Thursday, May 26, 2016

“ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် လုပ်တုန်းလည်း ဖက်ဒရယ် လို့ မပြောသော်လည်း သဘောထားကတော့ ဖက်ဒရယ် သဘောထားပဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

ဝင်းဇော်နိုင်
28-11-2013 (THUSDAY) VOL.5/18 ထုတ်ဂျာနယ်ပါ အင်တာဗျူး...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စများနှင့် ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံ၍ Venus News Weekly  မှ မေးမြန်းထားသည်များကိုကောက်နှုတ်ဖော်ပြအပ်ပါသည်။

Venusး တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အစိုးရလုပ်ဆောင်နေကြတဲ့အပစ် အခတ်ရပ်စဲရေးငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲခင်ဗျ။

UWTး  ဒီကိစ္စကိုနှစ်ပိုင်းပြောမှဖြစ်မှာဗျ။ ငြိမ်းချမ်းရေးကိစ္စပြောရရင် အဝေးကြီးလို သေးတယ်၊
ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စ အလွန်လဲကျယ်ပြန့်တဲ့ ကိစ္စနော် တိုင်းရင်း သားတွေအကုန်လုံးကလဲ လိုလားတဲ့ ကိစ္စ၊တိုင်းပြည်ကျလဲလိုလားတဲ့ကိစ္စ၊ အစိုးရ ကိုယ်တိုင်ကလည်း လိုလားတယ်၊ စစ်တပ် ကိုယ်တိုင်ကလဲ လိုလားတယ်နိုင်ငံရေး ပါတီတွေကလဲလိုလားတယ်၊ ပြောနေတဲ့ ကိစ္စပေါ့၊ အလွန်ကျယ်ပြန့်တဲ့ကိစ္စပေါ့။  အပိုင်း ၂ မှာ တစ်ပိုင်းက ဘာလဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စပေါ့၊ ကျန်တစ်ပိုင်းက အပစ်အခတ်ရပ်စဲရေး ကိစ၊ဒီလို နှစ်ပိုင်းခွဲ ပြောမှ ရှင်းမှာလေ၊ တစ်ပိုင်းနဲ့တစ်ပိုင်းဆက်စပ်နေလို့လေ၊ အစိုးရက ဆွေးနွေးပွဲ တွေလုပ်တဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး ကို သူကအဓိကထားတယ်၊အပစ်အခတ် ရပ်စဲရေးဆိုတာလဲ အမှန်အတိုင်းပြောရရင် တော့ ဦးသိန်းစိန်တို့ဘာတို့ရဲ့ အခန်းကဏ္ဍကိုတင်ချင်တယ်၊ ဦးသိန်းစိန်တို့အခန်း ကဏ္ဍတင်ချင်တယ်ဆိုတာ တစ်တိုင်းပြည် လုံးအပစ်အခတ်ရပ်စဲသွားပြီဆိုလို့ရှိရင်ကမ္ဘာကလည်း စိတ်ဝင်စားမှာပေါ့၊ ဘာဖြစ်
လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးဆို တာနည်းနည်းနောနောပြဿနာမဟုတ်ဘူးလေ။ ဒါအတွက် လုပ်တာပဲ၊ နောက် တစ်ခုက ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဂုဏ်ကို မြှင့်ချင်လို့ပေါ့တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေးရသွားပြီဆိုရင်ကို အခွင့်အရေး ကြီးက အကြီးအကျယ်ရှိသွားမှာပေါ့၊ကမ္ဘာမှာ ကုလသမဂ္ဂတို့ နိုဗယ်ရွေးချယ်ရေး ကော်မတီဒါတွေထိ ရိုက်ခတ် သွားနိုင်တဲ့ ကိစ္စပဲလေ။
ဒါ့ကြောင့်အပစ်အခတ် ရပ်စဲ ရေးကို အဓိကထားလုပ်တာပဲလေ၊ အပစ်အခတ်ရပ်စဲရေး တစ်ကယ်လုပ်တဲ့အခါကျတော့လဲ ပြဿနာတွေပေါ်လာတာပဲ၊ အစိုးရဘက်မှာလဲ ပြဿနာတွေပေါ်လာ တယ်။

အစိုးရဘက်မှာ ဘယ်သူနဲ့ပြဿနာပေါ်လဲဆိုတော့ စစ်တပ်နဲ့ပေါ့၊ အစိုးကနေပြီးအပစ်အခတ်ရပ်စဲမယ်ဆိုပြီး
လုပ်တယ်၊ အောက်ကစစ်တပ်ကနေထိုးစစ်ကိုမလျော့ဘူး၊ ဒါဟာ အခုမှ မဟုတ်ဘူး၊ ၂ဝ၁၁ ခုနှစ်ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ အစိုးရကနေပြီးတော့ထိုးစစ် တွေရပ်ပါဆိုပြီး အမိန့်ထုတ်တယ်၊ သမ္မတ ကနေ ညွှန်ကြားတယ်ပေါ့။ သမ္မတက ညွှန် ကြားပေမယ့်အောက်ခြေမှာကျတော့ စစ်တပ်ကနေ မလိုက်နာဘူး၊ ထိုးစစ်တွေ ဆက်ပြီးလုပ်ကြတယ်ပေါ့။ ဒါကတော့လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကမှ မဟုတ်ဘူး၊ အခုဆွေးနွေးပွဲတွေလုပ်နေတဲ့ကာလမှာလဲ ထိုးစစ်တွေကဆက်ဖြစ်နေတာပဲနော်၊ ဆက်ဖြစ်တာနဲ့ ပတ်သက်ပြီးသတင်း ထောက်တွေက မေးတာကိုတောင်သူတို့ဆီကဗိုလ်ချုပ်ကြီးမြင့်စိုးက တောင်ဒေါကြီး မောကြီးနဲ့ဘယ်မှာဖြစ်တာလဲ ဘာလဲ ဆိုပြီး မာရေကျောရေနဲ့ပြောတာတွေရှိတယ်။ သူတို့က အပစ်အခတ်ရပ်စဲရေး၊ အခြေခံနဲ့ကောင်းကောင်းချဉ်းကပ်တယ်၊ တိုင်းရင်းသားတွေကျတော့ဒါကို လက်မခံဘူး၊အပစ်အခတ်ရပ်စဲရေး တစ်ခုထဲနဲ့ မပြီးဘူး။

ကျုပ်တို့လိုချင်တာကနို င်ငံရေးဆွေးနွေးဖို့ပဲ လိုချင်တယ်''နိုင်ငံ  ရေးဆွေးနွေးပွဲတွေ လုပ်ဖို့ပဲ လိုချင်တယ် ၊ဆွေးနွေးပွဲတွေကမှ ငြိမ်းချမ်းရေးရမယ်၊ ငြိမ်းချမ်းရေးရရင်တော့အပစ်အခတ်ရပ်စဲရေး ဆိုတာမလိုပါဘူး၊ အဲ့ဒီအချိန်ကျရင်တိုက်တာခိုက်တာတွေပြီးသွားမှာပဲ ပြောတယ်လေ၊ အစိုးရကလဲ နိုင်ငံရေးဆွေးနွေး ပွဲလိုတန့်မသွားနိုင်ဘူးလေ။ အဲ့ဒီ အနေအထားမှာ တိုင်းရင်းသားတွေက လျော့ပြီး လိုင်ဇာညီလာခံမှာညှီကြတယ် တိုင်းရင်းသားတွေဘက်က လျော့ပြီးတော့ပစ်အခတ်ရပ်စဲရေး  လက်မှတ်ထိုးဖို့စာ ချုပ်လုပ်မယ်ဆိုရင်နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်ပါ့မယ်ဆိုတာကိုအာမခံချက်ပေး
ရမယ်ဆိုတဲ့ဟာထိတော့ ရောက်လာပြီးအဲ့ ဒီမှာ အစိုးရဘက်ကလဲ လိုက်ရော လိုက်တယ်။ အဲသလိုဆိုဆက်ဆွေးနွေး ဖို့အတွက်ဘားအံမှာသဘောတူလိုက်ကြတယ်။ အဲ့ဒီ နှစ်ခု သဘောတူညီချက်ရဖို့ အတွက် ပေါင်းကူးတာဘာလဲဆိုတော့ အဓိကတော့အပစ်အခတ်ရပ်စဲရေးကိုမူအားဖြင့် လက်ဖို့ပဲ၊ အဲ့ဒီမှာဘာသွားတွေ့ရလဲ ဆိုတော့တိုင်းရင်းသားတွေဘက်ကလဲ ရှင်းရှင်းပြောရရင်သူတို့အချင်းချင်း မညီ ဘူး၊ အစိုးရဘက်ကလဲ ရှင်းရှင်းပြောရရင် နိုင်ငံရေးဆွေေးနွးပွဲဆိုတာကြီးကိုသိပ်ပြီး သဘောမတူချင်ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲ ဆိုရင်တစ်နိုင်ငံလုံး ဖက်ဒရယ်ကိစ္စတို့ဘာတို့ထိရောက်လာမယ်ပေါ့။ တိုင်းရင်း သားတွေက လိုင်ဇာညီလာခံမှာပေါ့၊ ညှိကြ တဲ့အခါသူတို့အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့မူဘောင်ရသွားတာပေါ့။ ဒီမူဘောင်၁၁ ချက်ဟာအလွန်အရေးကြီး တယ်လို့ပြောလို့ရတယ်၊အပစ်အခတ် ရပ်စဲရေးတင်မကဘူးတိုင်းရင်းသားတွေ ဘက်က ရပ်တည်ပြီးစကားပြောဖို့ရ သွား တာပေါ့၊ဘာလို့ဆိုတော့တိုင်းရင်းသား တွေကမညီကြဘူး အစိုးရကလဲ ခဏခဏ ခွဲထုတ်ဖို့လုပ်တယ်၊ ဥပမာ၁၉၉၂ ခု နှစ် လောက်မှာဆိုရင် ဗိုလ်ချုပ်ခင်ညွန့်တို့ ဘာတို့ကဆိုရင်
တိုင်းရင်း သားတွေနဲ့ဆွေးနွေးဖို့ဟာကို မင်းတို့နဲ့ ဆွေးနွေးဖို့ ဟာ အဖွဲ့အားလုံးနဲ့မဆွေးနွေးနိုင်ဘူး

တစ်ဖွဲ့ပဲဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးရပ်တည်ခဲ့တာကို ဒါဗိုလ်ချုပ်ခင်ညွန့်တို့ ကော့ကရိတ် တို့ဘာတို့မှာ ပြောခဲ့တဲ့ စကားတွေလေ။
တိုင်းရင်းသားတွေကလဲကွဲလိုက် ပေါင်းလိုက်လုပ်နေကြတာ နောက်ဆုံးကြ တော့ ညီညွတ်သော တိုင်းရင်းသား လူမျိုး များဖက်ဒရယ်ကေင်ာစီတော့ပေါ်ပေါက်လာ ပြီးအဲ့ဒီကောင်စီက အခုတော့အခြေခံမူ တော့ နည်းနည်းရလာပြီ၊ဒါပေမယ့်အား လုံးကတော့ သဘောမတူဘူး၊ လိုင်ဇာညီ လာခံတအချိန်ထိလဲသဘောတူညီမှုမရ သေးဘူး၊ဒါပေမယ့် တိုင်းရင်းသားတွေက မူဘောင်ရသွားပြီး ဒါကတိုင်းရင်းသားတွေ ဘက်က အမြက်ပဲ၊ တိုင်းရင်းသားတွေကနောက်အစိုးရနဲ့ ဆွေးနွေးတိုင်း ဒီအပေါ် မှာမူတည်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ်၊အပစ်အခတ်ရပ်စဲရေးအခြေ ခံနဲ့ပဲနောက်ထပ်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျလဲ ဒီမူဘောင်နဲ့ပဲကိုင်ပြီးလုပ်မယ်ဆိုတဲ့အခါကျတော့ ကျွန်တော်ထင်တယ်။ အခုဆွေးနွေးပွဲတွေရဲ့ အမြတ်က တိုင်းရင်း သားတွေအမြတ်ပေါ်သွားတယ်လို့ပြောလို့ ရတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူမလားလက်မှတ်ထိုးမလားအဲဒါပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ ဆက်သွားရမယ်၊ နိုင်ငံ ရေးဆွေးနွေးပွဲဆက်ရမှာသာလျှင် ငြိမ်းချမ်း ရေးထိသွားလို့ရမှာပေါ့။အဲ့ဒီတော့ ခရီး ကတော့အရှည်ကြီးပဲ။အစိုးရဘက်ကဘယ်လောက်စေတနာကောင်းသလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။အခုချင်းမိုင်မှာလုပ် တဲ့ပွဲကအစိုးရနဲ့တိုင်းရင်းသားလက်နက် ကိုင်တွေတင်မကတော့ဘူး၊ တိုင်းရင်းသားနိုင်ငံရေးပါတီတေါကလူတွေလဲပါတယ်။ အပြင်လူတွေလဲပါလာပြီး။ အဲဒါဟာ အရပ် စကားနဲ့ပြောရင်  ၈၈ ရောတာပေါ့ ဗျာ။ အဲလိုဟာမျိုးတွေလုပ်တတ်တဲ့ အခါကျတော့အဲလိုရောရောချင်းအားဖြင့်
လုပ်နေတဲ့လုပ်ငန်းစဉ်တွေပေါ်မှာ ဘယ်လောက်အလျော့အတင်းတွေဖြစ်လာ မလဲဒါကတော့ စောင့်ကြည့်ရမှာပေါ့၊ဒါ တွေကိုချုပ်လိုက်ရင်အပစ်အခတ်ရပ်စဲ ရေးအလားအလာတွေကောင်းလာတယ်။တစ်ဆင့်တိုးပြီးတော့နိုင်ငံရေးဆွေးနွေးပွဲ တွေပေါ်ပေါက်ဖို့
အလားအလာတေါကောင်း နိုင်တယ်။ အဲ့ဒီကတစ်ဆင့် ပိုအရင်ငြိမ်းချမ်းရေး အလားအလာတွေလဲကောင်း
လာနိုင်တယ်လို့ပြောလို့ရပါတယ်။ နှစ်ဖက် စလုံးက စေတနာသန့်သန့်နဲ့ဆက်ပြီးတော့ရိုးရိုးသားသားနဲ့ ညှိညှိနှိုင်းနှိုင်းဆောင်ရွက် သွားဖို့အရေးကြီးတယ်၊ အဲ့လိုပဲပြောချင်ပါတယ်။


Venusး အစိုးရက အခုငြိမ်းချမ်းရေး ဖော်ဆောင်နေတာဟာ စေတနာမှန်မှန်နဲ့လုပ်ဆောင်နေတယ်လို့ထင်ပါသလားခင်ဗျ။

UWTး  အဲဒါကပြောလို့တော့မရဘးဗျ၊ပြောလို့မရဘူးဆိုတာက နောက်ဆုံးပိတ် ကျတော့ကျွန်တော်တို့သဘောပြောရမယ် ဆိုရင်တော့မဖြစ်နိုင်တဲ့အနေအထားမှာ အများကြီးရှိတယ်ဗျ။ ဘာလို့ဒီစကားကို ပြောရလဲဆိုတော့ ရှင်းရှင်းပြောရရင်တိုင်း ရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် သူတို့ကသွားနေ တာ၊ အစိုးရဘက်ကသွားနေတာကျတော့  ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့သွား နေတာ၊ ဖက်ဒရယ်နဲ့ သွားရင် ဖက်ဒရယ် တပ်မတော်ပေါ်လာမယ်ပေါ့ဗျာ။ ဒါဆိုရင် တိုင်းရင်းသားတွေကလဲလက်ခံမယ် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံကျတော့ရှိသမျှတပ် မတော်ရဲ့အောက်ကိုသွားရမှာလေ၊ အဲ့ဒီတော့ဗျာ ဒီနှစ်ဟာ ဘယ်လိုမှ ညှိလို့ရနိုင်တဲ့လမ်းတော့သိပ်မရှိဘူး၊ အဲဒါ ကြောင့်အပေးအယူတွေလုပ်ကြ၊စိတ်ရှည် လက်ရှည်လုပ်ကြ၊
အမျှော်အမြင်ရှိကြဆို ရင်တော့ ဖြစ်မယ်၊သို့သော်သဘောအရ ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့သိပ်

မမြင်ပါဘူး။ ပြောရမှာလဲသိပ်မကောင်းပါ ဘူး၊ သူတို့လုပ်ကိုင်နေတုန်းမှာ စကားဦးသန်းပြီးတော့မဖြစ်နိုင်ဘူးလို့ပြောရတာ သိပ်မကောင်းပါဘူး။ ဆက်ပြီးဆွေးနွေးကြ ရအုံးမှာဘဲ၊ အခက်အခဲတွေအများကြီး ရှိမှာဘဲ၊ အခက်အခဲတွေကျော်လွှားဖို့ ဆိုတာ နှစ်ဖက်စေတနာသန့်သန့်နဲ့ လုပ်ကြဖို့လိုပါတယ်။ အတိတ်ပြန်ကြည့် ရင်လဲ နှစ်ပေါင်း၆ဝ လောက် ကျော်ဖြတ် လာတာလေ၊
အလွန်ခါးသီးတဲ့အတွေ့ အကြုံလို့လဲတွေ့ခဲ့ကြဘူးပြီလေ။

Venusး ဖက်ဒရယ်ပြည်ထောင်စုကိုပြောနေကြတယ်ခင်ဗျ။ အန်ကယ့်အနေနဲ့ရော ဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုမြင်သလဲ ခင်ဗျ။

UWTး  ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ်လုပ်တုန်းကလဲ ဖက်ဒရယ်လို့မပြောသော်လဲ သဘောထား ကတော့ဖက်ဒရယ်သဘောထားပဲဖက်ဒရယ်သဘောထားဘာလဲဆိုရင် လွတ်လပ်ရေးကိုအတူတွဲတိုက်ကြမယ်၊ နောက်တစ်ခုက လွတ်လပ်ရေးရပြီးရင်တူညီမျှမှုနဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အခြေခံမူပေါ်မှာဘယ်လိုစည်းကြမလဲဆို တာပဲ တန်းတူညီမျှမှုနဲ့
ကိုယ်ပိုင်ပြဌာန်း ခွင့်ပေါင်းစည်းမယ်ဆိုတာကိုသဘောတူလိုက်ပြီဆိုရင် ဖက်ဒရယ် သဘော ဆောင် တယ်လို့ပြောလို့ရတယ်။
ဒါက ၁၉၄၉ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စ၊ဖဆပလလက် ထပ်တောင်ကြီးမှာ ညီလာခံလုပ်တုန်းက ပြည်နယ်ပေါင်းစုံညီလာခံကို၁၉၆၂
ခုနှစ် ဇွန်လထဲမှာလုပ်တယ်။ အဲ့ဒီညီလာခံမှာ လဲ ဖက်ဒရယ်ပေးပါ။ ဖက်ဒရယ်ပုံစံနဲ့ ကျွန်တော်တို့လိုပြန်ဖွဲ့ပါ။အဲ့ဒီမှာ ပြဿနာ ကဘာလဲဆိုတော့အဲ့ဒီအချိန်တုန်းကတော့ ပြည်နယ်ကလဲ ၄-၅ခုပဲရှိသေးတယ်။ ရှမ်း၊ကချင်၊ ကရင်၊ ကယား၊ ချင်း၊ အဲဒါ လောက်ပဲရှိသေးတယ်။ အဲ့ဒီအခြေအနေ ကတော့တ်ေတော်ရှင်းတဲ့အနေအထားပေါ့။ဒီအခြေအနေမှာဖွဲ့လိုက်ရင်

ဗမာပြည်က ပြည်မဆိုတဲ့ပုံစံနေတာမဟုတ်ဘဲနဲ့ ပြည်မ၊ ပြည်နယ်မဟုတ်ဘဲနဲ့တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာမျိုးနဲ့ လုပ်တာ၊ ဒါကို ဗမာကသဘောမတူဘူး၊လက်မခံခဲ့ဘူး၊ သူတို့ရဲ့ဖွဲ့စည်းပုံကိုက ပြည်ထောင်စုသာဖွဲ့စည်းခဲ့ရင် ဗဟိုအစိုးရ
ဆိုတာမရှိတော့ဘူး၊ပြည်နယ်အစိုးရတွေ မှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ နိုင်ငံရေး အခွင့် အရေးတွေဒါတွေက ပြည်နယ်တိုင်းမှာသူ့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံရေးအခွင့် အရေးတွေ ဒါတွေက ပြည်နယ်တိုင်း မှာ ရှိသွားမယ်။ဗမာပြည်ကလဲပြည်နယ်တစ်ခု
အနေနဲ့ပဲရှိရမယ်လေ။ ဗဟိုအစိုးရဆိုတာလဲ များများမရှိဘူးလေ နိုင်ငံခြားရေးလိုငွေစက္ကူထုတ်လုပ်လိုကိစ္စမျိုးတွေလောက်ပဲ ဗဟိုအစိုးရမှာရှိမယ်လေ၊ ဌာနပေါင်း ၈ခု ၉ ခုလောက်ပဲရှိမှာလေ။ဖက်ဒယ်ကိစ္စကို အရင်ကလဲ လုပ်ခဲ့ကြတယ်၊

တစ်ကယ် ပြောရရင်သိပ်လက်မခံနိုင်ဘူး၊ လက်မခံနိုင်လို့ အာဏာသိမ်းလိုက်တယ် အာဏာ သိမ်းပြီးနောက်ပိုင်း ဦးနေဝင်းကတစ်ပြိုင် ထဲ ဥာဏ်ပြေးတဲ့လူဆိုတော့တိုင်းရင်း သားတွေလိုစည်းရုံးတယ်၊ တိုင်းရင်း သားတွေရဲ့ ဆန္ဒသဘောထားတွေယူ တယ်။ အခွင့်အရေးတွေပေးတယ်။၁၉၆၄ ကျတော့  မဆလအစိုးရက တိုင်းရင်း သားတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြည်ထောင်စုနေ့မန္တလေးမှာ ကြေညာတယ် ဗျ။ 
အဲ့ဒီကြေညာစာတမ်းမှာတိုင်းရင်းသား တွေရဲ့အခွင့်အရေးတွေပါတယ်ဗျ။အဲဒါမ တိုင်လေးမှာ တိုင်းနယ်ပြည်နယ် ၁၄ တွေ လိုက်လုပ်တယ်ဗျာ။ ပြီးတော့မှ  တိုင်းရင်း သားအခွင့်အရေးတွေပြောတာလေ။ အဲလို တိုင်းနှင့်ပြည်နယ်၁၄ ခုရှိမှ အာဏာကို ဗမာတွေတစ်ဝက်တိုင်းရင်းသားတွေ တစ် ဝက်ဖြစ်သွားတာကို။ အဲ့ဒီမှာ ရခိုင်နဲ့မွန် ပြည်နယ်၊ ကယားတို့ တိုးလာတယ်။ ရန်ကုန်တိုင်းလို့ပေါ်လာတာပေါ့။ အရင်က ရန်ကုန်တိုင်းဆိုတာမရှိဘူးလေ။ဒီနေ့မှာ ဖက်ဒရယ်ပြဿနာတွေရှိနေသေးတာပဲ ဆိုတာမရှိဘူးလေ။ ဒီနေ့မှာဖက်ဒရယ် က ပြဿနာ တွေရှိနေသေးတာပဲ။ပြည်နယ်  ၈ ခု ခွဲမယ်ဆိုရင်လဲ ဗမာဟာ ပြည်နယ်
တစ်ခုပေါ့ဗျ။ တိုင်းရင်းသားတွေမှာလဲ ပြဿနာတွေရှိတာပဲ၊ တိုင်းရင်းသားတွေ ဘက်မှာ တိုင်း၇ ခုထဲမှာပါနေတော့ ပြည် နယ်တွေပေးလာတယ်။ ဒါပေမယ့် တစ်ကယ်သာ ဖက်ဒရယ်ပြည်ထောင်စု လုပ်မယ်ဆိုရင်ရှမ်းပြည်နယ်ထဲမှာလဲဓနုတို့ ပအို့စသည်တို့ကခွဲထွက်ဖို့ပေါ်လာအုံးမှာ အဲလေချုပ်လိုက်လို့ရှိရင် ဖက်ဒရယ်ကတစ်ကယ်ရှုပ်ထွေးတဲ့ပြဿနာပဲ ဘာဖြစ်လို့ လဲဆိုတော့ ပြည်နယ်ဖွဲ့စည်းတဲ့ပုံစံတွေ တိုင်းဖွဲ့စည်းတဲ့ပုံတွေနောက်တစ်ခါ စစ် တပ်တို့ဖွဲ့စည်းရာမှာလဲ ရှုပ်ထွေးနိုင်တာ ပဲလေ။ အာဏာခွဲဝေမှုမှာလဲ ရှုပ်ထွေးမယ်။ဒါကြောင့်ဖက်ဒရယ်ပုံစံကတော့ရှုပ်ရှုပ်ထွေး ထွေးကတော့အများကြီးရှိနေမှာဘဲ၊ ဒါပေမယ့်
အားလုံးကတော့မျှမျှတတဖြစ် အောင်လုပ်နေတာကိုသဘောကျပါတယ်။အခုလက်ရှိပုံစံကတော့ တောမရောက် တောင်မရောက်ပုံစံကိုတော့မကြိုက်၊ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ပြဿနာတွေကိုတော့ညှိနှိုင်းဖြေရှင်းရမှာ ဘဲ။

Venusး NLD  အပါအဝင်ပေါ့ခင်ဗျ။ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးပြောကြားချိန်မှာ အန်ကယ်က အသစ် ရေးဆွဲရေး သဘောထားကို အတိအလင်း ပြောကြားထားတယ်ခင်ဗျ။ပြင်ဆင် ရေးထက်ဘာကြောင့် အသစ်ရေးဆွဲ ချင်ရတာလဲခင်ဗျ။

UWTး  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ် သက်ပြီးတော့ ကျွန်တော်လွတ်လာတဲ့ ၂ဝဝ၈ ခုနှစ်စက်တင်ဘာလ ၂၃ ရက်နေ့ မှာ အသံလွင့်မီဒီယာတွေနဲ့တွေ့တော့ ကျွန်တော်ပြောခဲ့တဲ့စကားရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ ဗမာပြည်တစ်ပြည် လုံးဟာထောင်ကျနေတယ်။ဗမာပြည်  တစ်ပြည်လုံးဟာ ဒီအခြေခံဥပဒေရဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်နေကြရတယ်။ ဒီအခြေခံဥပဒေကြီးကိုတော့ ဆုတ်ဖြဲပစ်ရ မယ်လို့ကျွန်တော်ပြောခဲ့တယ်။စကားလုံးကတော့ခပ်ကြမ်းကြမ်းပေါ့နော်၊ ကျွန်တော့် ပါတီ NLD ထဲမှာလဲအငြင်းအခုန်မလုပ် ပေမယ့်လို့ပါတီရဲ့ သဘောထားက တော့ပြင်ရမယ်လို့သဘောထားခဲ့တယ်။
အမှန်တိုင်းပြောရရင်တော့ဒေါ်အောင်ဆန်းစုကြည်တို့လဲ ဒီအခြေခံဥပဒေကို အလိုမရှိ ဘူးဆိုတဲ့ ဟာပြောခဲ့တာပဲလေ။ ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ကနောက်ပိုင်းကျတော့ပြင်ဆင်ရေးလိုင်းပဲ သွားတယ်လိုင်းက နှစ်လိုင်းရှိတယ်ပေါ့နော် ဒီအခြေခံဥပဒေကိုအသစ်ဆွဲမလား၊ပြင် ဆင်မလားဆိုတဲ့ လိုင်း ၂ လိုင်း၊ အဲ့ဒီ လိုင်း နှစ်လိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဘယ်လိုသဘောထားသလဲဆိုတော့ လူထု ဆန္ဒသဘောထားခံယူမယ်လို့ မီဒီယာတွေ မှာအများကြီးပြောခဲ့ပါတယ်။
ပထမ ဒေါ်ဆောင်ဆန်းစုကြည်တို့ကထည့်မစဉ်းစားဘူး၊သတင်းထောက်တွေက ဒေါ်အောင်ဆန်းစုကြည်ကိုမေးပါတယ်။ဦး
ဝင်းတင်အကြိမ်ကြိမ်ပြောနေတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုသဘော ထားခံယူရမယ်ဆိုတာကိုဘယ်လိုသဘော ထားလဲမေးတော့ ကျွန်မတို့မှာ ဒီအစီအစဉ် မရှိပါဘူးလို့ပြောခဲ့ပါတယ်။ ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်လဲပြောင်းလဲ လာတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ လူထုဆန္ဒခံယူပွဲလုပ်မယ်၊ကျွန်တော်ပြော တဲ့လူထုဆန္ဒခံယူပွလြုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလွှတ်တော်ပြင်ပမှာလုပ်ဖို့ပြောတာ၊ ကျွန်တော်တူတာက ၈၈ ကျောင်းသားတွေနဲ့တူတယ်၊ တိုင်းရင်း သားတွေနဲ့တူတယ်၊ လက်နက်ကိုင်အင်အားစုတွေနဲ့တူတယ်၊ ကျွန်တော်က လွှတ်တော်လိုင်းမဟုတ်ဘူး၊ လွှတ်တော်ထဲ သွားလို့က ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ယူဆတယ်။ လွှတ်တော်ပြင်ပမှာလူထုဆန္ဒ ခံယူရမယ်၊ ပြီးရင်ဆွေးနွေးပွဲကြီးတစ်ခုလုပ် မယ်ဆိုရင်လဲလွှတ်တော်ပြင်ပမှာဘဲလုပ် ရမလားလို့ယူဆတယ်။ ကျွန်တော့်အယအဆပါ။ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတီကလွှတ်တော်သဘောထားတွေပြန်တင်ပြမယ်ပေါ့။ ကျွန်တော်ကတော့ ပြင်ပမှာလုပ်ပါ ညီလာခံကြီးတစ်ခုပေါ့။ ပြီးတော့မှလွှတ်တော်နဲ့ နောက်မှ ချိတ် ဆက်မယ့် ကျွန်တော်က လွှတ်တော်ထဲမှာ ဆွေးနွေးဖို့သဘောမတူဘူး၊သဘောမတူ တာက ကျွန်တော့်မှာ အခြေခံရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ NLD   က ၁၉၈၉ တုန်းက ကြေညာချက်အမှတ် ၉
ဆိုတာထုတ်တယ်ဗျ။ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပင်လုံကျောက်တိုင်မှာဖက်တယ်ဗျ။ အဲ့ဒီစာတမ်းကို
ကျွန်တော်ရေးထားခဲ့တာ။ဒေါ်အောင်ဆန်းစုကြည်လဲအဲ့ဒီ အခမ်း အနားကို တတ်တယ်။ အဲ့ဒီစာတမ်းရဲ့ 
အနှစ်သာရဘာလဲဆိုတော့တစ်ကဘာလဲဆိုတော့ဘယ်သူပဲအာဏာရရရွေးကောက်ပွဲဘယ်သူပဲနိုင်နိုင် နိုင်တဲ့ပါတီ က ကမကထပြုပြီးအမျိုးသားညီလာခံ တစ်ခုလုပ်ပါ၊ဘယ်မှာလုပ်ရမလဲဆိုတော့ လွှတ်တော်ပြင်ပမှာပါ။
အဲ့ဒီအထဲမှာလွှတ် တော်အမတ်တွေလဲပါမယ်။ ပြင်ပနိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင် အားစုတွေ၊ ဥပဒေပညာရှင်တွေအစုံပေါ့ ဗျာ။ အဲ့ဒီညီလာခံကမှအခြေခံဥပဒေ တစ်ခုရေးဆွဲမယ်။ အဲ့ဒီ ဒီမိုကရေစီအခြေ ခံဥပဒေရေးဆွဲဆုံးဖြတ်ပြီးရင် ဒါကိုလွှတ် တော်ပြန်ပို့မယ့် တရားဝင်ဖို့ရရန် အတွက် ပေါ့ဗျာ။ အဲ့ဒီအခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲပြန်လုပ်၊ လွှတ်တော်ကိုဖျက် သိမ်း ဒါကြောင့်လွှတ်တော်ပြင်ပမှာ လုပ် ဖို့ ၈၉ မှာရှိခဲ့တဲ့လိုင်းပါပဲ။ အခုကြည့်လေ လွှတ်တော်ထဲမှာ ပူးပေါင်းသုံးသပ်ရေး၊ ကော်မတီဖွဲ့တယ်။ အာဏာပုံစံနဲ့ ထားတယ်လေ။အဲဒါကြောင့် သုံးသပ် ရေးကော်မတိဖွဲ့တယ်၊ အာဏာပုံစံနဲ့ ဖွဲ့ ထားတယ်လေ။ အဲဒါကြောင့်လွှတ်တော်ထဲမှာဘာမှ မထူးဘူးလေ။ ဒါတောင် လေ့လာသုံးသပ်ယုံနော်။ အခြေခံဥပဒေ ပြင် မယ်ဆိုတဲ့စကားလုံးမပါဘူး။ပြင်မယ်လို့ အာမခံထားတာမဟုတ်ဘူးနော်။ လေ့လာ သုံးသပ်ယုံတင်ပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးကယူထားတယ်။ ဒါ့ကြောင့်လွှတ်တော်ကို ယုံကြည်ချင်စရာမရှိဘူး၊ အသံပဲထွက်မှာ ပေါ့။ ကျွန်တော့်ရဲ့သဘောထားက အသစ်ပြန်လည်ရေးဆွဲရေးပါပဲ။ ဒီအခြေခံ
ဥပဒေကိုလိုက်ပြန်နေရင် ဘယ်တော့မှ မဆုံးတော့ဘူး၊၄၇ တို့ ၇၄ တို့ ၂ဝဝ၈ တို့မှာ အခြေခံဥပဒေတွေရေးဆွဲခဲ့တဲ့ အတွေ့ အကြုံတွေရှိတယ်၊ ဘာလို့အသစ်ရေးဆွဲလို့မရမှာလဲ ။ကျွန်တော့် ရဲ့  သဘောထားကပါတီနဲ့ ကွဲတာမဟုတ်ပါ ဘူး မတူတာပဲရှိပါတယ်။ လူထုထဲမှ တစ်ဖွဲ့ ဖွဲ့စည်းပုံပြင်မယ်ပြောတယ်။နှစ်ဖြတ်သိမ်းပြီးအသစ်ရေးဆွဲမယ်ပြော တယ်။ အဲ့ဒီတော့

လူထုက ဒီဖွဲ့စည်းပုံကို မိမွေးတိုင်း၊ဖမွေးတိုင်းတော့ လက်မခံ တော့ဘူး ငြင်းလိုက်တာပဲလေ။ ဘယ်သူ က မှ ဒီအခြေခံဥပဒေကို မပြင်ပါနဲ့ဗျာလို့ပြောတဲ့လူမရှိဘူး၊ ပြင်ဆင်မယ်ဆိုရင်လဲ ထိရောက်မှဖြစ်မယ် တိုလီမုတ်စလေး တွေပြင်ယုံနဲ့တော့မဖြစ်ဘူး၊ အသစ်ရေး ဆွဲမယ်ဆိုရင်လဲထိရောက်တဲ့ပုံစံနဲ့ရေး ဆွဲရ မယ် စစ်တပ်၊ တစည အခြားနိုင်ငံရေးပါတီတွေက ပြင်ဆင်ဖို့ပဲပြောကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ခံစား ချက်ယုံကြည်ချက်ကိုလူတွေရှေ့မှာဖုံး ကွယ်မထားချင်ဘူးအဲဒါကြောင့်ကျွန်တော် က အသစ်ရေးဆွဲမယ့်လိုင်းပဲထင်တယ်။

Venusး တိုင်းရင်းသားကိစ္စ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးပြောစရာ များရှိရင် ပြောနိုင်ပါတယ်ခင်ဗျ။

UWTး  သေချာတာတစ်ခုပြောရရင်တော့ ပြည်သူလူထုဟာငြိမ်းချမ်းချင်ပြီးငြိမ်းချမ်း ဖို့အတွက် ဘာပဲပြောပြောအခုအပစ် အခတ်ရပ်စဲရေးဆွေးနွေးနေပြီ၊ တိုင်းရင်းသားတွေဘက်ကမူဘောင်တွေတောင်ရ နေပြီ။ အပစ်အခတ်ရပ်စဲရေးကလဲ တစ်စုံ
စ်ရာအထိတော့ပုံဖော်နိုင်တဲ့အနေအထားတော့ရှိပါတယ်။အဲ့ဒီကနေတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပါလို့လဲ
သဘောတူမယ့်အနေအထားကို ရောက်နေပြီး နိုင်ငံရေးပြဿနာလို နိုင်ငံ ရေးနည်းနဲ့ဖြေရှင်းမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ ငြိမ်းချမ်းရေးရနိုင်တဲ့ အလားအလာရှိတယ်ဆိုတာကိုပြောချင် ပါတယ်။ ဘာပဲပြောပြောတိုင်းပြည်မှာ ငြိမ်းချမ်းရေးအလားအလာတွေကတော့ ပွင့်လင်းလာပြီးဘယ်လောက်အောင်မြင် မယ်၊ မအောင်မြင်ဘူးဆိုတာနှစ်ဖက်လက်
နက်ကိုင် အဖွဲ့အစည်းများက တိုင်းပြည်ကို ငဲ့ညှာခြင်း ထောက်ထားခြင်း များပြုလုပ်ပြီးတော့    
စေတနာသန့်သန့်နဲ့ ပြုလုပ်ကြဖို့လိုပါတယ်။

Venusး  ယခုလိုဖြေကြားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...