ်။

          ဦးနေဝင်း၏သား၊ သားမက်များ ထောင်ချခံရသောပုဒ်မများသည် နိုင်ငံ တော်ပုန်ကန်မှုဖြစ်သောကြောင့် နိုင်ငံရေး အကျဉ်းသားများသတ်မှတ်ထားသောပုဒ်မများတွင်အကြုံးဝင်နေပါတယ်လို့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ဦးမင်းဇေယျာကပြောပါ တယ်။

          ''သိသလောက်တော့ဦးနေဝင်းရဲ့ သားနဲ့ သားမက်ဟာနိုင်ငံတော်ပုန်ကန်မှု နဲ့တရားစွဲပြီးထောင်ချခံထားရတယ်ဒီနိုင်ငံ တော်ပုန်ကန်မှုဆိုတဲ့ပုဒ်မကနိုင်ငံရေး အကျဉ်းသားတွေလို့သတ်မှတ်ထားတဲ့ ပုဒ်မပဲ။ မူအရကြည့်မယ်ဆိုရင်တော့နိုင်ငံရေးအကျဉ်းသားပေါ့။ လူကိုကြည့်တာ ဆိုရင်တော့တစ်မျိုးဖြစ်မှာပေါ့။ လူပုဂ္ဂိုလ် ကိုကြည့်လို့မရဘူးလေ။မူကိုကြည့်ရတာ ပါလို့ ဦးမင်းဇေယျာကဆိုပါတယ်။

          မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်း သားပြဿနာဟာနိုင်ငံရေးတစ်ခုလုံးနဲ့ သက်ဆိုင်နေပါတယ်။ နိုင်ငံရေးအကျဉ်း သားဟု သတ်မှတ်ထားသော ပုဒ်မများထဲတွင် ပုဒ်မ ၁၈ နှင့် ၅ဝ၅ (ခ)တို့ဟာ လူသိ များထင်ရှားသောပုဒ်မများဖြစ်ပါတယ်။
           ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့်ဆိုင်ရာနည်းဥပဒေနှင့် မညီညွတ်လျှင် ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်တရားစွဲပြီး နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုယူဆလျှင် ၅ဝ၅(ခ) ဖြင့်တရား စွဆြိုပါတယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လ ၁၅ ရက်နေ့ လွတ်ငြိမ်းချမ်းသာပေးပြီးနောက်အကျဉ်းထောင်အသီးသီးတွင် နိုင်ငံ ရေးအကျဉ်းသား ၆ဝ ဝန်းကျင်နှင့် ပုဒ်မ ၁၈၊ ၅ဝ၅(ခ)တို့ဖြင့် တရားစွဲဆိုထား သော အမှုပေါင်း ၂ဝဝ ဝန်းကျင်ခန့်ရှိတယ်လို့ လက်ကျန်နိုင်ငံရေးသားများစီစစ်ရေးကော်မတီအဖွဲ့ဝင်ဦးရဲအောင်က ပြောပါ တယ်။

          သမ္မတဦးသိန်းစိန်နှင့် လက်ကျန် နိုင်ငံရေးအကျဉ်းသားများစီစစ်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန် ကြီး ဦးစိုးသိန်းတို့မှနှစ်အကုန်တွင်နိုင်ငံ ရေးအကျဉ်းသားအားလုံးလွှတ်ပေးမည်ဟု ပြောဆိုကြသော်လည်းပြည်သူလူထုအတွင်းမှ လယ်သမား၊ အလုပ်သမားစသော နိုင်ငံရေးပြဿ     နာများ မဖြေ ရှင်းနိုင်လျှင် နိုင်ငံရေးအကျဉ်းသားတွေဆက်လက်ရှိနေအုံးမယ်လိ့နောက်ဆုံးအကြိမ်လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသူ ဒေါ်နော်အုန်းလှကဆိုပါတယ်။

          ''အစိုးရကသာစေတနာမှန်မှန်နဲ့ဆို ရင်တစ်ခါထဲလွှတ်လိုက်လို့ရတာပဲ၊အခုတော့ပြောမှ လွှတ်နေတယ်၊ ပြည်သူ တွေကို နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ်နဲ့ ပါဝင်ခွင့်ပြုလိုက်စမ်းပါ။အလုပ်သမားတွေ က လယ်ယာမြေကိစ္စတွေမဖြေရှင်းနိုင်သေး ရင် နိုင်ငံရေးသမားတွေက ပါဝင် လုပ်ဆောင်နေရအုန်းမယ်၊ တရားဥပဒေစိုးမိုးမှု မရှိရင်နိုင်ငံရေးအကျဉ်းသားတွေကလဲရှိ နေအုန်းမှာပဲ၊အန်တီအခုလွတ်လာပါပြီ။ ဒါပေမယ့် ရန်ကုန်မှာ ၅ဝ၅(ခ) ပုဒ်မ ၁၈ ဒီ နှစ်မျိုးနဲ့  ၁ဝ မှု တရားရင်ဆိုင်ရအုံး မယ်။ အမှုတောင်မပြီးသေးဘူး''လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။

          မြန်မာနိုင်ငံတွင်နိုင်ငံသားအခွင့် အရေးဆုံးရှုံးမှုများအမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးများ မလုပ်ဆောင်နိုင်လျှင်နိုင်ငံရေးအကျဉ်းသားများ ရှိနေမည်ဟုယုံကြည်ကြောင်းနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှဦးထွန်းကြည်ကဆိုပါတယ်။

           ၂ဝ၁၃ အကုန်နိုင်ငံရေးအကျဉ်း သားလွတ်ပေးမည်ဆိုသော်ငြားလည်း၂ဝ၁၃ အလွန်နိုင်ငံရေး အကျဉ်း သားများကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ မပြုလုပ်ခင်အချိန်ထိအကျဉ်းထောင်များ တွင် နိုင်ငံရေးအကျဉ်းသားများရှိနေ လိမ့်မယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများကဆိုပါတယ်။

          စစ်မှန်သောဒီမိုကရေစီနိုင်ငံများတွင် အကျဉ်းထောင်များ၌နိုင်ငံရေးအကျဉ်း သားမရှိဘဲ၊ ရာဇဝတ်မှုကျူးလွန်သော နိုင်ငံရေးသမားများသာလျှင်ရှိပါတယ်။  ၂ဝ၁၃ အကုန် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်နိုင်သော်လည်း ၂ဝ၁၃ အလွန် အကျဉ်း ထောင်များတွင်နိုင်ငံရေး အကျဉ်းသား များရှိနေမှာဖြစ်ပါတယ်။မတရားဖိနှိပ်ချုပ်ချယ်မှုတွေရှိနေသမျှ ကာလပတ်လုံး နိုင်ငံရေးအကျဉ်းသားများပျောက်ကွယ်သွား လိမ့်မည်မဟုတ်ကြောင်းနိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ဦးဆောင် ကော်မတီဝင် ဦးမြင့်ဝင်းမောင်ကပြောပါ တယ်။

          မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားမရှိဖို့ဆိုလျှင်ဒီမို ကရေစီနိုင်ငံအတွင်း လူ့အခွင့် အရေးပြည့် ပြည့်ဝဝ ရရှိမှု၊ တရားဥပဒေစိုးမိုးရေး၊အခြေခံဥပဒေပြင်ဆင်ရေး၊ လယ်ယာမြေ ပြဿနာများ၊ အမျိုးသားပြန်လည်သင့် မြတ်ရေးအလုံးစုံငြိမ်းချမ်းရေးရရှိမှသာလျှင်အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်း သားပပျောက်မှာဖြစ်ပါတယ်။

          မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ကမ္ဘာ့ နိုင်ငံများနှင့်မြန်မာ့ဆက်ဆံရေးတွင် အကျဉ်းထောင်အတွင်းမှယုံကြည်ချက်ဖြင့် စွန့်လွှတ်အနစ်နာခံကျရသောနိုင်ငံရေး အကျဉ်းသားများသည် အရေးကြီးသော နိုင်ငံရေးအခန်းကဏ္ဍတွင်ပါဝင်သော ကြောင့်မြန်မာနိုင်ငံအတွင်းမှအကျဉ်း ထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားမရှိဖို့ အထူးလိုအပ်တယ်လို့ ယူဆ ပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...